globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Sci-Fiction

Kingsglaive: Final Fantasy XV (2016)

Eos ဆိုတဲ့ ဂြိုဟ်ကြီးတစ်ခုပေါ်မှာ Lucis ၊ Tenebrae နဲ့ Niflheim အပါအဝင် နိုင်ငံအများအပြားဟာ သက်ဆိုင်ရာ တော်ဝင်မင်းဆက်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ကြပါတယ်။ နိုင်ငံတစ်ခုစီတိုင်းမှာ အဲဒီနိုင်ငံရဲ့ စွမ်းအားရှိ လက်နက်အဖြစ် မှော်ကျောက်တုံး တစ်တုံးစီ ရှိကြပါတယ်။ ဒါပေမယ့် Niflheim ဘုရင်ဟာ စက်ကိရိယာတွေ၊ လက်နက်တွေနဲ့ သတ္တဝါဆန်းကြီးတွေကို အသုံးပြုပြီး ကျန်တဲ့ နိုင်ငံတွေဆီကနေ မှော်ကျောက်တုံးတွေကို လိုက်လံလုယူပါတယ်။ နောက်ဆုံး Niflheim ရဲ့ အင်ပါယာကို ခုခံနိုင်တာဆိုလို့ Lucis တစ်ခုပဲ ကျန်ပါတော့တယ်။ Lucis ရဲ့ ဘုရင် Regis ဟာ သေလုမျောပါး နာမကျန်းဖြစ်နေတဲ့ သူ့သား Noctis ကို ဆေးကုသဖို့ Tenebrae ကို လျှို့ဝှက်သွားရောက်ခဲ့ပါတယ်။ Noctis ရဲ့ ငယ်သူငယ်ချင်း Lunafreya ဟာ Tenebrae …

Read More »

Star Trek: Beyond (2016)

၅ နှစ်ကြာ အာကာသ လေ့လာရေး ခရီးစဉ်ကြီးကို ပျင်းရိစွာ ဖြတ်သန်းရင်း ၃ နှစ်ကြာလာတဲ့အခါ USS Enterprise ဟာ ထောက်ပံ့ရေးပစ္စည်းတွေ ပြန်လည်ဖြည့်ဆည်းဖို့နဲ့ ခွင့်ရက်ယူဖို့ Yorktown အာကာသစခန်းမှာ အနားယူနေပါတယ်။ မာလိန်မှူး James Kirk ဟာ သူတို့ရဲ့ စူးစမ်းရှာဖွေရေး ခရီးစဉ်ကြီးရဲ့ အတောမသတ်တဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားရုန်းကန်နေရတာကြောင့် Yorktown မှာ ဒုတိယ ရေတပ်ဗိုလ်ချုပ် ရာထူးအတွက် ရာထူးတိုး လျှောက်ပါတယ်။ သူ့ရဲ့ မာလိန်မှူးနေရာအတွက် Spock ကို ထောက်ခံချက်ပေးခဲ့ပါတယ်။   Enterprise ရဲ့ ယာဉ်မောင်း Hikaru Sulu ဟာ သူ့ရဲ့ လိင်တူ ချစ်သူနဲ့ မိသားစုကို သွားရောက်တွေ့ဆုံသလို Spock နဲ့ Nyota Uhura တို့လည်း ပြတ်စဲကြပြန်ပါတယ်။ Scotty …

Read More »

Star Wars: The Force Awakens [Episode VII] (2015)

Endor တိုက်ပွဲမှာ Luke Skywalker နဲ့ Darth Vader တို့ ဖြိုခွဲလိုက်တဲ့ ကြယ်စင်စု အင်ပါယာကြီး ပြိုကွဲသွားပြီးတဲ့နောက် နှစ်ပေါင်း ၃၀ လောက်အကြာမှာ ရီပတ်ဘလစ် တပ်မတော်ဟာ ကြယ်စင်စု အင်ပါယာကြီးရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ပထမတန်း တပ်မတော်နဲ့ စစ်ပွဲသစ် ထပ်မံ ဆင်နွှဲနေရပါတယ်။ ရီပတ်ဘလစ်ရဲ့ ခုခံရေး တပ်ဖွဲ့ဟာ Luke ရဲ့ အမွှာအစ်မ မင်းသမီး Leia Organa ရဲ့ ဦးဆောင်မှုအောက်မှာ ပထမတန်း တပ်မတော်ကို အပြင်းအထန် ခုခံတိုက်ခိုက်နေရပါတယ်။ ခုခံရေး တပ်ဖွဲ့က ထိပ်တန်း လေယာဉ်မှူး Poe Dameron ဟာ Jakku ဂြိုဟ်က သက်ကြီးဝါကြီး Lor San Tekka ကို လျှို့ဝှက်သွားရောက်တွေ့ဆုံရင်း ပျောက်ဆုံးနေတဲ့ နောက်ဆုံး Jedi သူရဲကောင်း Luke …

