globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Drama

Flying Colors [Birigyaru] (2015)

ငယ်စဉ်ကလေးဘဝမှာ ကျောင်းသူလေး Sayaka Kudo ဟာ အကြောင်းအမျိုးမျိုးကြောင်း ကျောင်းပေါင်းစုံ ပြောင်းလဲ တက်ခဲ့ရပါတယ်။ အဲဒီလို တက်ခဲ့ရတဲ့အတွက် သူတက်သမျှ ကျောင်းတိုင်းမှာ သူ့အတွက် အပေါင်းအသင်း သူငယ်ချင်းဆိုတာ မရခဲ့ပါဘူး။ တစ်ယောက်တည်း အထီးကျန် ဖြစ်နေတဲ့ Sayaka ဟာ သူ့ကို အလွန်ချစ်မြတ်နိုးတဲ့ မိခင်ရဲ့ ကျေးဇူးကြောင့် မိန်းကလေးသီးသန့် ပုဂ္ဂလိက အထက်တန်းကျောင်းမှာ တက်ခွင့်ရခဲ့ပြီး သူငယ်ချင်းတွေ ရလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့သူငယ်ချင်းအုပ်စုဟာ စာကို စိတ်ဝင်စားခြင်း မရှိပဲ အလှအပနဲ့ အပျော်အပျက်တွေမှာသာ မွေ့လျော်နေခဲ့ပါတယ်။ အထက်တန်း ဒုတိယနှစ် (ဂျပန်နိုင်ငံတွင် အထက်တန်းကို ၃ နှစ် သင်ကြားရသည်) ရောက်လာသည်အထိ Sayaka ဟာ ရည်မှန်းချက်လည်း မရှိသလို ဖြစ်သလို နေထိုင်ခဲ့ပါတယ်။ Sayaka ရဲ့ ဖခင်ဟာ Sayaka ရဲ့ မောင်ကို …

Read More »

The Revenant (2015)

သက္ကရာဇ် ၁၈၂၃ . . . . ကပ္ပတိန် Andrew Henry တို့အဖွဲ့ဟာ အနီးအနားတဝိုက် တောနက်တွေထဲမှာ သားမွေးတွေ ရရှိရန် အလို့ငှာ အမဲလိုက်လျက်ရှိပါတယ်။ သူတို့တတွေ ရရှိထားတဲ့ သားမွေးတွေကို ထုတ်ပိုးပြီး ပြန်ဖို့ရာ ပြင်ဆင်နေဆင် ဒေသခံ Arikara လူမျိုးတွေရဲ့ အလစ်တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ အဖွဲ့ဝင်တချို့သာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး အများစုကတော့ အသတ်ခံလိုက်ရပါတော့တယ်။ ထိုထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာမှ Glass ဟာ အမဲလိုက်အတွေ့အကြုံအရှိဆုံးဖြစ်ပြီး ရေမြေဒေသနဲ့ ဒေသခံ တွေအကြောင်း သိရှိသူဖြစ်ပါတယ်။ Glass ရဲ့ အကြံပေးမှုနဲ့ သူတို့အဖွဲ့ဟာ ထွက်ပြေးလွတ်မြောက်လာတဲ့လှေကို စွန့်ခွာပြီး တောထဲမှတစ်ဆင့် သူတို့ စခန်းကို ပြန်ကြပါတော့တယ်။  ထိုဆုံးဖြတ်ချက်ကို အများစုက သဘောမကျ ကြပါဘူး။ Glass မှာ Hawk ဆိုတဲ့ သားတစ်ယောက်ရှိပြီး လူငယ်အရွယ်သို့ပင် ရောက်ရှိနေပါပြီ။ …

Read More »

Man, Woman and the Wall (2007)

