globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Romance

Frequencies (2013)

ကမ္ဘာပေါ်မှာ လူတွေရဲ့ ဘဝတန်ဖိုး . . . ဆက်ဆံရေး . . . အစရှိသည်တို့ကို " frequencies " တွေနဲ့သတ်မှတ်ထားပါတော့တယ်။ ထိုထဲမှာမှ Isaac-Newton လို့ခေါ်တဲ့ကောင်လေးတစ်ယောက်  .. . .  သူ့ကိုတော့ Zak ကို လူသိများကြပြီး သူကတော့ "Low frequency" နဲ့ မွေးဖွားလာသူဖြစ်ပြီး သူကတော့ ထိုအရာကို ပြောင်းလဲပစ်ချင်နေတာပါ။ အကြောင်းကတော့ "High frquency" ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Marie ကို ငယ်စဉ်ကတည်းက စိတ်ဝင်တစားရှိနေလို့ပါ။ Zak ရဲ့ မိဘတွေနဲ့ ဆရာတွေကတော့ Zak နဲ့ Marie ဟာ ဆန့်ကျင်ဘက်တွေဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ် . . သူတို့ငယ်စဉ်ဘဝတွေ့ဆုံတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပျက်ကျန်ခဲ့တာပါပဲ။ Marie . .  သူမကတော့ "High frequency" အဖြစ်နဲ့ မွေးဖွားလာသူဖြစ်ပြီး စိတ်လှုပ်ရှားခံစားမှု မရှိပါဘူး။ …

Read More »

I Fine..Thank You Love You (2014)

Pleng ဟာ ချောမောလှပပြီး ငယ်ရွယ်တဲ့ အင်္ဂလိပ်ဆရာမ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ သင်တန်းမှာ လာတက်နေတဲ့ Pruek က Pleng ကို စိတ်ဝင်စားနေသလို Pleng ကလည်း သဘောကျနေပါတယ်။ Gym ကတော့ စက်ရုံက အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သူ့ရဲ့ ရည်းစား ဂျပန်မလေး Kaya နဲ့ စကားပြောဖို့ အင်္ဂလိပ်လို မတတ်တာကြောင့် စွန့်ပစ်ခံရသူပါ။ Kaya က အင်္ဂလိပ်လို မတတ်တဲ့ Gym ကို ထားခဲ့ပြီး ထွက်သွားဖို့ ဆုံးဖြတ်ချိန်မှာ Pleng ကို အကူအညီ တောင်းပါတယ်။ သူတောင်းတဲ့ အကူအညီကတော့ သူပြောချင်တဲ့ အင်္ဂလိပ်စကားတွေကို အသံသွင်းထားပြီး Pleng က Gym ကို ဘာသာပြန်ပေးဖို့ပါ။ ဒါပေမယ့် အခြေအနေတွေ အနည်းငယ်ရှုပ်ထွေးသွားပြီး နှုတ်ကြမ်းစိတ်ကြမ်း Gym က …

Read More »

Scarlet Innocence (2014)

Shim Hak-kyu ဟာ တက္ကသိုလ်တစ်ခုမှာ စာသင်ကြားနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး ကျောင်းမှာ sex ကိစ္စတစ်ခုနဲ့ပတ်သတ်ပြီး သတင်းထွက်လာတာကြောင့် သူ့ကို နယ်မြို့လေးတစ်ခုကိုသွားပြီး ကိစ္စမဖြေရှင်းရသေးခင်အချိန်ထိ စာသွားသင်ခိုင်းခြင်းခံနေရပါတယ်။ အဲ့မြို့လေးမှာသူဟာ Deok-ee လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံမိပါတော့တယ်။ သူမကတော့ ပန်းခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး အပြစ်ကင်းချစ်စရာကောင်းလှပါတယ်။ Deok-ee ဟာ စကားမပြောနိုင်တဲ့ သူ့မိခင်နဲ့ အတူနေထိုင်လျက်ရှိပါတယ်။  သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြိုက်မိပြီး အတူနေထိုင်လျက်ရှိနေကာ Deok-ee လည်း သူ့အမေရှိရာကို မပြန်ဖြစ်တော့ပါဘူး။ ထိုအချိန်မှာပဲ Shim Hak-kyu ဟာ သူ့တက္ကသိုလ်ကို ပြန်သွားရဖို့ရှိလာပါတော့တယ်။ ထို့ကြောင့်သူဟာ Deok-ee ကို ထားခဲ့ရတော့မှာဖြစ်ပြီး Deok-ee မှာ ကိုယ်ဝန်လည်းရှိနေပြန်ပါတော့တယ်။ Shim Hak-kyu ဟာ လူပျိုလူလွတ်တစ်ယောက်မဟုတ်ပဲ မိန်းမရှိကာ သမီးလေးတစ်ယောက်လည်းရှိပါသေးတယ်။ ထို့ကြောင့် Shim Hak-kyu ဟာ Deok-ee ကိုယ်ဝန်ကိုဖျက်ချခိုင်းခဲ့ပါတော့တယ်။ Deok-ee ဟာ Shim Hak-kyu ကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် Shim Hak-kyu ကတော့ သူမကို ပိုက်ဆံပေးကာ ထားခဲ့ခိုင်းတဲ့ညမှာပဲ Deok-ee တို့အိမ် …