Read More »

Attack on Titan (2015)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်တန်လို့ခေါ်တဲ့ လူနဲ့ သဏ္ဍာန်တူ သတ္တဝါကြီးတွေ ပေါ်လာပြီး လူသားတွေကို လိုက်လံစားသောက်ကြပါတယ်။ ကြောက်မက်ဖွယ်ကြီးမားတဲ့ သတ္တဝါဆိုးကြီးတွေရဲ့ ရန်ကို ကာကွယ်ဖို့ လူသားတွေဟာ စုစည်းနေထိုင်ကြပြီး သူတို့ရဲ့ အန္တရာယ်ကနေ လွတ်မြောက်နိုင်ဖို့ အလွန်မြင့်မားတဲ့ နံရံကြီးတွေကို တည်ဆောက်ပြီး အထဲမှာပဲ ပုန်းခိုနေကြရပါတယ်။ နှစ်ပေါင်း ၁၀၀ လောက်ကြာတဲ့ အခါမှာတော့ ဒီတိုက်တန်တွေရဲ့ အကြောင်းကို မကြားရသလောက် ဖြစ်နေခဲ့ပါပြီ။ Armin Arlet ဟာ မိုဇန်ရပ်ကွက်အတွင်းမှာ နေထိုင်သူ ဖြစ်ပြီး စက်မှုပညာ ဝါသနာ ပါသူ ဖြစ်ပါတယ်။ သူ့သူငယ်ချင်း Eren Yeager ကတော့ ပြဿနာကောင်တစ်ကောင် ဖြစ်ပြီး အလုပ်ကနေ ထပ်မံ ထုတ်ပယ်ခံထားရပါတယ်။ Eren နဲ့ Armin ဟာ Eren ရဲ့ …

Read More »

Pixels (2015)

၁၉၈၂ ခုနှစ် အမေရိကန်နိုင်ငံမှာ ဂိမ်းပြိုင်ပွဲလေး တစ်ခု ပြုလုပ်ပါတယ်။ Arcade ဂိမ်းစက်တွေ ခေတ်ကောင်းနေတဲ့ အဲဒီကာလမှာ Sam Brenner နဲ့ Will Cooper တို့ဟာ ဂိမ်းကို အရူးအမူး ဖြစ်ကြတဲ့ ၁၃ နှစ်အရွယ် ချာတိတ်နှစ်ကောင် ဖြစ်ပြီး Sam ဟာ ပါရမီရှင် ဂိမ်းမာတစ်ယောက် ဖြစ်ပါတယ်။ အဲဒီဂိမ်းပွဲမှာ သူတို့နှစ်ယောက်ဟာ Ludlow Lamonsoff ဆိုတဲ့ နောက်ထပ် ချာတိတ်တစ်ယောက်နဲ့ တွေ့ဆုံပြီး ခံစားချက်တွေ ဝေမျှနိုင်ခဲ့ပါတယ်။ Sam ဟာ ဂိမ်းပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပြိုင်ဖက် Eddie Plant ကို အရေးနိမ့်ပြီး ဒုတိယပဲ ရခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို အဲဒီအချိန်က ကမ္ဘာကြီးရဲ့ ပုံရိပ် အမှတ်တံဆိပ်တွေနဲ့အတူ နာဆာက …

Read More »

Frequencies (2013)