Ryo Kawase ဟာ မဂ္ဂဇင်းတိုက်လေးတစ်ခုက စာရေးဆရာ ပေါက်စလေး တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အယ်ဒီတာက ရှာပေးတဲ့ တိုက်ခန်းအသစ်မှာ စတင်အခြေချနေထိုင်ရင်း ရေဆိုးမြောင်းတွေအကြောင်း အချက်အလက်တွေ စုဆောင်းပြီး ဆောင်းပါးရေးနေတာ ဖြစ်ပါတယ်။ သူပြောင်းရွှေ့နေထိုင်တဲ့ တိုက်ခန်းရဲ့ နံရံဟာ အလွန်ပါးတာကြောင့် တစ်ဖက်အခန်းက အသံတွေကို ကြားနေရပါတယ်။ သူနဲ့ ကပ်လျက်အခန်းမှာ အမျိုးသမီး တစ်ဦးနေထိုင်ပါတယ်။ အမျိုးသမီးဟာ ငယ်ရွယ်ပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ Ryo က ထင်ပါတယ်။ ရည်းစားလည်း မရှိ တကိုယ်တည်း နေထိုင်တဲ့ Ryo အတွက် စိတ်ဝင်စားစရာ အချိန်တွေ ရောက်ရှိလို့ လာပါပြီ။ အမျိုးသမီး ရေချိုးနေချိန်ဆို တဖက်ခန်းကနေ ကြားနေရတာကြောင့် စိတ်ဝင်တစားတွေ ဖြစ်လာပြီး တဖက်ခန်းက အသံကို Ryo က ခိုးနားထောင်ပါတယ်။ အဲဒီလို နားထောင်နေချိန်မှာပဲ တွေ့လိုက်ရတာကတော့ …

Read More »

The 33 (2015)

ချီလေ (Chile) နိုင်ငံရဲ့ ဆန်ဟိုစေး (San Jose Mine) ရွှေနဲ့ကြေးနီသတ္တုတွင်းပြိုကျမှု ဖြစ်ရပ်မှန်ဇာတ်လမ်း ချီလေနိုင်ငံသား ၃၂ယောက်နဲ့ ဘိုလီးဗီးယန်းနိုင်ငံသား၁ယောက်ပေါင်း၃၃ယောက်တို့ပါဝင်တဲ့ ဆန်ဟိုစေးမိုင်း ရွှေတူးလုပ်သား အဖွဲ့ဟာ ၂၀၁၀ သြဂုတ်လ ၅ရက်နေ့မှာ ပေပေါင်း ၂၃၀၀ အနက်ကို ရွှေတူးရန်သွားခဲ့ကြပါတယ်။ ပြတ်ရွေ့ စပြုနေတဲ့ မြေအောက် ရွှေတွင်းက အဲ့ဒီနေ့မှာပဲ ပြိုကျကာ မြေပြင်ကိုပြန်ထွက်နိုင်မဲ့ တစ်ခုထဲသောလမ်းပိတ်သွားပါတယ်။     ပိတ်မိနေတဲ့ လုပ်သား ၃၃ယောက်လုံး စုစုစည်းစည်းရှာတွေ့တဲ့ကာ အုပ်စုခေါင်းဆောင်နဲ့အတူ မြေပြိုကျတဲ့အခါ ပုန်းအောင်းနေနိုင်ရန်နဲ့ ကယ်ဆယ်ရလွယ်ကူရန်သတ်မှတ်ထားတဲ့ ကယ်ဆယ်ရေးစခန်းကို သွားကြပါတယ်။  ကုမ္ဗဏီပိုင်ရှင်တွေက ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး တည်ဆောက်ထားတဲ့ မိုင်းတွင်းဖြစ်နေတာမို့ ကယ်ဆယ်ရေးစခန်းနေရာရောက်တဲ့အခါ ဆေးပစ္စည်းနဲ့ ရေဒီယိုလဲ မရှိတဲ့အပြင် အပေါ်တက်ဖို့လှေကားကလည်း တ၀က်တပျက် တပ်ဆင်ထားတာ ကိုတွေ့လိုက်ရပါတယ်။ ရိက္ခာအဖြစ် မုန့်ခြောက်နဲ့ ငါးသေတ္တာ အနည်းငယ်ပဲ ရှာတွေတဲ့အတွက် ကယ်ဆယ်ရေး မလာမချင်း အသက်ဆက်နေနိုင်ဖို့ ရိက္ခာကို …

Read More »

Spare Parts (2015)

