ပင်လယ်ထဲက အထီးကျန် ငှက်ကျွန်းမှာ မပျံသန်းနိုင်တဲ့ ငှက်တွေဟာ အေးချမ်းစွာ နေထိုင်နေကြပါတယ်။ Red ဟာ အလွန်ဒေါသကြီးပြီး အမြဲတမ်း တလွဲ လုပ်တတ်တာကြောင့် ဘယ်အလုပ်မှာမှ အဆင်မပြေပါဘူး။ အကြီးမားဆုံး ပြဿနာ အနေနဲ့ ရက်မစေ့သေးပဲ ငှက်ဥကနေ ကလေးလေးတွေ ထွက်လာအောင် လုပ်မိတာကြောင့် ပြစ်ဒဏ်ပေးခံရပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကတော့ ဒေါသထိန်းချုပ်ရေး သင်တန်း တက်ရောက်ရမှာ ဖြစ်ပြီး အဲဒီသင်တန်းမှာ Chuck ၊ Bomb ၊ Terence နဲ့ သင်တန်းမှူး Matilda တို့နဲ့ ဆုံတွေ့ရပါတယ်။ တစ်ရက်တော့ သူတို့ကျွန်းကို ဝက်တွေပါတဲ့ သင်္ဘောတစ်စီး ရောက်လာပါတယ်။ သူတို့နဲ့ အတူ လောက်လေးခွနဲ့ မိုးပျံပူဖောင်းလို နည်းပညာတွေ သယ်ဆောင်လာပြီး ကျွန်းသားတွေနဲ့ အတူ ပျော်ပွဲရွှင်ပွဲတွေ […]

Read more

ငယ်စဉ်ကလေးဘဝမှာ ကျောင်းသူလေး Sayaka Kudo ဟာ အကြောင်းအမျိုးမျိုးကြောင်း ကျောင်းပေါင်းစုံ ပြောင်းလဲ တက်ခဲ့ရပါတယ်။ အဲဒီလို တက်ခဲ့ရတဲ့အတွက် သူတက်သမျှ ကျောင်းတိုင်းမှာ သူ့အတွက် အပေါင်းအသင်း သူငယ်ချင်းဆိုတာ မရခဲ့ပါဘူး။ တစ်ယောက်တည်း အထီးကျန် ဖြစ်နေတဲ့ Sayaka ဟာ သူ့ကို အလွန်ချစ်မြတ်နိုးတဲ့ မိခင်ရဲ့ ကျေးဇူးကြောင့် မိန်းကလေးသီးသန့် ပုဂ္ဂလိက အထက်တန်းကျောင်းမှာ တက်ခွင့်ရခဲ့ပြီး သူငယ်ချင်းတွေ ရလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့သူငယ်ချင်းအုပ်စုဟာ စာကို စိတ်ဝင်စားခြင်း မရှိပဲ အလှအပနဲ့ အပျော်အပျက်တွေမှာသာ မွေ့လျော်နေခဲ့ပါတယ်။ အထက်တန်း ဒုတိယနှစ် (ဂျပန်နိုင်ငံတွင် အထက်တန်းကို ၃ နှစ် သင်ကြားရသည်) ရောက်လာသည်အထိ Sayaka ဟာ ရည်မှန်းချက်လည်း မရှိသလို ဖြစ်သလို နေထိုင်ခဲ့ပါတယ်။ Sayaka […]

