globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Thriller

The Revenant (2015)

သက္ကရာဇ် ၁၈၂၃ . . . . ကပ္ပတိန် Andrew Henry တို့အဖွဲ့ဟာ အနီးအနားတဝိုက် တောနက်တွေထဲမှာ သားမွေးတွေ ရရှိရန် အလို့ငှာ အမဲလိုက်လျက်ရှိပါတယ်။ သူတို့တတွေ ရရှိထားတဲ့ သားမွေးတွေကို ထုတ်ပိုးပြီး ပြန်ဖို့ရာ ပြင်ဆင်နေဆင် ဒေသခံ Arikara လူမျိုးတွေရဲ့ အလစ်တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ အဖွဲ့ဝင်တချို့သာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး အများစုကတော့ အသတ်ခံလိုက်ရပါတော့တယ်။ ထိုထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာမှ Glass ဟာ အမဲလိုက်အတွေ့အကြုံအရှိဆုံးဖြစ်ပြီး ရေမြေဒေသနဲ့ ဒေသခံ တွေအကြောင်း သိရှိသူဖြစ်ပါတယ်။ Glass ရဲ့ အကြံပေးမှုနဲ့ သူတို့အဖွဲ့ဟာ ထွက်ပြေးလွတ်မြောက်လာတဲ့လှေကို စွန့်ခွာပြီး တောထဲမှတစ်ဆင့် သူတို့ စခန်းကို ပြန်ကြပါတော့တယ်။  ထိုဆုံးဖြတ်ချက်ကို အများစုက သဘောမကျ ကြပါဘူး။ Glass မှာ Hawk ဆိုတဲ့ သားတစ်ယောက်ရှိပြီး လူငယ်အရွယ်သို့ပင် ရောက်ရှိနေပါပြီ။ …

Read More »

Man, Woman and the Wall (2007)

Ryo Kawase ဟာ မဂ္ဂဇင်းတိုက်လေးတစ်ခုက စာရေးဆရာ ပေါက်စလေး တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အယ်ဒီတာက ရှာပေးတဲ့ တိုက်ခန်းအသစ်မှာ စတင်အခြေချနေထိုင်ရင်း ရေဆိုးမြောင်းတွေအကြောင်း အချက်အလက်တွေ စုဆောင်းပြီး ဆောင်းပါးရေးနေတာ ဖြစ်ပါတယ်။ သူပြောင်းရွှေ့နေထိုင်တဲ့ တိုက်ခန်းရဲ့ နံရံဟာ အလွန်ပါးတာကြောင့် တစ်ဖက်အခန်းက အသံတွေကို ကြားနေရပါတယ်။ သူနဲ့ ကပ်လျက်အခန်းမှာ အမျိုးသမီး တစ်ဦးနေထိုင်ပါတယ်။ အမျိုးသမီးဟာ ငယ်ရွယ်ပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ Ryo က ထင်ပါတယ်။ ရည်းစားလည်း မရှိ တကိုယ်တည်း နေထိုင်တဲ့ Ryo အတွက် စိတ်ဝင်စားစရာ အချိန်တွေ ရောက်ရှိလို့ လာပါပြီ။ အမျိုးသမီး ရေချိုးနေချိန်ဆို တဖက်ခန်းကနေ ကြားနေရတာကြောင့် စိတ်ဝင်တစားတွေ ဖြစ်လာပြီး တဖက်ခန်းက အသံကို Ryo က ခိုးနားထောင်ပါတယ်။ အဲဒီလို နားထောင်နေချိန်မှာပဲ တွေ့လိုက်ရတာကတော့ …

Read More »

San Andreas (2015)

သဘာဝဘေးအန္တရယ်တွေထဲက တစ်ခုဖြစ်တဲ့ ငလျင်အကြောင်းကို အဓိက ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပြီး ငလျင်ရဲ့ နောက်ထက်ဆိုးကြိုးတွေအကြောင်းကို မိသားစု ၃ ဦးရဲ့ သံယောဇဉ်လေးနဲ့အတူ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုပါ။ Ray ဟာ Los Angeles မီးသတ်ဌာနရဲ့ လေကြောင်းကယ်ဆယ်ရေးဌာနမှာ လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မိန်းမ Emma နဲ့ မကြာခင်ကွာရှင်းတော့မှာပါ။ သူ့မှာ Blake ဆိုတဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ တစ်ခြားတစ်ဖက်မှာတော့ မြေငလျင်ပညာရှင် Hayes နဲ့ သူ့လုပ်ဖော်ကိုင်ဖက် Kim တို့ဟာ Hoover ဆည်မှာ ငလျင်ကြိုတင်ခံမှန်းရေးအတွက် သုတေသနလုပ်လျက်ရှိနေပါတယ်။ သူတို့သုတေသနဟာ အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။ ထိုအချိန်မှာပဲ ပြင်းအား ၇.၁ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားပြီး Hoover ဆည်လဲ ပျက်စီးသွားခဲ့ပြီး Kim လည်း အသက်ပေးခဲ့ရပါတော့တယ်။ ထိုအဖြစ်အပျက်ကြောင့် Ray ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် သွားဖို့ပေါ်လာပြီး Blake …