ဒီဇာတ်ကားလေးကတော့ Mcfarland (2015) နဲ့ ဇာတ်လမ်းချင်းတူညီရုံသာမက အမေရိကန် မက္ကစီကို နယ်စပ်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ ထို့အတူ တကယ်အဖြစ်ပျက်ကို ပြန်လည်ရုက်ကူးထားတာလဲ တူညီပါသေးတယ်။   အထက်တန်းကျောင်းက လူငယ်လေးတွေ စက်ရုပ်ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ဖို့ရှိလာပြီး ထိုပြိုင်ပွဲကို အမေရိကန်က တခြားနာမည်ကြီးကျောင်းတွေပါ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ သူတို့ကျောင်းအနေနဲ့ကတော့ ပထမဆုံး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သူတို့မှာ အတွေ့အကြုံမရှိ၊ စက်ရုပ်တည်ဆောက်ဖို့အတွက် လုပ်လောက်တဲ့ ငွေကြေးလည်း မရှိပါဘူး။ ထို့အတူ ပြိုင်ပွဲနီးမှာ အဖွဲ့ဝင်တွေကို လိုက်လံ ခေါ်ယူနေရပါတော့တယ်။ သူတို့အဖွဲ့လေးကို ဦးဆောင်ယှဉ်ပြိုင်မယ့် ဆရာကတော့ တစ်လောကမှ ကျောင်းကို ရောက်ရှိလာတဲ့ ဆရာအသစ်တစ်ယောက်ဖြစ်ပြီး သူ့မှာ ဆရာအတွေ့အကြုံလည်းမရှိပါဘူး။ ထိုဆရာအနေနဲ့ သူတို့အဖွဲ့လေးကို ဘယ်လိုဦးဆောင်မှုတွေပေးပြီး ရေအောက်စက်ရုပ်ပြိုင်ပွဲမှာ ဘယ်လိုမျိုး စွမ်းဆောင်နိုင်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပါ။ IMDB Ratings: 7.2/10 ရရှိထားပြီး George Lopez, …

Read More »

San Andreas (2015)

သဘာဝဘေးအန္တရယ်တွေထဲက တစ်ခုဖြစ်တဲ့ ငလျင်အကြောင်းကို အဓိက ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပြီး ငလျင်ရဲ့ နောက်ထက်ဆိုးကြိုးတွေအကြောင်းကို မိသားစု ၃ ဦးရဲ့ သံယောဇဉ်လေးနဲ့အတူ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုပါ။ Ray ဟာ Los Angeles မီးသတ်ဌာနရဲ့ လေကြောင်းကယ်ဆယ်ရေးဌာနမှာ လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မိန်းမ Emma နဲ့ မကြာခင်ကွာရှင်းတော့မှာပါ။ သူ့မှာ Blake ဆိုတဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ တစ်ခြားတစ်ဖက်မှာတော့ မြေငလျင်ပညာရှင် Hayes နဲ့ သူ့လုပ်ဖော်ကိုင်ဖက် Kim တို့ဟာ Hoover ဆည်မှာ ငလျင်ကြိုတင်ခံမှန်းရေးအတွက် သုတေသနလုပ်လျက်ရှိနေပါတယ်။ သူတို့သုတေသနဟာ အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။ ထိုအချိန်မှာပဲ ပြင်းအား ၇.၁ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားပြီး Hoover ဆည်လဲ ပျက်စီးသွားခဲ့ပြီး Kim လည်း အသက်ပေးခဲ့ရပါတော့တယ်။ ထိုအဖြစ်အပျက်ကြောင့် Ray ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် သွားဖို့ပေါ်လာပြီး Blake …

Read More »

Southpaw (2015)

