globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Angry Birds (2016)

ပင်လယ်ထဲက အထီးကျန် ငှက်ကျွန်းမှာ မပျံသန်းနိုင်တဲ့ ငှက်တွေဟာ အေးချမ်းစွာ နေထိုင်နေကြပါတယ်။ Red ဟာ အလွန်ဒေါသကြီးပြီး အမြဲတမ်း တလွဲ လုပ်တတ်တာကြောင့် ဘယ်အလုပ်မှာမှ အဆင်မပြေပါဘူး။ အကြီးမားဆုံး ပြဿနာ အနေနဲ့ ရက်မစေ့သေးပဲ ငှက်ဥကနေ ကလေးလေးတွေ ထွက်လာအောင် လုပ်မိတာကြောင့် ပြစ်ဒဏ်ပေးခံရပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကတော့ ဒေါသထိန်းချုပ်ရေး သင်တန်း တက်ရောက်ရမှာ ဖြစ်ပြီး အဲဒီသင်တန်းမှာ Chuck ၊ Bomb ၊ Terence နဲ့ သင်တန်းမှူး Matilda တို့နဲ့ ဆုံတွေ့ရပါတယ်။ တစ်ရက်တော့ သူတို့ကျွန်းကို ဝက်တွေပါတဲ့ သင်္ဘောတစ်စီး ရောက်လာပါတယ်။ သူတို့နဲ့ အတူ လောက်လေးခွနဲ့ မိုးပျံပူဖောင်းလို နည်းပညာတွေ သယ်ဆောင်လာပြီး ကျွန်းသားတွေနဲ့ အတူ ပျော်ပွဲရွှင်ပွဲတွေ တရစပ် ဆင်နွှဲပါတယ်။ ဒီဝက်တွေရဲ့ ရည်ရွယ်ချက်ကို သံသယရှိတဲ့ …

Read More »

Kingsglaive: Final Fantasy XV (2016)

Eos ဆိုတဲ့ ဂြိုဟ်ကြီးတစ်ခုပေါ်မှာ Lucis ၊ Tenebrae နဲ့ Niflheim အပါအဝင် နိုင်ငံအများအပြားဟာ သက်ဆိုင်ရာ တော်ဝင်မင်းဆက်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ကြပါတယ်။ နိုင်ငံတစ်ခုစီတိုင်းမှာ အဲဒီနိုင်ငံရဲ့ စွမ်းအားရှိ လက်နက်အဖြစ် မှော်ကျောက်တုံး တစ်တုံးစီ ရှိကြပါတယ်။ ဒါပေမယ့် Niflheim ဘုရင်ဟာ စက်ကိရိယာတွေ၊ လက်နက်တွေနဲ့ သတ္တဝါဆန်းကြီးတွေကို အသုံးပြုပြီး ကျန်တဲ့ နိုင်ငံတွေဆီကနေ မှော်ကျောက်တုံးတွေကို လိုက်လံလုယူပါတယ်။ နောက်ဆုံး Niflheim ရဲ့ အင်ပါယာကို ခုခံနိုင်တာဆိုလို့ Lucis တစ်ခုပဲ ကျန်ပါတော့တယ်။ Lucis ရဲ့ ဘုရင် Regis ဟာ သေလုမျောပါး နာမကျန်းဖြစ်နေတဲ့ သူ့သား Noctis ကို ဆေးကုသဖို့ Tenebrae ကို လျှို့ဝှက်သွားရောက်ခဲ့ပါတယ်။ Noctis ရဲ့ ငယ်သူငယ်ချင်း Lunafreya ဟာ Tenebrae …

Read More »

Joker Game (2015)

Kato ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်လေ့ကျင့်ရေး စခန်းတစ်ခုက စစ်သားတစ်ယောက် ဖြစ်ပါတယ်။ မမျှော်လင့်တဲ့ ပစ်မှုတစ်ခုကြောင့် Kato ဟာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခံရပြီး ဘဝဆုံးပြီ ထင်ခဲ့ရပေမယ့် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ D Agency က လာရောက်ကယ်တင်သွားပါတယ်။ ဗိုလ်မှူးကြီး ယုကီဟာ ဂျပန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ D Kikan ရဲ့ ခေါင်းဆောင်ဖြစ်ပြီး စစ်ပွဲကြီးရဲ့ အဆုံးသတ်ကို ကြိုတင်ခန့်မှန်းနိုင်သူလည်း ဖြစ်ပါတယ်။ စစ်ရှုံးတော့မယ့် ဂျပန်နိုင်ငံ လုံးဝပြိုလဲသွားနိုင်တဲ့ အခြေအနေကို ကြိုတင်သိမြင်နေပေမယ့် လုပ်ပိုင်ခွင့် မရှိတာကြောင့် ရနိုင်သမျှ လူအင်အား စုဆောင်းပြီး ထောက်လှမ်းရေး သင်တန်းကျောင်းကို တည်ထောင်ထားတာ ဖြစ်ပါတယ်။ Kato ဟာ D Kikan ပညာသင်ယူပြီးနောက် တာဝန်ထမ်းဆောင်ဖို့ အချိန်ကျရောက်လာတဲ့အခါ ဟောင်ကောင်ကို ထွက်ခွာသွားပါတယ်။ ဟောင်ကောင်မှာ အမေရိကန် သံအမတ်ကြီး Graham …