Read More »

My Super Ex-Girlfriend (2006)

နယူးယောက်မြို့ကြီးမှာ ဖြစ်ပေါ်နေတဲ့ ဒုစရိုက်မှုတွေ အန္တရာယ်တွေကို ကာကွယ်နေတဲ့ သူရဲကောင်းတစ်ယောက် ရှိနေပါတယ်။ G-Girl လို့ လူသိများတဲ့ ဒီမိန်းကလေးဟာ ဘယ်လိုကနေ ဒီအစွမ်းသတ္တိတွေ ပိုင်ဆိုင်ထားလဲ မသိပေမယ့် သာမန်ထက် ပိုမိုထူးခြားတာတော့ အမှန်ပါပဲ။ Matt Saunders ဟာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်ပြီး သူနဲ့ ဘော်ဒါ Vaughn Haige တို့ဟာ ရည်းစားရရှိရေး အသည်းအသန် လုံးပမ်းနေကြသူတွေပါ။ တစ်ရက်မှာတော့ ရထားစီးရင် အူကြောင်ကြောင် ဂေါက်တောက်တော် အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။ အဲဒီအမျိုးသမီးရဲ့ ပိုက်ဆံအိတ်ကို လူတစ်ယောက်က လုပြေးသွားတာကြောင့် Matt က လိုက်ဖမ်းပေးပါတယ်။ တလွဲတချော်တွေ ဖြစ်သွားပေမယ့် Matt ဟာ Jenny Johnson ဆိုတဲ့ အမျိုးသမီးရဲ့ သူရဲကောင်း ဖြစ်သွားပါတယ်။ အချစ်ဇာတ်လမ်းတို့ရဲ့ ထုံးစံအတိုင်း Matt ဟာ …

Read More »

For Love or Money (2014)

Xing Lu ဟာချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ ချစ်သူတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲ သူ့ချစ်သူဟာ ပိုက်ဆံရှိတဲ့ သူဌေးသမီးတစ်ယောက်နဲ့ လက်ထပ်သွားတဲ့ အတွက် Xing Lu ဟာ အသည်းကွဲပြီး ကျန်ခဲ့ပါတော့တယ်။ ဒါကြောင့်သူဟာ စိတ်ညစ်ညစ်နဲ့ တိုက်ပေါ်ကနေ ခုန်ချဖို့အလုပ်မှာ Xu Chengxun ဟာ သွားရောက်ကယ်တင်ဖို့ ကြိုးစားရာက နှစ်ယောက်စလုံး တိုက်ပေါ်က ပြုတ်ကျခဲ့ပေမယ့် မီးသတ်သမားတွေက အောက်ဘက်မှာ အသက်ကယ်ပစ္စည်းတွေ ထားထားတာကြောင့် အသက်ချမ်းသာရာ ရခဲ့ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်တွေ့ဆုံမှုဟာ မထမဆုံးတွေ့ဆုံမှုမဟုတ်ခဲ့ပဲ အီတလီနိုင်ငံမှာ ပထမဆုံး တွေ့ဆုံခဲ့ဖူးပြီး Xu Chengxun ကားနဲ့ Xing Lu ကို တိုက်မိသွားသလိုဖြစ်ရာကနေမှတစ်ဆင့် Xu Chengxun ဟာ Xing Lu ကို မြင်မြင်ချင်းမှာပဲ နှစ်သက်သွားပါတော့တယ်။ Xing Lu ဟာ ကော်ဖီဆိုင်လေးတစ်ခုကိုဖွင့်ထားပြီး Xu Chengxun ကတော့ ပန်းချီဆွဲတာ ဝါသနာပါတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ပြိုင်ကားမောင်းရတာလဲ ဝါသနာပါပါတယ်။ Xu Chengxun ဟာ Xing Lu ကို ကော်ဖီဆိုင်လေးမှာ ကူညီပေးရင်း သူတို့နှစ်ယောက်ခင်မင်မှုဟာ ပိုမိုရင်းနှီးလာပြီး …

Read More »

Roald Dahl’s Esio Trot (2015)

