globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Mystery

Joker Game (2015)

Kato ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်လေ့ကျင့်ရေး စခန်းတစ်ခုက စစ်သားတစ်ယောက် ဖြစ်ပါတယ်။ မမျှော်လင့်တဲ့ ပစ်မှုတစ်ခုကြောင့် Kato ဟာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခံရပြီး ဘဝဆုံးပြီ ထင်ခဲ့ရပေမယ့် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ D Agency က လာရောက်ကယ်တင်သွားပါတယ်။ ဗိုလ်မှူးကြီး ယုကီဟာ ဂျပန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ D Kikan ရဲ့ ခေါင်းဆောင်ဖြစ်ပြီး စစ်ပွဲကြီးရဲ့ အဆုံးသတ်ကို ကြိုတင်ခန့်မှန်းနိုင်သူလည်း ဖြစ်ပါတယ်။ စစ်ရှုံးတော့မယ့် ဂျပန်နိုင်ငံ လုံးဝပြိုလဲသွားနိုင်တဲ့ အခြေအနေကို ကြိုတင်သိမြင်နေပေမယ့် လုပ်ပိုင်ခွင့် မရှိတာကြောင့် ရနိုင်သမျှ လူအင်အား စုဆောင်းပြီး ထောက်လှမ်းရေး သင်တန်းကျောင်းကို တည်ထောင်ထားတာ ဖြစ်ပါတယ်။ Kato ဟာ D Kikan ပညာသင်ယူပြီးနောက် တာဝန်ထမ်းဆောင်ဖို့ အချိန်ကျရောက်လာတဲ့အခါ ဟောင်ကောင်ကို ထွက်ခွာသွားပါတယ်။ ဟောင်ကောင်မှာ အမေရိကန် သံအမတ်ကြီး Graham …

Read More »

Frequencies (2013)

ကမ္ဘာပေါ်မှာ လူတွေရဲ့ ဘဝတန်ဖိုး . . . ဆက်ဆံရေး . . . အစရှိသည်တို့ကို " frequencies " တွေနဲ့သတ်မှတ်ထားပါတော့တယ်။ ထိုထဲမှာမှ Isaac-Newton လို့ခေါ်တဲ့ကောင်လေးတစ်ယောက်  .. . .  သူ့ကိုတော့ Zak ကို လူသိများကြပြီး သူကတော့ "Low frequency" နဲ့ မွေးဖွားလာသူဖြစ်ပြီး သူကတော့ ထိုအရာကို ပြောင်းလဲပစ်ချင်နေတာပါ။ အကြောင်းကတော့ "High frquency" ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Marie ကို ငယ်စဉ်ကတည်းက စိတ်ဝင်တစားရှိနေလို့ပါ။ Zak ရဲ့ မိဘတွေနဲ့ ဆရာတွေကတော့ Zak နဲ့ Marie ဟာ ဆန့်ကျင်ဘက်တွေဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ် . . သူတို့ငယ်စဉ်ဘဝတွေ့ဆုံတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပျက်ကျန်ခဲ့တာပါပဲ။ Marie . .  သူမကတော့ "High frequency" အဖြစ်နဲ့ မွေးဖွားလာသူဖြစ်ပြီး စိတ်လှုပ်ရှားခံစားမှု မရှိပါဘူး။ …

Read More »

Exam (2009)

ဂရိတ်ဗြိတိန်နိုင်ငံတော်ကြီးဟာ ရောဂါကပ်ဆိုးကြီးတစ်ခု ကျရောက်ပြီး လူငယ်လူရွယ်များစွာ အသက်ဆုံးရှုံးကြပါတယ်။ DATAPREV ကုမ္ပဏီဟာ ဒီရောဂါကို ကုသနိုင်တဲ့ ဆေးတစ်ခု တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဆေးကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ လက်ရှိအချိန်မှာ တစုံတစ်ယောက်ကို အလုပ်ခန့်ချင်နေပါတယ်။ အလုပ်လျှောက်လွှာ ခေါ်ယူပြီးနောက်ပိုင်း မြောက်များလှစွာသော လျှောက်ထားသူတွေထဲက လူရှစ်ဦးကို ရွေးချယ်ပြီး နောက်ဆုံးစစ်ဆေးမှု တစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒါကတော့  Candidate လို့ခေါ်တဲ့ ဖြေဆိုသူတိုင်းအတွက် မေးခွန်းလွှာတစ်ခု ချပေးထားပြီး အခန်းတစ်ခန်းထဲမှာ စုစည်းထားလိုက်ပါတယ်။ Invigilator လို့ခေါ်တဲ့ စာမေးပွဲခန်းစောင့်သူက တစ်ဖက်ခန်းကနေ စောင့်ကြည့်နေပြီး မိနစ် ၈၀ ကြာ မေးခွန်းကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် မေးခွန်းက တစ်ခုတည်းပဲရှိပြီး အဖြေကလည်း တစ်ခုတည်းပဲ ရှိမှာ ဖြစ်ပါတယ်။ မေးခွန်းစာရွက်မှာပဲ အဖြေကို ရေးရမှာ ဖြစ်ပြီး မေးခွန်းစာရွက်ကို တစ်ခုခုကြောင့် …