ကမ္ဘာပေါ်မှာ လူတွေရဲ့ ဘဝတန်ဖိုး . . . ဆက်ဆံရေး . . . အစရှိသည်တို့ကို " frequencies " တွေနဲ့သတ်မှတ်ထားပါတော့တယ်။ ထိုထဲမှာမှ Isaac-Newton လို့ခေါ်တဲ့ကောင်လေးတစ်ယောက်  .. . .  သူ့ကိုတော့ Zak ကို လူသိများကြပြီး သူကတော့ "Low frequency" နဲ့ မွေးဖွားလာသူဖြစ်ပြီး သူကတော့ ထိုအရာကို ပြောင်းလဲပစ်ချင်နေတာပါ။ အကြောင်းကတော့ "High frquency" ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Marie ကို ငယ်စဉ်ကတည်းက စိတ်ဝင်တစားရှိနေလို့ပါ။ Zak ရဲ့ မိဘတွေနဲ့ ဆရာတွေကတော့ Zak နဲ့ Marie ဟာ ဆန့်ကျင်ဘက်တွေဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ် . . သူတို့ငယ်စဉ်ဘဝတွေ့ဆုံတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပျက်ကျန်ခဲ့တာပါပဲ။ Marie . .  သူမကတော့ "High frequency" အဖြစ်နဲ့ မွေးဖွားလာသူဖြစ်ပြီး စိတ်လှုပ်ရှားခံစားမှု မရှိပါဘူး။ …

Read More »

Jurassic World (2015)

လွန်ခဲ့တဲ့ ၂၂နှစ်ခန့်က ပြသနာများကြောင့် ပိတ်ထားခဲ့ရတဲ့ ဂျရက်ဂ်ဆဇ်ဂ် အပန်းဖြေစခန်း (Jurassic Park) ကြီး ပြန်ဖွင့်ပြီးတဲ့နောက် ပန်းခြံရဲ့အုပ်ချုပ်သူမန်နေဂျာ ကလဲ (Claire) ရဲ့ တူနှစ်ယောက်ဖြစ်တဲ့ ဇက်ဂ် (Zach) နဲ့ ဂရေး (Gray) တို့ညီအစ်ကိုနှစ်ယောက်က ကျောင်းပိတ်ရက်မှာ အဒေါ်ရှိရာ ဂျရက်ဂ်ဆဇ်ဂ်ကို သွားလည်ကြပါတယ်။ အလုပ်များလွန်းတဲ့ အဒေါ်က တူနှစ်ယောက်ကို လမ်းညွှန်လုပ်ဖို့ရာ သူမရဲ့လက်ထောက် ဇာရာ (Zara) ကိုတာဝန်ပေးလိုက်ပါတယ်။ ပန်းခြံထဲရောက်တဲ့အခါ ညီအစ်ကိုနှစ်ယောက်က ဇာရာ့ကို မျက်ခြေဖြတ်ပြီး နှစ်ယောက်သား လျှောက်လည်ကြပါတော့တယ်။   အကျိုးတူပူးပေါင်းမယ့်လုပ်ငန်းရှင်များကို ဆွဲဆောင်ရန်နဲ့ လာလည်သူပိုများလာစေရန် ရည်ရွယ်ပြီး မျိုးရိုးဗီဇပညာရှင် ဒေါက်တာ ဟန်နရီဝူး (Henry Wu) ခေါင်းဆောင်တဲ့အဖွဲ့က ဒိုင်နိုဆော မျိုးစိတ်အသစ်များ ဖန်တီးမွေးမြူခဲ့ရာ လက်ရှိမှာ အင်ဒိုမီးနပ်စ်ရက်စ် (Indominus rex) လို့ခေါ်တဲ့ ဥာဏ်ရည်မြင့်တဲ့ …

Read More »

Ex Machina (2015)

Caleb ဟာ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး Bluebook လို့ခေါ်တဲ့ နာမည်ကြီး Search Engine တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူပါ။ သူဟာ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Nathan ရဲ့ အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ခြင်းခံရပါတယ်။ Nathan နေထိုင်နေတဲ့အိမ်ဟာ သုတေသန လုပ်ကိုင်နေတဲ့နေရာဖြစ်ပြီး သူနဲ့အတူ Kyoko ဆိုတဲ့ ဂျပန်အိမ်အကူမလေးတစ်ယောက်သာ ရှိပါတယ်။ Nathan ဟာ Caleb ကို သူလက်ရှိစမ်းသပ်လုပ်ကိုင်နေတဲ့ အစီအစဉ်ကို ပြောပြပြီး Caleb ကို စမ်းသပ်မှုတွေမှာ ကူညီပေးဖို့ ပြောပါတော့တယ်။ ထိုအရာကတော့ လူနဲ့အနီးစပ်ဆုံးတူအောင် ဖန်တီးထားတဲ့ စက်ရုပ်ဖြစ်ပြီး Ava လို့ နာမည်ပေးထားပါတယ်။ Nathan ဟာ သူ့ Bluebook Search Engine ကို အသုံးပြုတဲ့ လူသန်းပေါင်းများစွာရဲ့ အချက်အလက်တွေကို  ရယူထားပြီး ဆဲလ်ဖုန်းပေါင်းများစွာကို ဟက်ပြီးတော့ လူတွေရဲ့ ခံစားချက်၊ လှုပ်ရှားမှု တွေကို ရယူပြီးတော့ …