Read More »

Scarlet Innocence (2014)

Shim Hak-kyu ဟာ တက္ကသိုလ်တစ်ခုမှာ စာသင်ကြားနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး ကျောင်းမှာ sex ကိစ္စတစ်ခုနဲ့ပတ်သတ်ပြီး သတင်းထွက်လာတာကြောင့် သူ့ကို နယ်မြို့လေးတစ်ခုကိုသွားပြီး ကိစ္စမဖြေရှင်းရသေးခင်အချိန်ထိ စာသွားသင်ခိုင်းခြင်းခံနေရပါတယ်။ အဲ့မြို့လေးမှာသူဟာ Deok-ee လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံမိပါတော့တယ်။ သူမကတော့ ပန်းခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး အပြစ်ကင်းချစ်စရာကောင်းလှပါတယ်။ Deok-ee ဟာ စကားမပြောနိုင်တဲ့ သူ့မိခင်နဲ့ အတူနေထိုင်လျက်ရှိပါတယ်။  သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြိုက်မိပြီး အတူနေထိုင်လျက်ရှိနေကာ Deok-ee လည်း သူ့အမေရှိရာကို မပြန်ဖြစ်တော့ပါဘူး။ ထိုအချိန်မှာပဲ Shim Hak-kyu ဟာ သူ့တက္ကသိုလ်ကို ပြန်သွားရဖို့ရှိလာပါတော့တယ်။ ထို့ကြောင့်သူဟာ Deok-ee ကို ထားခဲ့ရတော့မှာဖြစ်ပြီး Deok-ee မှာ ကိုယ်ဝန်လည်းရှိနေပြန်ပါတော့တယ်။ Shim Hak-kyu ဟာ လူပျိုလူလွတ်တစ်ယောက်မဟုတ်ပဲ မိန်းမရှိကာ သမီးလေးတစ်ယောက်လည်းရှိပါသေးတယ်။ ထို့ကြောင့် Shim Hak-kyu ဟာ Deok-ee ကိုယ်ဝန်ကိုဖျက်ချခိုင်းခဲ့ပါတော့တယ်။ Deok-ee ဟာ Shim Hak-kyu ကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် Shim Hak-kyu ကတော့ သူမကို ပိုက်ဆံပေးကာ ထားခဲ့ခိုင်းတဲ့ညမှာပဲ Deok-ee တို့အိမ် …

Read More »

The Boy Next Door (2015)

ကလဲယ် (Claire) က အထက်တန်းကျောင်းမှ ဂန္ဓ၀င်စာပေ (literature) ဘာသာရပ်ကို သင်တဲ့ဆရာမ တစ်ယောက်ဖြစ်ပြီး ယောကျာ်းနဲ့ကွဲနေတဲ့အတွက် လက်ရှိမှာ အထက်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူ ကယ်လ်ဗင် (Kelvin) နဲ့အတူတူနေပါတယ်။ သူမရဲ့ သူငယ်ချင်းဖြစ်သူ ကျောင်းမှ ဒုကျောင်းအုပ်လဲဖြစ်တဲ့ ဗစ်ကီ (Vicky) က ဖောက်ပြန်ခဲ့တဲ့ ယောကျာ်းနဲ့ ကွာရှင်းစေချင်ပေမယ့် ကလဲယ်တို့ ကာယကံရှင်နှစ်ယောက်ကတော့ အိမ်ထောင်ရေးကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေကြပါတယ်။ အဲ့ဒီနောက် ကလဲယ် တို့မိသားစုထဲကို နိုဝါ (Noah) ဆိုတဲ့ ကောင်လေးတစ်ယောက် ၀င်ရောက်လာပါတယ်။  နိုဝါက ဘေးအိမ်ကိုလာလည်တဲ့ အသက် ၂၀ အရွယ် မိဘမဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကလဲယ် ကိုကူညီတဲ့အတွက် သူတို့သားအမိနဲ့ အတော်ရင်းနှီးသွားပါတယ်။   တစ်ရက်တော့ ကယ်လ်ဗင်နဲ့ သူ့အဖေတို့ ကျောင်းပိတ်ရက်မှာ အပျော်တမ်းငါးဖမ်းထွက်သွားပါတယ်။ ချက်ချင်းပြန်ပေါင်းထုပ်ဖို့ တွေဝေနေတဲ့အတွက် မလိုက်ပဲကျန်နေခဲ့တဲ့ ကလဲယ်ကို ဗစ်ကီက …