Read More »

Star Trek: Beyond (2016)

၅ နှစ်ကြာ အာကာသ လေ့လာရေး ခရီးစဉ်ကြီးကို ပျင်းရိစွာ ဖြတ်သန်းရင်း ၃ နှစ်ကြာလာတဲ့အခါ USS Enterprise ဟာ ထောက်ပံ့ရေးပစ္စည်းတွေ ပြန်လည်ဖြည့်ဆည်းဖို့နဲ့ ခွင့်ရက်ယူဖို့ Yorktown အာကာသစခန်းမှာ အနားယူနေပါတယ်။ မာလိန်မှူး James Kirk ဟာ သူတို့ရဲ့ စူးစမ်းရှာဖွေရေး ခရီးစဉ်ကြီးရဲ့ အတောမသတ်တဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားရုန်းကန်နေရတာကြောင့် Yorktown မှာ ဒုတိယ ရေတပ်ဗိုလ်ချုပ် ရာထူးအတွက် ရာထူးတိုး လျှောက်ပါတယ်။ သူ့ရဲ့ မာလိန်မှူးနေရာအတွက် Spock ကို ထောက်ခံချက်ပေးခဲ့ပါတယ်။   Enterprise ရဲ့ ယာဉ်မောင်း Hikaru Sulu ဟာ သူ့ရဲ့ လိင်တူ ချစ်သူနဲ့ မိသားစုကို သွားရောက်တွေ့ဆုံသလို Spock နဲ့ Nyota Uhura တို့လည်း ပြတ်စဲကြပြန်ပါတယ်။ Scotty …

Read More »

Flying Colors [Birigyaru] (2015)

ငယ်စဉ်ကလေးဘဝမှာ ကျောင်းသူလေး Sayaka Kudo ဟာ အကြောင်းအမျိုးမျိုးကြောင်း ကျောင်းပေါင်းစုံ ပြောင်းလဲ တက်ခဲ့ရပါတယ်။ အဲဒီလို တက်ခဲ့ရတဲ့အတွက် သူတက်သမျှ ကျောင်းတိုင်းမှာ သူ့အတွက် အပေါင်းအသင်း သူငယ်ချင်းဆိုတာ မရခဲ့ပါဘူး။ တစ်ယောက်တည်း အထီးကျန် ဖြစ်နေတဲ့ Sayaka ဟာ သူ့ကို အလွန်ချစ်မြတ်နိုးတဲ့ မိခင်ရဲ့ ကျေးဇူးကြောင့် မိန်းကလေးသီးသန့် ပုဂ္ဂလိက အထက်တန်းကျောင်းမှာ တက်ခွင့်ရခဲ့ပြီး သူငယ်ချင်းတွေ ရလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့သူငယ်ချင်းအုပ်စုဟာ စာကို စိတ်ဝင်စားခြင်း မရှိပဲ အလှအပနဲ့ အပျော်အပျက်တွေမှာသာ မွေ့လျော်နေခဲ့ပါတယ်။ အထက်တန်း ဒုတိယနှစ် (ဂျပန်နိုင်ငံတွင် အထက်တန်းကို ၃ နှစ် သင်ကြားရသည်) ရောက်လာသည်အထိ Sayaka ဟာ ရည်မှန်းချက်လည်း မရှိသလို ဖြစ်သလို နေထိုင်ခဲ့ပါတယ်။ Sayaka ရဲ့ ဖခင်ဟာ Sayaka ရဲ့ မောင်ကို …

Read More »

Kung Fu Panda 3 (2016)