Read More »

My Super Ex-Girlfriend (2006)

နယူးယောက်မြို့ကြီးမှာ ဖြစ်ပေါ်နေတဲ့ ဒုစရိုက်မှုတွေ အန္တရာယ်တွေကို ကာကွယ်နေတဲ့ သူရဲကောင်းတစ်ယောက် ရှိနေပါတယ်။ G-Girl လို့ လူသိများတဲ့ ဒီမိန်းကလေးဟာ ဘယ်လိုကနေ ဒီအစွမ်းသတ္တိတွေ ပိုင်ဆိုင်ထားလဲ မသိပေမယ့် သာမန်ထက် ပိုမိုထူးခြားတာတော့ အမှန်ပါပဲ။ Matt Saunders ဟာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်ပြီး သူနဲ့ ဘော်ဒါ Vaughn Haige တို့ဟာ ရည်းစားရရှိရေး အသည်းအသန် လုံးပမ်းနေကြသူတွေပါ။ တစ်ရက်မှာတော့ ရထားစီးရင် အူကြောင်ကြောင် ဂေါက်တောက်တော် အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။ အဲဒီအမျိုးသမီးရဲ့ ပိုက်ဆံအိတ်ကို လူတစ်ယောက်က လုပြေးသွားတာကြောင့် Matt က လိုက်ဖမ်းပေးပါတယ်။ တလွဲတချော်တွေ ဖြစ်သွားပေမယ့် Matt ဟာ Jenny Johnson ဆိုတဲ့ အမျိုးသမီးရဲ့ သူရဲကောင်း ဖြစ်သွားပါတယ်။ အချစ်ဇာတ်လမ်းတို့ရဲ့ ထုံးစံအတိုင်း Matt ဟာ …

Read More »

The Giver (2014)

  သက္ကရာဇ် ၂၀၄၈ . . . စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ အဖွဲ့အစည်းတစ်ခုဟာ လူမျိုးနွယ်စုတွေ ခံစားချက်တွေကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ နိုင်ငံသားအားလုံးဟာ သူတို့ရဲ့ မှတ်ညဏ်တွေဖျက်ဆီးခံလိုက်ရပြီး မှတ်ညဏ်တွေကျန်နေခဲ့တဲ့ တစ်ယောက်တည်းသောသူကတော့ Receiver of Memory လို့ခေါ်တဲ့ အတိတ်ရဲ့ မှတ်ဥာဏ်တွေကို လက်ခံထားသူဖြစ်ပြီး အဖွဲ့အစည်းတစ်ခုလုံးမှာ တစ်ယောက်ပဲ ရှိပါတယ်။ သူကတော့ ခေါင်းဆောင်နဲ့ လူကြီးတွေကို အဖွဲ့အစည်းရဲ့ ဆုံးဖျက်ချက်တွေနဲ့ ပက်သတ်ပြီးတော့ အကြံဥာဏ်ပေးဖို့ပါ။ Jonas ဟာ Receicer of Memory ကို ဆက်ခံမည့်သူအဖြစ်ရွေးချယ်ခံခဲ့ရပြီး လက်ရှိ Receiver of Memory ဆီကနေ အတိတ်မှတ်ဥာဏ်တွေကို လက်ခံရယူလျက်ရှိနေပါတော့တယ်။   Jonas ဟာ အသားအရောင်၊ လူမျိုးစု၊ ဘာသာရေး၊ နာကျင်မှု၊ ခံစားတတ်မှုတွေမရှိတဲ့ အဖွဲ့အစည်းမှာနေထိုင်နေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ သူငယ်ချင်း ၂ ယောက်ရှိပါတယ်။ ကောင်မလေးကတော့ Fiona ဖြစ်ပြီး ယောကျာ်လေးတစ်ယောက်ကတော့ …

Read More »