Read More »

The Wicker Man (2006)

Edward Malus ဟာ ရဲတယောက်ပါ… Hiway လမ်းပေါ်မှာ ကားတစီး ကို ကူညီနေရင်း မတော်တဆမှုဖြစ်ပွားရာမှ Edward Malus တယောက် စိတ်ကျမ်းမာရေးအနေအထားကြောင့် တာဝန်မှခေတ္တအနားယူနေချိန်မှာပဲ တချိန်က စေ့စပ်ပြီးမှ ထွက်သွားခဲ့တဲ့ သတိုးသမီးလောင်း Willow Woodward ဆီကနေ စာတစောင်ရောက်လာခဲ့ပါတယ်… သူ့သမီးလေး ပျောက်ဆုံးနေလို့ ကူညီရှာဖွေပေးဖို့ပါပဲ…  Edward Malus တယောက် အနားယူချိန်နဲ့တိုက်ဆိုင်နေတာကြောင့် Willow Woodward ကို ကူညီပေးဖို့ ထွက်ခွာလာခဲ့တယ်.. Willow Woodward နေတဲ့နေရာဟာ ကျွန်းလေး တကျွန်းဖြစ်ပြီး ကျွန်းတခုလုံးကို SummersIsle က ဦးဆောင်အုပ်ချုပ်ထားပါတယ်… တသီးတသန့်ဖြစ်နေတဲ့ ထိုကျွန်းလေးမှာ အဓိကလုပ်ငန်းကတော့ ပျားရည်ထုတ်လုပ်တာပါပဲ… ကျွန်းတကျွန်းလုံးကို SummersIsle ကအုပ်စိုးထားပြီး ဆွေစဉ်မျိုးဆက် နေထိုင်အုပ်ချုပ်ခဲ့ပြီး သြဇာအာဏာလဲ ကြီးပါတယ်…ဒီလိုနဲ့  Edward Malus တယောက် ပျောက်ဆုံးနေတဲ့ Rowan ကို ကြိုးစားပြီး ရှာဖွေနေစဉ်မှာပဲ ကျွန်းပေါ်ကလူတွေကတော့ ကလေးဟာ သေဆုံးသွားပြီလိုပဲ ဖြေဆိုခဲ့ကျတယ်… Willow Woodward ကတော့ လက်မခံပါဘူး…သမီးလေးဟာ Edward Malus နဲ့ ရရှိခဲ့တဲ့သမီးလေး ဖြစ်ကြောင်းကိုလဲ ဝန်ခံခဲ့တယ်…  ဒီလိုနဲ့ သမီးလေးကိုရှာဖွေတွေ့ရှိချိန်မှာတော့ မထင်မှတ်တဲ့ …

Read More »

Transcendence (2014)

Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ sentient computer Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်… Pinn ဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဥာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး.. နည်းပညာရပ်ဆိုင်ရာ Semena တခုမှာပဲ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်..  အရာအားလုံးသိမြင်နိုင်တဲ့ လူသားမဟုတ်သော စက်ပစ္စည်းကို မလိုလားတဲ့ လူတစုကြောင့်ဆိုပါတော့… သူတို့ကတော့  "Revolutionary Independence From Technology" (R.I.F.T.) လုပ်ကြံခံရပြီးနောက်မှာ Will Caster  ဟာ လအနည်းသာအသက်ရှင်နေထိုင်နိုင်တော့မှာပါ… သူလေ့လာနေတဲ့ ရှာဖွေနေတဲ့ နည်းပညာတွေအကုန်လုံးကို စွန့်လွှတ်ရတော့မယ့်အချိန်.. Pinn ကိုလဲ Sutdown လုပ်လိုက်ပါပြီ….ဒါပေမယ့် သူ့ဇနီး နဲ့ သူငယ်ချင်းဖြစ်သူတို့ကတော့ …