ဇာတ်လမ်းအစက မဒ်ဒဇင်စကွဲဂါးဒင်း (Madison Square Garden) ကလက်ဝှေ့ရုံကြီးရဲ့ နားနေခန်းတစ်နေရာ။ သန်မာတဲ့လက်တစ်စုံအပေါ် ပတ်တီးဖြူတွေ အထပ်ထပ်ရစ်ပတ်ပြီး လက်ဝှေ့အိတ်ကိုသေချာစည်းနှောင်တာကို မန်နေဂျာဂျော်ဒန် (Jordan) နဲ့ သူ့အဖွဲ့သားများ ၊နောက်ဇနီးဖြစ်သူမော်ရင်းန် (Maureen) နဲ့အတူ ဒိုင်လူကြီးများကစောင့်ကြည့်နေကြပါတယ်။ ထိုလက်ပိုင်ရှင်ကတော့ ဘီလီရှိနေသရွေ့ မျှော်လင့်ချက်အမြဲရှိတယ်လို့ပြောစမှတ်ပြုရတဲ့ ပွဲတိုင်းနိုင်တဲ့ အငယ်တန်းဟဲဗီးဝိတ်ချန်ပီယံ ဘီလီဟုပ် (Billy Hope) ဖြစ်ပါတယ်။       ဒီနေ့ပွဲမှာလည်း သူ့ထက်ငယ်တဲ့ပြိုင်ဘက်ဂျိမ်းစ် (James) ကို အကြိတ်အနယ်ယှဉ်ပြိုင်ကာလေးကြိမ်ဆက်တိုက် ချန်ပီယံဆုဆွတ်ခူးခဲ့ပါတယ်။အဲ့ဒီနောက် သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ နံမည်ကြီးပြိုင်ဘက် မခ်ဂဲလ်မက်ဂျစ်အက်စ်ခဘာ (Miguel Magic Escobar) က ပြိုင်ပွဲမှာအနိုင်ရသူ ဘီလီနဲ့ ယှဉ်ပြိုင်ထိုးလိုကြောင်း ပြောပေမယ့် မန်နေဂျာဂျော်ဒန်က လက်မခံတဲ့အတွက် မခ်ဂဲလ်က အခဲမကြေပါဖူး။ ဒီလက်ဝှေ့ပွဲမှာ အနိုင်ရခဲ့သော်လည်း ဘယ်မျက်ခုံးကွဲသွားတဲ့အထိ ၁၀ချီတိုင်အောင် အပြင်းအထန်ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် ဇနီးမော်ရင်းန်မှာ စိတ်မကောင်းဖြစ်ရပါတယ်။ အထိနာလေ …

Read More »

Gangnam 1970 (2015)

  ၁၉၇၀ ဝန်းကျင် . . . . တောင်ကိုရီးယားနိုင်ငံ မဖွံဖြိုးမတိုးတက်သေးချိန် . . တရားဥပဒေစိုးမိုးမှု မရှိသေးချိန် . . . .   ဂျုံဒေးနဲ့ ယုံကီ ဟာ မိဘမဲ့ လူရွယ်လေးတွေဖြစ်ပြီး ညီအစ်ကိုရင်းသဖွယ် တူတူနေထိုင်ကြရင်း ခက်ခဲတဲ့အချိန်တွေကို အတူတူ ကျော်ဖြတ်နေကြပါတယ်။ တစ်နေ့တော့ သူတို့နေထိုင်တဲ့ အိမ်စုတ်လေးဟာလည်း ဒေသခံလူမိုက်တွေရဲ့ ဖြိုချဖျက်စီးတာကို ခံလိုက်ရပါတော့တယ်။ ထို့ကြောင့်သူတို့တွေဟာ ပိုက်ဆံရှာဖို့အတွက် နိုင်ငံရေး ပဋိပက ရန်ပွဲတစ်ခုမှာ ပါဝင်ဖြစ်ပါတော့တယ်။ ထို ပဋိပက မှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်ပြန်ရှာမတွေ့ကြတော့ပဲ ကွဲကွာသွားကြပါတော့တယ်။       ၃ နှစ်ခန့်ကြာပြီးမှာတော့  ဂျုံဒေးဟာ လူမိုက်ခေါင်းဆောင်တစ်ဦးနဲ့အတူတူ နေထိုင်လျက်ရှိပါတယ်။ သူကတော့ Gil Soo ဖြစ်ပြီး သူ့မှာ သမီးတစ်ယောက်ရှိကာ လူမိုက်ခေါင်းဆောင်အဖြစ်မှ အနားယူပြီး ပင်မင်းဆိုင်လေးဖွင့်ထားကာ နေထိုင်လျက်ရှိပါတယ်။ ဂျုံဒေးဟာ Gil Soo တို့အတွက် မိသားစုတစ်ယောက်လို ဖြစ်နေပါတော့တယ်။ ဂျုံဒေးကတော့ကတော့ …

Read More »

Like Stars On Earth (2007)

