ပင်လယ်ထဲက အထီးကျန် ငှက်ကျွန်းမှာ မပျံသန်းနိုင်တဲ့ ငှက်တွေဟာ အေးချမ်းစွာ နေထိုင်နေကြပါတယ်။ Red ဟာ အလွန်ဒေါသကြီးပြီး အမြဲတမ်း တလွဲ လုပ်တတ်တာကြောင့် ဘယ်အလုပ်မှာမှ အဆင်မပြေပါဘူး။ အကြီးမားဆုံး ပြဿနာ အနေနဲ့ ရက်မစေ့သေးပဲ ငှက်ဥကနေ ကလေးလေးတွေ ထွက်လာအောင် လုပ်မိတာကြောင့် ပြစ်ဒဏ်ပေးခံရပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကတော့ ဒေါသထိန်းချုပ်ရေး သင်တန်း တက်ရောက်ရမှာ ဖြစ်ပြီး အဲဒီသင်တန်းမှာ Chuck ၊ Bomb ၊ Terence နဲ့ သင်တန်းမှူး Matilda တို့နဲ့ ဆုံတွေ့ရပါတယ်။ တစ်ရက်တော့ သူတို့ကျွန်းကို ဝက်တွေပါတဲ့ သင်္ဘောတစ်စီး ရောက်လာပါတယ်။ သူတို့နဲ့ အတူ လောက်လေးခွနဲ့ မိုးပျံပူဖောင်းလို နည်းပညာတွေ သယ်ဆောင်လာပြီး ကျွန်းသားတွေနဲ့ အတူ ပျော်ပွဲရွှင်ပွဲတွေ […]

Read more

Eos ဆိုတဲ့ ဂြိုဟ်ကြီးတစ်ခုပေါ်မှာ Lucis ၊ Tenebrae နဲ့ Niflheim အပါအဝင် နိုင်ငံအများအပြားဟာ သက်ဆိုင်ရာ တော်ဝင်မင်းဆက်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ကြပါတယ်။ နိုင်ငံတစ်ခုစီတိုင်းမှာ အဲဒီနိုင်ငံရဲ့ စွမ်းအားရှိ လက်နက်အဖြစ် မှော်ကျောက်တုံး တစ်တုံးစီ ရှိကြပါတယ်။ ဒါပေမယ့် Niflheim ဘုရင်ဟာ စက်ကိရိယာတွေ၊ လက်နက်တွေနဲ့ သတ္တဝါဆန်းကြီးတွေကို အသုံးပြုပြီး ကျန်တဲ့ နိုင်ငံတွေဆီကနေ မှော်ကျောက်တုံးတွေကို လိုက်လံလုယူပါတယ်။ နောက်ဆုံး Niflheim ရဲ့ အင်ပါယာကို ခုခံနိုင်တာဆိုလို့ Lucis တစ်ခုပဲ ကျန်ပါတော့တယ်။ Lucis ရဲ့ ဘုရင် Regis ဟာ သေလုမျောပါး နာမကျန်းဖြစ်နေတဲ့ သူ့သား Noctis ကို ဆေးကုသဖို့ Tenebrae ကို လျှို့ဝှက်သွားရောက်ခဲ့ပါတယ်။ Noctis […]

