ပင်လယ်ထဲက အထီးကျန် ငှက်ကျွန်းမှာ မပျံသန်းနိုင်တဲ့ ငှက်တွေဟာ အေးချမ်းစွာ နေထိုင်နေကြပါတယ်။ Red ဟာ အလွန်ဒေါသကြီးပြီး အမြဲတမ်း တလွဲ လုပ်တတ်တာကြောင့် ဘယ်အလုပ်မှာမှ အဆင်မပြေပါဘူး။ အကြီးမားဆုံး ပြဿနာ အနေနဲ့ ရက်မစေ့သေးပဲ ငှက်ဥကနေ ကလေးလေးတွေ ထွက်လာအောင် လုပ်မိတာကြောင့် ပြစ်ဒဏ်ပေးခံရပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကတော့ ဒေါသထိန်းချုပ်ရေး သင်တန်း တက်ရောက်ရမှာ ဖြစ်ပြီး အဲဒီသင်တန်းမှာ Chuck ၊ Bomb ၊ Terence နဲ့ သင်တန်းမှူး Matilda တို့နဲ့ ဆုံတွေ့ရပါတယ်။ တစ်ရက်တော့ သူတို့ကျွန်းကို ဝက်တွေပါတဲ့ သင်္ဘောတစ်စီး ရောက်လာပါတယ်။ သူတို့နဲ့ အတူ လောက်လေးခွနဲ့ မိုးပျံပူဖောင်းလို နည်းပညာတွေ သယ်ဆောင်လာပြီး ကျွန်းသားတွေနဲ့ အတူ ပျော်ပွဲရွှင်ပွဲတွေ […]

Read more

Eos ဆိုတဲ့ ဂြိုဟ်ကြီးတစ်ခုပေါ်မှာ Lucis ၊ Tenebrae နဲ့ Niflheim အပါအဝင် နိုင်ငံအများအပြားဟာ သက်ဆိုင်ရာ တော်ဝင်မင်းဆက်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ကြပါတယ်။ နိုင်ငံတစ်ခုစီတိုင်းမှာ အဲဒီနိုင်ငံရဲ့ စွမ်းအားရှိ လက်နက်အဖြစ် မှော်ကျောက်တုံး တစ်တုံးစီ ရှိကြပါတယ်။ ဒါပေမယ့် Niflheim ဘုရင်ဟာ စက်ကိရိယာတွေ၊ လက်နက်တွေနဲ့ သတ္တဝါဆန်းကြီးတွေကို အသုံးပြုပြီး ကျန်တဲ့ နိုင်ငံတွေဆီကနေ မှော်ကျောက်တုံးတွေကို လိုက်လံလုယူပါတယ်။ နောက်ဆုံး Niflheim ရဲ့ အင်ပါယာကို ခုခံနိုင်တာဆိုလို့ Lucis တစ်ခုပဲ ကျန်ပါတော့တယ်။ Lucis ရဲ့ ဘုရင် Regis ဟာ သေလုမျောပါး နာမကျန်းဖြစ်နေတဲ့ သူ့သား Noctis ကို ဆေးကုသဖို့ Tenebrae ကို လျှို့ဝှက်သွားရောက်ခဲ့ပါတယ်။ Noctis […]