ဝိညာဉ်ဘုံသို့ ရောက်နေပြီဖြစ်တဲ့ Master Oogway ဟာ တချိန်က သူ့ရဲ့ ရဲဘော်ရဲဘက် ဖြစ်ခဲ့ဖူးတဲ့ Kai နဲ့ တိုက်ပွဲ ပြန်လည်ဆင်နွှဲရပါတယ်။ Kai ဟာ ဝိညာဉ်ဘုံမှာ ရှိသမျှ သိုင်းပညာရှင် သူရဲကောင်းတွေရဲ့ ချီဓာတ် (အသက်ဓာတ်) တွေကို လိုက်လံခိုးယူနေပြီး သက်ရှိဘုံကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေသူပါ။ Oogway က သူ့ရဲ့ ချီဓာတ်ကို အသာတကြည် ပေးလိုက်ပေမယ့် သက်ရှိဘုံက နဂါးသူရဲကောင်းဟာ Kai ကို နှိမ်နင်းမှာ ဖြစ်ကြောင်းလည်း ပြောထားခဲ့ပါတယ်။ ငြိမ်းချမ်းရေးတောင်ကြားမှာ အနားယူသွားပြီ ဖြစ်တဲ့ Master Shifu ဟာ သူ့ရဲ့တာဝန်တွေကို Po ထံ လွှဲအပ်လိုက်ပါတယ်။ သူ့ရဲက တာဝန်ထဲမှာ ကျောင်းသားတွေကို သိုင်းပညာသင်ကြားပေးဖို့လည်း ပါပါတယ်။ Po ရဲ့ ပထမဆုံး သင်ကြားရေးဟာ အမြီးအမောက် …

Read More »

၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲ (၂၀၁၆)

The Revenant ဇာတ်ကားမှ အကောင်းဆုံး သရုပ်ဆောင်ဆုရရှိသွားသူ Leonardo DiCaprio The Danish Girl မှ အကောင်းဆုံးဇာတ်ပို့ အမျိုးသမီးသရုပ်ဆောင်ဆု ရရှိသွားသူ Alicia Vikande အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားဆု ရရှိသွားသော ဟန်ဂေရီဇာတ်ကား Son of Saul ဒါရိုက်တာ Laszlo Nemes အကောင်းဆုံးအထူးပြုလုပ်ချက်ရုပ်ရှင်ဆု (Best Animated Feature) ရရှိသွားသော Inside Out ကာတွန်းကား ဒါရိုက်တာ Director Pete Docter and Jonas Rivera အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ရရှိသွားသော A girl in the River : The Price of Forgiveness ဇာတ်ကားမှ Filmmaker Sharmeen Obaid-Chinoy အကောင်းဆုံး ဇာတ်ပို့ အမျိုးသား …

Read More »

Bad Guys Always Die (2015)

  Qiangzi ဟာ တရုတ်နိုင်ငံသားဖြစ်ပေမယ့် တောင်ကိုရီးယားမှာနေထိုင်ရင်း မူလတန်းကျောင်းမှာ တရုတ်စာ ကျောင်းဆရာအဖြစ်လုပ်ကိုင်နေတဲ့သူတယောက်ဖြစ်ပြီး ကျောင်းပိတ်ရက်မှာ ငယ်သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ထားတယ်… ဂျယ်ဂျူးကျွန်းကို လည်ပတ်ဖို့ သူငယ်ချင်းတွေနဲ့အတူ ထွက်လာစဉ်မှာပဲ လမ်းခရီးမှာ ကားမတော်တဆဖြစ်ထားတာကို တွေ့ရှိပြီး ကားပေါ်မှာပါလာတဲ့ အမျိုးသမီး (Ji-yeon) ကိုကူညီကယ်တင်ခဲ့ပါတယ်… လမ်းမှာ ရဲလှည့်ကင်းကားကိုတွေ့တာကြောင့် အကူညီတောင်းစဉ်မှာပဲ ရုတ်တရက် Ji-yeon ဟာ ရဲအရာရှိကို ပစ်သတ်လိုက်တာကို တွေ့မြင်ချိန်ကစ အရာရာဟာ ပြောင်းလဲသွားခဲ့ပါပြီ.. ကြောက်လန့်ပြီး ချက်ချင်းထွက်ပြေးလိုက်နိုင်လို့ သူငယ်ချင်း ၂ ယောက်ကတော့ လွတ်သွားပေမယ့် Qiangzi နဲ့ သူ့ညီလေး ကတော့ မလွတ်မြောက်နိုင်ခဲ့ဘူး…ဒါပေမယ့်  သူတို့ ၂ ယောက်ဆီမှာ Ji-yeon ရဲ့ ပိုက်ဆံအိတ် ပါလာခဲ့ပါတယ်… အသတ်ခံရတဲ့ ရဲ Body ကို ရဲကားနဲ့ သယ်ပြီး သွားတိုင်တဲ့ သူငယ်ချင်းနှစ်ယောက်မှာလဲ ရုတ်တရက် Body ပျောက်ဆုံးသွားပြီး ရဲကားနောက်ခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရဲအရာရှိတစ်ယောက်ကို ထပ်မံတွေ့ရှိတာကြောင့် အထင်လွဲခံရပြီး ရဲကိုအကြမ်းဖက်မှု့နဲ့ ဝရမ်းထုတ်ခံရပြန်ပါတယ်..  လွှတ်မြောက်သွားတဲ့ သူငယ်ချင်း ၂ ယောက်ဟာ Qiangzi တို့ ညီအကို ကို ကယ်တင်ဖို့ …