Read More »

The Client (2011)

  ဟန်ချို ဟာ ရုပ်ရှင်ကုမ္မဏီတခုက ဖလင်ဆေးပညာရှင်ပါ… သူ့ရဲ့ မင်္ဂလာနှစ်ပါတ်လည်နေ့မှာ ဇနီးအတွက် ပန်းစည်းလေးနဲ့ လက်ဆောင်ကိုဝယ်လာခဲ့ရင်း အိမ်ကို ပြန်လာခဲ့ပါတယ်…   အိမ်အရောက်မှာတော့ ကုတင်ပေါ်မှာ နီရဲနေတဲ့ သွေးကွက်ကြီးနဲ့ ရဲအရာရှိတွေ ရဲ့ ဖမ်းဆီးမှုကကြိုဆိုနေခဲ့ပါတယ်… ဒါပေမယ့် သူ့ဇနီးရဲ့ အလောင်း ကိုရော တရာခံရဲ့ တခြားသော သက်သေ (လက်ဗွေ ၊ လူသတ်လက်နက်) တို့ကိုတော့ ရှာဖွေတွေ့ရှိခြင်း မရှိပါဘူး… ဒါပေမယ့် အနီးစပ်ဆုံး တရားခံအဖြစ် ဟန်ချို ဟာ အဖမ်းခံခဲ့ရတယ်… ဟန်ချိုရဲ့ထူးခြားချက်ကတော့ လက်ဗွေ မရှိခြင်းပါပဲ… မှုခင်းဆရာဝန်ရဲ့ ဆုံးဖြတ်ချက်အရ ၃ လီတာခန့် ရှိတဲ့ သွေးပမာဏအရ ဟန်ချိုရဲ့ ဇနီးဟာ အသတ်ခံလိုက်ရတာ ထင်ရှားနေပါပြီ… ဒီလိုနဲ့ အဖမ်းခံထားရတဲ့ ဟန်ချို ဟာသူ့အတွက် ရှေ့နေ Kang ကို အမှုလိုက်စေချင်တယ်… …

Read More »

Now You See Me (2013)

မျက်လှည့်ဆရာ ၄ ယောက်ဟာ အမည်မသိတဲ့မျက်လှည့်ဆရာတစ်ယောက်ရဲ့ ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။ ထိုမျက်လှည့်ဆရာ ၄ ယောက်ဟာ သက်ဆိုင်ရာ လှည့်ကွက်တွေမှာ ကျွမ်းကျင်ကျသူတွေချည်းပါပဲ။ နောက်တစ်နှစ်အကြာမှာတော့ Four Horseman ဆိုတဲ့ နာမည်နဲ့ ပေါ်လာပြီး မျက်လှည့်ပွဲတွေ ကျင်းပပါတော့တယ်။ ပထမဆုံး မျက်လှည့်ပွဲမှာ ရိုးရိုးသာမန်ပြကွက်တွေနဲ့ အတူ အဝေးမှာ ရှိတဲ့ ဘဏ်တစ်ခုကို ဖောက်ထွင်းပြီး ပိုက်ဆံကို ယူပြလိုက်ပါတယ်။ ထိုအတွက်ကြောင့် နာမည်ကြီးသွားပြီး FBI ရဲ့ ခေါ်ယူစစ်ဆေးခြင်းကိုပါ ခံခဲ့ရပါတယ်။ သူတို့အဖွဲ့ကိုစုံစမ်းဖို့အတွက် FBI က Dylan Rhodes  နဲ့ Interpol မှ Alma Dray တို့က ပူးပေါင်းတာဝန်ယူရပါတယ်။ FBI ရဲ့ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသော်လည်း လုံလောက်တဲ့ သက်သေအထောက်အထား ရှာမတွေ့အတွက် ပြန်လွှတ်ပေးလိုက်ပြီး ထိုအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကိုသာ စောင့်ကြည့်နေခဲ့ပါတယ်။ သူတို့အဖွဲရဲ့ အဓိက ရည်ရွယ်ချက်က …

Read More »