Read more

ဝိညာဉ်ဘုံသို့ ရောက်နေပြီဖြစ်တဲ့ Master Oogway ဟာ တချိန်က သူ့ရဲ့ ရဲဘော်ရဲဘက် ဖြစ်ခဲ့ဖူးတဲ့ Kai နဲ့ တိုက်ပွဲ ပြန်လည်ဆင်နွှဲရပါတယ်။ Kai ဟာ ဝိညာဉ်ဘုံမှာ ရှိသမျှ သိုင်းပညာရှင် သူရဲကောင်းတွေရဲ့ ချီဓာတ် (အသက်ဓာတ်) တွေကို လိုက်လံခိုးယူနေပြီး သက်ရှိဘုံကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေသူပါ။ Oogway က သူ့ရဲ့ ချီဓာတ်ကို အသာတကြည် ပေးလိုက်ပေမယ့် သက်ရှိဘုံက နဂါးသူရဲကောင်းဟာ Kai ကို နှိမ်နင်းမှာ ဖြစ်ကြောင်းလည်း ပြောထားခဲ့ပါတယ်။ ငြိမ်းချမ်းရေးတောင်ကြားမှာ အနားယူသွားပြီ ဖြစ်တဲ့ Master Shifu ဟာ သူ့ရဲ့တာဝန်တွေကို Po ထံ လွှဲအပ်လိုက်ပါတယ်။ သူ့ရဲက တာဝန်ထဲမှာ ကျောင်းသားတွေကို သိုင်းပညာသင်ကြားပေးဖို့လည်း ပါပါတယ်။ […]

Read more

2012 ခုနှစ်ကထွက်ရှိထားတဲ့ Hotel Transylvania ရဲ့ အဆက်ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားမှာတော့ Johnnystein နဲ့ ဗန်ပိုင်းယား မလေး Mavis တို့ ချစ်ကြိုက်သွားတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။ ဒီဇာတ်ကားအစမှာတော့ သူတို့ နှစ်ယောက် မင်္ဂလာဆောင်တဲ့အခန်းနဲ့ စတင်ထားပြီးတော့ Johnnystein ရဲ့ မိဘတွေပါ မင်္ဂလာပွဲကို တက်ရောက်ကြပြီး မင်္ဂလာပွဲကို ပျော်ရွှင်စွာ ကျင်းပ ဖြစ်ခဲ့ပါတော့တယ်။ နောက်ပိုင်းမှာတော့ Mavis ဟာ ကိုယ်ဝန်ရှိလာပြီး Dennis လို့ခေါ်တဲ့သားလေးကို မွေးဖွားလာခဲ့ပါတယ်။ Dennis လေး ၅ နှစ်မပြည့်ခင်မှာ အဖိုးဖြစ်သူ Drac ဟာ သူ့မြေးဖြစ်သူ Dennis ဟာ ဗန်ပိုင်းယားတို့ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ အစွယ်ပေါက်မလာသေးတဲ့အတွက် သူ့မြေးဖြစ်သူ ဗန်ပိုင်းယားသွေး မပါလာမှာကို […]

Read more

လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းခန့်က ကမ္ဘာမြေကို ဝင်တိုက်ရန် အရှိန်အဟုန်နဲ့ ဖြတ်သန်းလာတဲ့ ဥက္ကာခဲကြီး တစ်ခုဟာ ကမ္ဘာအနီးမှ ဖြတ်သန်းသွားပါတယ်။ နောက်နှစ်ပေါင်း ၆၅ သန်းကြာတဲ့အခါမှာတော့ Apatosaurus လို့ခေါ်တဲ့ လည်ပင်းရှည် အရွက်စား ဒိုင်နိုဆော Henry နဲ့ Ida လယ်သမား လင်မယား နှစ်ယောက်ဟာ တောင်ခြေတစ်ခုမှာ အခြေချပြီး နေထိုင်ကြပါတယ်။ သူတို့ရဲ့ မျိုးဆက်သစ် ဖြစ်လာမယ့် ဥလေး ၃ လုံးဟာ မကြာခင်မှာပဲ ပေါက်ပွားလာပါတယ်။ Libby လို့ ခေါ်တဲ့ တက်တက်ကြွကြွ ရှိတဲ့ ဒိုင်နိုဆောပေါက်လေး၊ Buck လို နာမည်ပေးထားတဲ့ ဉာဏ်များတဲ့ ဒိုင်နိုဆောပေါက်လေးတွေ မွေးဖွားလာပြီး နောက်မှာတော့ အရွယ်ကြီးမားတဲ့ ဥကြီးကနေ အလွန်ကြောက်တတ်တဲ့ ဒိုင်နိုဆောလေး Arlo […]

Read more