ဇန်န၀ါရီလ ၁ရက်နေ့က စတင်ဖြန့်ချီခဲ့တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ ရိုးလ် ဒေါ့လ် ရဲ့ အက်ဆီရိုထရော့ ( Roald Dahl’s Essio Trot) လို့ခေါ်တဲ့ နံမည်ဆန်းတဲ့ ဒီဇာတ်လမ်းလေးကို လူတစ်ယောက်ကပုံပြောနေဟန် နဲ့အစပြုထားပြီး ပုံပြင်ကတော့ လူပျိုကြီး  မစ်စတာ ဟော်ပီ (Mr. Hoppy) ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။ အလုပ်ကနေအငြိမ်းစားယူထားပြီး တစ်ယောက်ထဲ အထီးကျန်စွာနေထိုင်တဲ့ မစ်စတာ ဟော်ပီက မစ်စစ်စ ဆေးလ်ဗား (Mrs. Silver) လို့ခေါ်တဲ့ အမျိုးသမီးကို တဖတ်သတ်ချစ်မိနေပါတယ်။     မစ်စစ်စ် ဆေးလ်ဗားက သူ့ရဲ့ တိုက်ခန်းအောက်ထပ်မှာနေထိုင်ပြီး ယောကျာ်းဆုံးသွားတဲ့ အတွက် မစ်စတာ ဟော်ပီ လိုပဲ တစ်ယောက်ထဲနေထိုင်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းမှာ မစ်စစ်စ ဆေးလ်ဗားက ၀ရန်တာထွက်ပြီး အနားယူတိုင်း အပေါ်ထပ်ဝရန်တာမှာ …

Read More »

The Theory of Everything (2014)

Stephen Hawking ဆိုရုပ်ရှင်ကြည့်ပရိတ်သတ်တွေ အတော်များများ သိကြမယ်လို့ထင်ပါတယ်။ လက်ရှိသက်ရှိထင်ရှားရှင်နေတဲ့ သိပ္ပံပညာရှင်တွေထဲမှာမှ အတော်ဆုံးတစ်ယောက်လို့ ပြောလို့ရပြီး ဒီရုပ်ရှင်ကားလေးကတော့ သူ့ဘ၀ဇာတ်ကြောင်း အပြည့်အစုံမဟုတ်ပဲ သူနဲ့ သူရဲ့ ပထမဇနီး Jane Hawking အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုပါ။ှStephen နဲ့ Jane တို့ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ တွေ့ဆုံခဲ့ပြီး Stephen ရဲ့ ALS လို့ခေါ်တဲ့ အာရုံကြောတဖြည်းဖြည်း ချို့ယွင်းလာတဲ့ ရောဂါဖြစ်ပေါ်လာပြီး သိပ်မကြာခင်ပဲ သူတို့နှစ်ယောက် လက်ထက်ခဲ့ပါတယ်။ အစပိုင်းက ဆရာဝန်တွေဟာ Stephen ကို ၂ နှစ်သာ ခံမယ်လို့ပြောကြားခဲ့ပြီး Stephen ကတော့ အခုလက်ရှိအချိန် အသက် ၇၂ အထိ အသက်ရှင်နေထိုင်နေတုန်းပါပဲ။  သူတို့ နှစ်ယောက်လက်ထက်ပြီးတဲ့အချိန်ကစပြီး ကွာရှင်းပြတ်ဆဲခဲ့ကြတဲ့အချိန်အထိ သူတို့နှစ်ယောက် ဘယ်လို အခက်အခဲတွေ ကြုံတွေ့ပြီး ဘယ်လိုအတူတူဖြတ်သန်းခဲ့ကြသလည်းဆိုတာကို တွေ့မြင်ရမှာပါ။ Jane ဟာ Stephen နဲ့  ၁၉၆၅ ကနေ ၁၉၉၅ …

Read More »

Beauty and the Beast (2014)

Beauty and the beast ဆိုလို့ အတော်များများ ကြည့်ဖူးကြ သိကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ကြည့်ခဲ့ဖူးပြီး အခုတော့ သေချာတော့ မမှတ်မိတော့ပါဘူး။ ဒီကားလေးကတော့ ထွက်ရှိထားတာ သိပ်မကြာသေးပဲ ပြင်သစ်စကားပြော ရုပ်ရှင်စကားပြောလေးပါပဲ။   Belle ရဲ့ အဖေဟာ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တစ်ယောက်ဖြစ်ပြီး သားသမီး ၆ ယောက်ရှိပြီး Belle ကတော့ အငယ်ဆုံးဖြစ်ကာ သူ့အမေကတော့ သူ့ကိုမွေးပြီး မကြာခင် ဆုံးပါသွားခဲ့ပါတယ်။ သူ့အဖေရဲ့ ကုန်သင်္ဘောတွေ မုန်တိုင်းကြောင့်နှစ်မြုပ် ပျက်စီးသွားတာကြောင့် Belle တို့ရဲ့ အခြေအနေဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူတို့လည်း အဝေးတစ်နေရာမှာ သွားရောက်နေထိုင်ကြရပါတော့တယ်။    တစ်ရက်တော့ ထိုအထဲမှ သဘောင်္တစ်စီးဟာ အပျက်အစီးမရှိပဲ ပြန်လည်ရောက်ရှိလာတယ်လို့ သတင်းကြားလို့ သွားရောက်ရွေးယူခဲ့ပေမယ့် တာဝန်ရှိသူတွေက သိမ်းလိုက်တာကြောင့် သူဟာ ဒီအတိုင်းပဲ ပြန်လာခဲ့ရပြီး လမ်းမှာတော့ သူ့သားရဲ့ အကြွေးရှင်တွေကြောင့် ထွက်ပြေးရင်း တောထဲကို ရောက်ရှိသွားပါတော့တယ်။ ထို့နောက်အမှတ်မထင် ရဲတိုက်ကြီးတစ်ခုထဲ ကို ရောက်ရှိသွားပြီး …