Read More »

The Revenant (2015)

သက္ကရာဇ် ၁၈၂၃ . . . . ကပ္ပတိန် Andrew Henry တို့အဖွဲ့ဟာ အနီးအနားတဝိုက် တောနက်တွေထဲမှာ သားမွေးတွေ ရရှိရန် အလို့ငှာ အမဲလိုက်လျက်ရှိပါတယ်။ သူတို့တတွေ ရရှိထားတဲ့ သားမွေးတွေကို ထုတ်ပိုးပြီး ပြန်ဖို့ရာ ပြင်ဆင်နေဆင် ဒေသခံ Arikara လူမျိုးတွေရဲ့ အလစ်တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ အဖွဲ့ဝင်တချို့သာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး အများစုကတော့ အသတ်ခံလိုက်ရပါတော့တယ်။ ထိုထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာမှ Glass ဟာ အမဲလိုက်အတွေ့အကြုံအရှိဆုံးဖြစ်ပြီး ရေမြေဒေသနဲ့ ဒေသခံ တွေအကြောင်း သိရှိသူဖြစ်ပါတယ်။ Glass ရဲ့ အကြံပေးမှုနဲ့ သူတို့အဖွဲ့ဟာ ထွက်ပြေးလွတ်မြောက်လာတဲ့လှေကို စွန့်ခွာပြီး တောထဲမှတစ်ဆင့် သူတို့ စခန်းကို ပြန်ကြပါတော့တယ်။  ထိုဆုံးဖြတ်ချက်ကို အများစုက သဘောမကျ ကြပါဘူး။ Glass မှာ Hawk ဆိုတဲ့ သားတစ်ယောက်ရှိပြီး လူငယ်အရွယ်သို့ပင် ရောက်ရှိနေပါပြီ။ …

Read More »

Man, Woman and the Wall (2007)

Ryo Kawase ဟာ မဂ္ဂဇင်းတိုက်လေးတစ်ခုက စာရေးဆရာ ပေါက်စလေး တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အယ်ဒီတာက ရှာပေးတဲ့ တိုက်ခန်းအသစ်မှာ စတင်အခြေချနေထိုင်ရင်း ရေဆိုးမြောင်းတွေအကြောင်း အချက်အလက်တွေ စုဆောင်းပြီး ဆောင်းပါးရေးနေတာ ဖြစ်ပါတယ်။ သူပြောင်းရွှေ့နေထိုင်တဲ့ တိုက်ခန်းရဲ့ နံရံဟာ အလွန်ပါးတာကြောင့် တစ်ဖက်အခန်းက အသံတွေကို ကြားနေရပါတယ်။ သူနဲ့ ကပ်လျက်အခန်းမှာ အမျိုးသမီး တစ်ဦးနေထိုင်ပါတယ်။ အမျိုးသမီးဟာ ငယ်ရွယ်ပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ Ryo က ထင်ပါတယ်။ ရည်းစားလည်း မရှိ တကိုယ်တည်း နေထိုင်တဲ့ Ryo အတွက် စိတ်ဝင်စားစရာ အချိန်တွေ ရောက်ရှိလို့ လာပါပြီ။ အမျိုးသမီး ရေချိုးနေချိန်ဆို တဖက်ခန်းကနေ ကြားနေရတာကြောင့် စိတ်ဝင်တစားတွေ ဖြစ်လာပြီး တဖက်ခန်းက အသံကို Ryo က ခိုးနားထောင်ပါတယ်။ အဲဒီလို နားထောင်နေချိန်မှာပဲ တွေ့လိုက်ရတာကတော့ …

Read More »