  အသက် ၈ နှစ်အရွယ်ရှိ အီရှန်ဟာ မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီး ထူးချွန်တဲ့ အဖေ၊ အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါ။ ကျောင်းမှာလည်း အမြဲတန်း နောက်ဆုံးကဖြစ်ပြီး စာသင်ရတာကို စိတ်မ၀င်စားသူပါ။ ပန်းချီဆွဲရတာကို ၀ါသနာပါပြီး စာကောင်းကောင်းမလုပ်တဲ့အတွက် အမြဲတမ်း ဆရာမတွေရဲ့ ဆူပူ၊ အပြစ်ပေးခြင်းကို ခံရလေ့ရှိပါတယ်။ တတိယတန်းကို တစ်ကြိမ်ကျခဲ့လို့ ပြန်တက်နေရတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ လူကောင်ငယ်ပေမယ့် ဂျစ်ကန်ကန်ကျောင်းသားလေးဖြစ်ပြီး သူစိတ်ဝင်စားတာက ပြင်ပလောကကြီးကိုပါ။ စာအလွန်ညံ့ပြီး အဆော့မက်တဲ့ အီရှန်ဟာ ကျောင်းက အမှတ်စာရင်းတွေပို့ရင်လည်း အိမ်ကိုပြန်မပြပဲ ကျောင်းလည်း ပြေးတတ်ပါသေးတယ်။ အတန်းထဲမှာ စာဖတ်ခိုင်းရင်လည်း မဖတ်တတ်ပဲ ဆရာမကိုပြန်ပြောင်လို့ အခန်းအပြင်ထုတ်ပြီး အပြစ်ပေးခံရပါတယ်။   စာသင်နှစ်ဝက်ရောက်တဲ့ အချိန်မှာတော့ ကျောင်းအုပ်ဆရာမကြီးက အီရှန်ရဲ့ မိဘတွေကို ခေါ်တွေ့ပြီး အီရှန့်ကို ဒီကျောင်းမှာ ဆက်ပြီး လက်မခံနိုင်တော့ကြောင်း ပြောပြပါတယ်။ အီရှန်ရဲ့ ဖခင်ဟာ …

Read More »

Mcfarland (2015)

ဂျင်မ်ဝှိုက် (Jim White) က အမေရိကန်ပြည်ထောင်စု၊ အိုင်ဒဟိုပြည်နယ်ရဲ့ လူစည်ကားရာမြို့တော်ဖြစ်တဲ့ ဘွိင်ဇီ (Boise) မြို့မှာ ဘောလုံးအသင်းနည်းပြဆရာ လုပ်နေသူဖြစ်ပါတယ်။ တစ်ရက်တော့ ပြိုင်ပွဲမှာလျော့တိလျော့ရဲ ကစားသွားတဲ့ သူ့အသင်းသားတွေကိုဆူရာမှာ ဒေါသကြောင့်လက်ပါမိတဲ့အတွက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျင်မ်က ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ ကယ်လ်လီဖိုးနီးယားပြည်နယ်၊ ဆင်ခြေဖုံးမြို့လေးဖြစ်တဲ့ မက်ဂ်ဖားလန် (McFarland) ကိုပြောင်းရွှေ့ခဲ့ပါတော့တယ်။ အချိန်ကာလကတော့ ၁၉၈၇ခုနှစ်ပဲဖြစ်ပါတယ်။ နယ်မြေသစ်ကို စရောက်တဲ့ည စားသောက်ဆိုင်တစ်ခုမှာ ညစာစားပြီးပြန်အထွက် လက်တင်လူမျိုးတွေ အုပ်စုလိုက်မောင်းနှင်လာသော ကားတန်းရှည်ကြီးနဲ့ကြုံရာ သမီး ဂျူလီကို စနောက်မယ်ကြံတဲ့အတွက် ဂျင်မ့်မှာ ကားကိုအမြန်မောင်းထွက်ကာ ရှောင်ခဲ့ရပါတယ်။ အလုပ်အသစ်မှာ ဂျင်မ်က ကျောင်းတစ်ကျောင်းမှာ သိပ္ပံဘာသာရပ်သင်ကြားရေးတာဝန်နဲ့ ကာယသရုပ်ပြဆရာတာဝန်ကို ပူးတွဲယူရုံသာမက ကျောင်းရဲ့ ဘောလုံးအသင်းမှာလဲ တွဲဖက်နည်းပြလုပ်ရပါတယ်။ တစ်ရက်တော့ ကာယသင်တန်းချိန်မှာ ဒန်နီ (Danny)၊ ဒမက်ဂ်ဆီယို (Daamacio) နဲ့ ဒေးဗစ် (David) …

Read More »