Read more

Kato ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်လေ့ကျင့်ရေး စခန်းတစ်ခုက စစ်သားတစ်ယောက် ဖြစ်ပါတယ်။ မမျှော်လင့်တဲ့ ပစ်မှုတစ်ခုကြောင့် Kato ဟာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခံရပြီး ဘဝဆုံးပြီ ထင်ခဲ့ရပေမယ့် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ D Agency က လာရောက်ကယ်တင်သွားပါတယ်။ ဗိုလ်မှူးကြီး ယုကီဟာ ဂျပန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ D Kikan ရဲ့ ခေါင်းဆောင်ဖြစ်ပြီး စစ်ပွဲကြီးရဲ့ အဆုံးသတ်ကို ကြိုတင်ခန့်မှန်းနိုင်သူလည်း ဖြစ်ပါတယ်။ စစ်ရှုံးတော့မယ့် ဂျပန်နိုင်ငံ လုံးဝပြိုလဲသွားနိုင်တဲ့ အခြေအနေကို ကြိုတင်သိမြင်နေပေမယ့် လုပ်ပိုင်ခွင့် မရှိတာကြောင့် ရနိုင်သမျှ လူအင်အား စုဆောင်းပြီး ထောက်လှမ်းရေး သင်တန်းကျောင်းကို တည်ထောင်ထားတာ ဖြစ်ပါတယ်။ Kato ဟာ D Kikan ပညာသင်ယူပြီးနောက် တာဝန်ထမ်းဆောင်ဖို့ အချိန်ကျရောက်လာတဲ့အခါ ဟောင်ကောင်ကို […]

Read more

၅ နှစ်ကြာ အာကာသ လေ့လာရေး ခရီးစဉ်ကြီးကို ပျင်းရိစွာ ဖြတ်သန်းရင်း ၃ နှစ်ကြာလာတဲ့အခါ USS Enterprise ဟာ ထောက်ပံ့ရေးပစ္စည်းတွေ ပြန်လည်ဖြည့်ဆည်းဖို့နဲ့ ခွင့်ရက်ယူဖို့ Yorktown အာကာသစခန်းမှာ အနားယူနေပါတယ်။ မာလိန်မှူး James Kirk ဟာ သူတို့ရဲ့ စူးစမ်းရှာဖွေရေး ခရီးစဉ်ကြီးရဲ့ အတောမသတ်တဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားရုန်းကန်နေရတာကြောင့် Yorktown မှာ ဒုတိယ ရေတပ်ဗိုလ်ချုပ် ရာထူးအတွက် ရာထူးတိုး လျှောက်ပါတယ်။ သူ့ရဲ့ မာလိန်မှူးနေရာအတွက် Spock ကို ထောက်ခံချက်ပေးခဲ့ပါတယ်။   Enterprise ရဲ့ ယာဉ်မောင်း Hikaru Sulu ဟာ သူ့ရဲ့ လိင်တူ ချစ်သူနဲ့ မိသားစုကို သွားရောက်တွေ့ဆုံသလို Spock နဲ့ […]

Read more

ဝိညာဉ်ဘုံသို့ ရောက်နေပြီဖြစ်တဲ့ Master Oogway ဟာ တချိန်က သူ့ရဲ့ ရဲဘော်ရဲဘက် ဖြစ်ခဲ့ဖူးတဲ့ Kai နဲ့ တိုက်ပွဲ ပြန်လည်ဆင်နွှဲရပါတယ်။ Kai ဟာ ဝိညာဉ်ဘုံမှာ ရှိသမျှ သိုင်းပညာရှင် သူရဲကောင်းတွေရဲ့ ချီဓာတ် (အသက်ဓာတ်) တွေကို လိုက်လံခိုးယူနေပြီး သက်ရှိဘုံကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေသူပါ။ Oogway က သူ့ရဲ့ ချီဓာတ်ကို အသာတကြည် ပေးလိုက်ပေမယ့် သက်ရှိဘုံက နဂါးသူရဲကောင်းဟာ Kai ကို နှိမ်နင်းမှာ ဖြစ်ကြောင်းလည်း ပြောထားခဲ့ပါတယ်။ ငြိမ်းချမ်းရေးတောင်ကြားမှာ အနားယူသွားပြီ ဖြစ်တဲ့ Master Shifu ဟာ သူ့ရဲ့တာဝန်တွေကို Po ထံ လွှဲအပ်လိုက်ပါတယ်။ သူ့ရဲက တာဝန်ထဲမှာ ကျောင်းသားတွေကို သိုင်းပညာသင်ကြားပေးဖို့လည်း ပါပါတယ်။ […]

Read more