ပင်လယ်ထဲက အထီးကျန် ငှက်ကျွန်းမှာ မပျံသန်းနိုင်တဲ့ ငှက်တွေဟာ အေးချမ်းစွာ နေထိုင်နေကြပါတယ်။ Red ဟာ အလွန်ဒေါသကြီးပြီး အမြဲတမ်း တလွဲ လုပ်တတ်တာကြောင့် ဘယ်အလုပ်မှာမှ အဆင်မပြေပါဘူး။ အကြီးမားဆုံး ပြဿနာ အနေနဲ့ ရက်မစေ့သေးပဲ ငှက်ဥကနေ ကလေးလေးတွေ ထွက်လာအောင် လုပ်မိတာကြောင့် ပြစ်ဒဏ်ပေးခံရပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကတော့ ဒေါသထိန်းချုပ်ရေး သင်တန်း တက်ရောက်ရမှာ ဖြစ်ပြီး အဲဒီသင်တန်းမှာ Chuck ၊ Bomb ၊ Terence နဲ့ သင်တန်းမှူး Matilda တို့နဲ့ ဆုံတွေ့ရပါတယ်။ တစ်ရက်တော့ သူတို့ကျွန်းကို ဝက်တွေပါတဲ့ သင်္ဘောတစ်စီး ရောက်လာပါတယ်။ သူတို့နဲ့ အတူ လောက်လေးခွနဲ့ မိုးပျံပူဖောင်းလို နည်းပညာတွေ သယ်ဆောင်လာပြီး ကျွန်းသားတွေနဲ့ အတူ ပျော်ပွဲရွှင်ပွဲတွေ […]

Read more

၅ နှစ်ကြာ အာကာသ လေ့လာရေး ခရီးစဉ်ကြီးကို ပျင်းရိစွာ ဖြတ်သန်းရင်း ၃ နှစ်ကြာလာတဲ့အခါ USS Enterprise ဟာ ထောက်ပံ့ရေးပစ္စည်းတွေ ပြန်လည်ဖြည့်ဆည်းဖို့နဲ့ ခွင့်ရက်ယူဖို့ Yorktown အာကာသစခန်းမှာ အနားယူနေပါတယ်။ မာလိန်မှူး James Kirk ဟာ သူတို့ရဲ့ စူးစမ်းရှာဖွေရေး ခရီးစဉ်ကြီးရဲ့ အတောမသတ်တဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားရုန်းကန်နေရတာကြောင့် Yorktown မှာ ဒုတိယ ရေတပ်ဗိုလ်ချုပ် ရာထူးအတွက် ရာထူးတိုး လျှောက်ပါတယ်။ သူ့ရဲ့ မာလိန်မှူးနေရာအတွက် Spock ကို ထောက်ခံချက်ပေးခဲ့ပါတယ်။   Enterprise ရဲ့ ယာဉ်မောင်း Hikaru Sulu ဟာ သူ့ရဲ့ လိင်တူ ချစ်သူနဲ့ မိသားစုကို သွားရောက်တွေ့ဆုံသလို Spock နဲ့ […]

Read more

ဝိညာဉ်ဘုံသို့ ရောက်နေပြီဖြစ်တဲ့ Master Oogway ဟာ တချိန်က သူ့ရဲ့ ရဲဘော်ရဲဘက် ဖြစ်ခဲ့ဖူးတဲ့ Kai နဲ့ တိုက်ပွဲ ပြန်လည်ဆင်နွှဲရပါတယ်။ Kai ဟာ ဝိညာဉ်ဘုံမှာ ရှိသမျှ သိုင်းပညာရှင် သူရဲကောင်းတွေရဲ့ ချီဓာတ် (အသက်ဓာတ်) တွေကို လိုက်လံခိုးယူနေပြီး သက်ရှိဘုံကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေသူပါ။ Oogway က သူ့ရဲ့ ချီဓာတ်ကို အသာတကြည် ပေးလိုက်ပေမယ့် သက်ရှိဘုံက နဂါးသူရဲကောင်းဟာ Kai ကို နှိမ်နင်းမှာ ဖြစ်ကြောင်းလည်း ပြောထားခဲ့ပါတယ်။ ငြိမ်းချမ်းရေးတောင်ကြားမှာ အနားယူသွားပြီ ဖြစ်တဲ့ Master Shifu ဟာ သူ့ရဲ့တာဝန်တွေကို Po ထံ လွှဲအပ်လိုက်ပါတယ်။ သူ့ရဲက တာဝန်ထဲမှာ ကျောင်းသားတွေကို သိုင်းပညာသင်ကြားပေးဖို့လည်း ပါပါတယ်။ […]

Read more

သက္ကရာဇ် ၁၈၂၃ . . . . ကပ္ပတိန် Andrew Henry တို့အဖွဲ့ဟာ အနီးအနားတဝိုက် တောနက်တွေထဲမှာ သားမွေးတွေ ရရှိရန် အလို့ငှာ အမဲလိုက်လျက်ရှိပါတယ်။ သူတို့တတွေ ရရှိထားတဲ့ သားမွေးတွေကို ထုတ်ပိုးပြီး ပြန်ဖို့ရာ ပြင်ဆင်နေဆင် ဒေသခံ Arikara လူမျိုးတွေရဲ့ အလစ်တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ အဖွဲ့ဝင်တချို့သာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး အများစုကတော့ အသတ်ခံလိုက်ရပါတော့တယ်။ ထိုထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာမှ Glass ဟာ အမဲလိုက်အတွေ့အကြုံအရှိဆုံးဖြစ်ပြီး ရေမြေဒေသနဲ့ ဒေသခံ တွေအကြောင်း သိရှိသူဖြစ်ပါတယ်။ Glass ရဲ့ အကြံပေးမှုနဲ့ သူတို့အဖွဲ့ဟာ ထွက်ပြေးလွတ်မြောက်လာတဲ့လှေကို စွန့်ခွာပြီး တောထဲမှတစ်ဆင့် သူတို့ စခန်းကို ပြန်ကြပါတော့တယ်။  ထိုဆုံးဖြတ်ချက်ကို အများစုက သဘောမကျ ကြပါဘူး။ Glass မှာ […]

Read more

Endor တိုက်ပွဲမှာ Luke Skywalker နဲ့ Darth Vader တို့ ဖြိုခွဲလိုက်တဲ့ ကြယ်စင်စု အင်ပါယာကြီး ပြိုကွဲသွားပြီးတဲ့နောက် နှစ်ပေါင်း ၃၀ လောက်အကြာမှာ ရီပတ်ဘလစ် တပ်မတော်ဟာ ကြယ်စင်စု အင်ပါယာကြီးရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ပထမတန်း တပ်မတော်နဲ့ စစ်ပွဲသစ် ထပ်မံ ဆင်နွှဲနေရပါတယ်။ ရီပတ်ဘလစ်ရဲ့ ခုခံရေး တပ်ဖွဲ့ဟာ Luke ရဲ့ အမွှာအစ်မ မင်းသမီး Leia Organa ရဲ့ ဦးဆောင်မှုအောက်မှာ ပထမတန်း တပ်မတော်ကို အပြင်းအထန် ခုခံတိုက်ခိုက်နေရပါတယ်။ ခုခံရေး တပ်ဖွဲ့က ထိပ်တန်း လေယာဉ်မှူး Poe Dameron ဟာ Jakku ဂြိုဟ်က သက်ကြီးဝါကြီး Lor San Tekka ကို လျှို့ဝှက်သွားရောက်တွေ့ဆုံရင်း […]

Read more