Read More »

Kung Fu Jungle (2014)

Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီိး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက်သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ Fung Yu-Sau ဟာ သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်တတ်သူတစ်ယောက်ဖြစ်ပြီး သိုင်းပညာရှင်တွေထဲမှာမှ နံပါတ် ၁ ဖြစ်ချင်နေသူဖြစ်ပြီး သူ့ရဲ့ စိတ်ရူးကြောင့် တခြားသိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူတွေကို ယှဉ်ပြိုင်ပြီး ရက်စက်စွာ သတ်ဖြတ်နေပါတော့တယ်။ Hahou Mo နဲ့ စုံထောက် Luk Yuen-Sum တို့ဟာ လူသတ်သမားကို ရှာဖွေနေသော်လည်း မဖမ်းဆီးနိုင်သးဘူးဖြစ်နေပါတော့တယ်။ ထိုအတော်အတွင်း Hahou Mo မှာ ဇာတိမြေကို ပြန်ရောက်သွားပြီး ထိုမှတစ်ဆင့် လူသတ်သမား Fung Yu-Sau အကြောင်း အနည်းငယ်စုံစမ်းမိပါတော့တယ်။ Fung Yu-Sau …

Read More »

Fury (2014)

၁၉ ၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့  နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။        အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ၀ါရင့်စစ်သားတွေပဲဖြစ်ပါတယ်။      ဖျူရီ ရဲ့လက်ထောက်ကားမောင်းသမား ကျဆုံးသွားတဲ့အချိန်မှာတော့ လူစားထိုးအနေနဲ့  တပ်လက်နှိပ်စက်စာရေး နော်မန် ( Norman ) ရောက်လာပါတယ်။ …

Read More »

The Swimmer (2014)

Perth နဲ့ Tan တို့ သူငယ်ချင်း ၂ ယောက်ဟာ ရေကူးချန်ပီယံတွေ ဖြစ်သလို ပြိုင်ဘက်ကောင်း တွေလဲဖြစ်တယ်.. Tan မှာ Ice လို့ခေါ်တဲ့ ချစ်သူ တယောက်ရှိပြီး တရက်မှာတော့ Perth နဲ့ မိတ်ဆက်ပေးရာမှ Perth ဟာ Ice ကို စိတ်ဝင်စားသွားခဲ့သလို Ice ဖက်ကလဲ မရိုးသားခဲ့ဘူး….   ချစ်သူအတွက် အချိန်မပေးနိုင်ခဲ့ Tan အတွက် နောက်ဆုံးရလာဒ်ကတော့ သူငယ်ချင်း နဲ့ ချစ်သူ တို့ရဲ့ သစ္စာဖောက်ခြင်း ပါပဲ…Perth နဲ့ Ice တို့ ချစ်သူတွေ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ICE မှာ ကိုယ်ဝန်ရရှိခဲ့ပေမယ့် Perth ကတော့ တာဝန်ယူဖို့ တွန့်ဆုတ်နေခဲ့လို့ ဖျက်ချဖို့ကိုသာ ကြိုးစားခဲ့တယ်…. နောက်ဆုံးမှာတော့ ကိုယ်ဝန်ကိုဖျက်ချခဲ့ပြီးနောက် ICE ဆိုတဲ့ မိန်းကလေးဟာလဲ ကိုယ့်ကိုယ်ကိုသက်သေသွားခဲ့တယ်…. Perth တို့ ရေကူးကျင့်တဲ့ ရေကူးကန် မှာပေါ့…. …

Read More »

The Wings of the Kirin (2012)