Read More »

The Three Musketeers (2011)

ပြင်သစ်ဘုရင် လူဝီ ၁၃ နန်းတက်စ ၁၇ ရာစု အစောပိုင်းကာလမှာ နာမည်ကျော် သိပ္ပံပညာရှင် လီယိုနာဒို ဒါဗင်ချီဟာ လေသင်္ဘောတစ်ခုကို ဒီဇိုင်းထွင်ခဲ့ပါတယ်။ အဲဒီဒီဇိုင်းကို Athos ၊ Porthos နဲ့ Aramis ဆိုတဲ့ မာစကပ်တီးယား သူရဲကောင်း သုံးယောက်က Athos ရဲ့ ချစ်သူ Milady de Winter ရဲ့ အကူအညီနဲ့ ခိုးယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Milady က သစ္စာဖောက်ပြီး အင်္ဂလန်မှာ အင်အားအကြီးဆုံး နယ်စားကြီးဖြစ်တဲ့ Duke of Buckingham ကို ပေးအပ်လိုက်ပါတယ်။ တာဝန်မကျေပွန်တဲ့ မာစကပ်တီးယား သုံးယောက်ဟာ ပါရီကို ပြန်ရောက်တဲ့အခါမှာတော့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Cardinal Richelieu ရဲ့ ဖိအားပေးမှုကြောင့် မာစကပ်တီးယားတပ်ဖွဲ့ ဖျက်သိမ်းခံရပြီး ပါရီမြို့ရဲ့ လမ်းမတွေပေါ်မှာ လေလွင့်နေခဲ့ပါတယ်။ နောက်တစ်နှစ်အကြာမှာ …

Read More »

Step Up All In (2014)

  Steup Up လို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ ဘာဇာတ်ကားလည်းဆိုတာ သိကြမှာပါ။ ဇတ်လမ်းအနေနဲ့ကတော့ အကမှာအောင်မြင်ပြီး ဆုတံဆိပ်ရရှိချင်နေတဲ့ Sean ဟာ သူ့နဂိုအဖွဲ့ကလူတွေနဲ့ကွဲသွားပြီးတော့ သူ့သူငယ်ချင်း Moose ဆီကို ရောက်ရှိနေပါတယ်။ ထိုအတော်အတွင်း Last Vegas မှာ The Vortex ကပြုလုပ်တဲ့ အကပြိုင်ပွဲတစ်ခုရှိပြီး အနိုင်ရရှိတဲ့အဖွဲ့ဟာ ၃ နှစ်စာချုပ်နဲ့ MTV စသည့်တွေမှာ ပါဝင်ဖော်ျဖြေရမှာဖြစ်ပါတယ်။   Moose ရဲ့အဖိုးအဖွားတွေဟာ အကသင်တန်းတစ်ခုဖွင့်ထားပြီး Moose ကတော့ နဂိုတုန်းက ကခဲ့ပေမယ့်အခုတော့ တခြားအလုပ်လုပ်ကိုင်နေကာ မကဖြစ်တာလည်း ကြာသွားပါပြီ။ Sean ဟာ Moose ကို ပြန်ကဖို့တိုက်တွန်းပြီး အဖွဲ့တစ်ခုဖွဲ့ပြီး သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ပထမဆုံးအနေနဲ့ အကအဖွဲ့ထဲကို ၀င်ရောက်လာသူကတော့ Andie ဖြစ်ပြီး Moose ရဲ့ သူငယ်ချင်းပါ။ ထို့အတူ Moose ရဲ့အဆက်အသွယ်တွေနဲ့အတူ တခြားတခြားသော သူတွေပါ သူတို့အကအဖွဲ့ထဲကို ပါဝငင်လာပါတော့တယ်။ …

Read More »