Read more

  Qiangzi ဟာ တရုတ်နိုင်ငံသားဖြစ်ပေမယ့် တောင်ကိုရီးယားမှာနေထိုင်ရင်း မူလတန်းကျောင်းမှာ တရုတ်စာ ကျောင်းဆရာအဖြစ်လုပ်ကိုင်နေတဲ့သူတယောက်ဖြစ်ပြီး ကျောင်းပိတ်ရက်မှာ ငယ်သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ထားတယ်… ဂျယ်ဂျူးကျွန်းကို လည်ပတ်ဖို့ သူငယ်ချင်းတွေနဲ့အတူ ထွက်လာစဉ်မှာပဲ လမ်းခရီးမှာ ကားမတော်တဆဖြစ်ထားတာကို တွေ့ရှိပြီး ကားပေါ်မှာပါလာတဲ့ အမျိုးသမီး (Ji-yeon) ကိုကူညီကယ်တင်ခဲ့ပါတယ်… လမ်းမှာ ရဲလှည့်ကင်းကားကိုတွေ့တာကြောင့် အကူညီတောင်းစဉ်မှာပဲ ရုတ်တရက် Ji-yeon ဟာ ရဲအရာရှိကို ပစ်သတ်လိုက်တာကို တွေ့မြင်ချိန်ကစ အရာရာဟာ ပြောင်းလဲသွားခဲ့ပါပြီ.. ကြောက်လန့်ပြီး ချက်ချင်းထွက်ပြေးလိုက်နိုင်လို့ သူငယ်ချင်း ၂ ယောက်ကတော့ လွတ်သွားပေမယ့် Qiangzi နဲ့ သူ့ညီလေး ကတော့ မလွတ်မြောက်နိုင်ခဲ့ဘူး…ဒါပေမယ့်  သူတို့ ၂ ယောက်ဆီမှာ Ji-yeon ရဲ့ ပိုက်ဆံအိတ် ပါလာခဲ့ပါတယ်… အသတ်ခံရတဲ့ ရဲ Body ကို ရဲကားနဲ့ သယ်ပြီး သွားတိုင်တဲ့ သူငယ်ချင်းနှစ်ယောက်မှာလဲ ရုတ်တရက် Body ပျောက်ဆုံးသွားပြီး ရဲကားနောက်ခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရဲအရာရှိတစ်ယောက်ကို ထပ်မံတွေ့ရှိတာကြောင့် အထင်လွဲခံရပြီး ရဲကိုအကြမ်းဖက်မှု့နဲ့ ဝရမ်းထုတ်ခံရပြန်ပါတယ်..  လွှတ်မြောက်သွားတဲ့ သူငယ်ချင်း […]

Read more

2012 ခုနှစ်ကထွက်ရှိထားတဲ့ Hotel Transylvania ရဲ့ အဆက်ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားမှာတော့ Johnnystein နဲ့ ဗန်ပိုင်းယား မလေး Mavis တို့ ချစ်ကြိုက်သွားတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။ ဒီဇာတ်ကားအစမှာတော့ သူတို့ နှစ်ယောက် မင်္ဂလာဆောင်တဲ့အခန်းနဲ့ စတင်ထားပြီးတော့ Johnnystein ရဲ့ မိဘတွေပါ မင်္ဂလာပွဲကို တက်ရောက်ကြပြီး မင်္ဂလာပွဲကို ပျော်ရွှင်စွာ ကျင်းပ ဖြစ်ခဲ့ပါတော့တယ်။ နောက်ပိုင်းမှာတော့ Mavis ဟာ ကိုယ်ဝန်ရှိလာပြီး Dennis လို့ခေါ်တဲ့သားလေးကို မွေးဖွားလာခဲ့ပါတယ်။ Dennis လေး ၅ နှစ်မပြည့်ခင်မှာ အဖိုးဖြစ်သူ Drac ဟာ သူ့မြေးဖြစ်သူ Dennis ဟာ ဗန်ပိုင်းယားတို့ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ အစွယ်ပေါက်မလာသေးတဲ့အတွက် သူ့မြေးဖြစ်သူ ဗန်ပိုင်းယားသွေး မပါလာမှာကို […]

Read more

လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းခန့်က ကမ္ဘာမြေကို ဝင်တိုက်ရန် အရှိန်အဟုန်နဲ့ ဖြတ်သန်းလာတဲ့ ဥက္ကာခဲကြီး တစ်ခုဟာ ကမ္ဘာအနီးမှ ဖြတ်သန်းသွားပါတယ်။ နောက်နှစ်ပေါင်း ၆၅ သန်းကြာတဲ့အခါမှာတော့ Apatosaurus လို့ခေါ်တဲ့ လည်ပင်းရှည် အရွက်စား ဒိုင်နိုဆော Henry နဲ့ Ida လယ်သမား လင်မယား နှစ်ယောက်ဟာ တောင်ခြေတစ်ခုမှာ အခြေချပြီး နေထိုင်ကြပါတယ်။ သူတို့ရဲ့ မျိုးဆက်သစ် ဖြစ်လာမယ့် ဥလေး ၃ လုံးဟာ မကြာခင်မှာပဲ ပေါက်ပွားလာပါတယ်။ Libby လို့ ခေါ်တဲ့ တက်တက်ကြွကြွ ရှိတဲ့ ဒိုင်နိုဆောပေါက်လေး၊ Buck လို နာမည်ပေးထားတဲ့ ဉာဏ်များတဲ့ ဒိုင်နိုဆောပေါက်လေးတွေ မွေးဖွားလာပြီး နောက်မှာတော့ အရွယ်ကြီးမားတဲ့ ဥကြီးကနေ အလွန်ကြောက်တတ်တဲ့ ဒိုင်နိုဆောလေး Arlo […]

Read more