တိုကျိုမြို့ရဲ့ အစလို့ ဆိုလို့ရတဲ့ လမ်းမကြီးတွေ အားလုံးဆုံတဲ့ Nihombashi အရပ်ရဲ့ မိုးပျံတံတားတစ်ခု အောက်မှာ Kirin (Gryphon) လို့ခေါ်တဲ့ လာဘ်ကောင်ရုပ်တုကြီး ရှိပါတယ်။ ဒါပေမယ့် ထူးခြားချက်က အဲဒီလာဘ်ကောင်ရုပ်တုကြီးမှာ တောင်ပံတွေ ပါနေတာပါပဲ။ တံတားအောက်မှာ ရောက်နေတဲ့ Kirin အတွက် တောင်ပံပါသော်လည်း ပျံသန်းလို့ မရနိုင်တဲ့ အခြေအနေတစ်ခုပါ။ အဲဒီရုပ်တုရှေ့မှာ Takeaki Aoyagi ဆိုတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက် ဓားဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဒီအမှုကို စုံစမ်းဖို့ စုံထောက် Kyoichiro Kaga ကို တာဝန်ပေးလိုက်ပါတယ်။ Kaga အတွက် ပထမဆုံး ပြဿနာက တကယ်တမ်း ဓားထိုးခံရတဲ့ နေရာကို ဖော်ထုတ်ရတာပါပဲ။ တကယ်တမ်း ဓားထိုးခံရတဲ့ အချိန်မှာ Aoyagi ဟာ ချက်ချင်းမသေသေးပဲ ၈ မိနစ်လောက် အသက်ရှင်နေသေးပြီး ဒီ …

Read More »

Into the Storm (2014)

    အိုကလာဟိုးမားပြည်နယ်မြို့တစ်ခုအတွင်းရှိ အထက်တန်းကျောင်းတစ်ခုရဲ့ စင်မြင့်ထက်မှာ ကျောင်းအုပ်ကြီးက ကျောင်းဆင်းပွဲမိန့်ခွန်း ပြောနေပါတယ်။ မိန့်ခွန်းမဆုံးခင်မှာ  မိုးလေးတွေတဖွဲဖွဲရွာလာတဲ့အတွက် ဘွဲ့ဝတ်စုံဆင်မြန်းထားတဲ့ ကလေးတွေ  ထီးတွေ အမြန်ဖွင့်လိုက်ကြပါတယ်။ တဖြည်းဖြည်းသည်းလာတဲ့မိုးကြောင့် ကျောင်းအုပ်ကြီးလည်း မိန့်ခွန်းအမြန်လက်စသတ်လိုက်တယ်ဆိုရင်ပဲ  ဘွဲ့ဦးထုပ်တွေလေပေါ်ပစ်မြှောက်လိုက်တာနဲ့အတူ မုန်တိုင်း အရေးပေါ်အချက်ပေး ဥသြသံက ဆူညံစွာထွက်ပေါ်လာတယ်။  ဒုကျောင်းအုပ် ဂယ်ရီဖူလ်လာ (Gary Fuller)  နဲ့ အုပ်ချုပ်သူတွေက ကလေးတွေကို အဆောက်အအုံထဲ အမြန်ပြေးဝင်ဖို့ အော်ဟစ်နေကြတယ်။ ကျောင်းထဲရောက်တာနဲ့  ကလေးတွေကို နံရံတဖက်တစ်ချက်စီမှာ ၀ပ်နေကြဖို့ညွန်ကြားနေတုန်း  သစ်ပင်ကြီးတစ်ပင်  ကျောင်းမှန်တံခါးကိုခွဲပြီး ၀ုန်းဆို ၀င်လာပါတယ်။ ကျောင်းထဲက ပစ္စည်းတွေ စာရွက်တွေလည်း အရှိန်ပြင်းလွန်းတဲ့လေကြောင့် တံခါးဆီလွင့်ကုန်တယ်။ အကာအကွယ်ယူပြီး ၀ပ်နေကြဖို့ ဂယ်ရီ အတင်းအော်ပြီးသတိပေးပေမယ့်  နောက်ကျသွားခဲ့ပြီး ကျောင်းရဲ့ခေါင်းမိုးတွေပြိုကျကာ ကျောင်းသားတွေလည်းလေပြင်းနဲ့အတူ တံခါးဝဆီတရွတ်တိုက်ပါသွားကြသည်။     မုန်တိုင်းစဲသွားလို့ ဂယ်ရီ ကျောင်းအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား အပျက်အဆီးများဖြင့်သာပြည့်နှက်နေတာကို တွေ့လိုက်ရသည်။       …

Read More »