l_p0016536141

Ryo Kawase ဟာ မဂ္ဂဇင်းတိုက်လေးတစ်ခုက စာရေးဆရာ ပေါက်စလေး တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အယ်ဒီတာက ရှာပေးတဲ့ တိုက်ခန်းအသစ်မှာ စတင်အခြေချနေထိုင်ရင်း ရေဆိုးမြောင်းတွေအကြောင်း အချက်အလက်တွေ စုဆောင်းပြီး ဆောင်းပါးရေးနေတာ ဖြစ်ပါတယ်။ သူပြောင်းရွှေ့နေထိုင်တဲ့ တိုက်ခန်းရဲ့ နံရံဟာ အလွန်ပါးတာကြောင့် တစ်ဖက်အခန်းက အသံတွေကို ကြားနေရပါတယ်။ သူနဲ့ ကပ်လျက်အခန်းမှာ အမျိုးသမီး တစ်ဦးနေထိုင်ပါတယ်။

အမျိုးသမီးဟာ ငယ်ရွယ်ပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ Ryo က ထင်ပါတယ်။ ရည်းစားလည်း မရှိ တကိုယ်တည်း နေထိုင်တဲ့ Ryo အတွက် စိတ်ဝင်စားစရာ အချိန်တွေ ရောက်ရှိလို့ လာပါပြီ။ အမျိုးသမီး ရေချိုးနေချိန်ဆို တဖက်ခန်းကနေ ကြားနေရတာကြောင့် စိတ်ဝင်တစားတွေ ဖြစ်လာပြီး တဖက်ခန်းက အသံကို Ryo က ခိုးနားထောင်ပါတယ်။ အဲဒီလို နားထောင်နေချိန်မှာပဲ တွေ့လိုက်ရတာကတော့ အမျိုးသမီးကို ဖုန်းနဲ့ နှောင့်ယှက်နေသူ ရှိနေတယ် ဆိုတာပါပဲ။

man, woman and a wall

အမျိုးသမီးရဲ့ နာမည်က Satsuki Sugiura ဖြစ်ပြီး ဒီလို ဖုန်းနဲ့ နှောင့်ယှက်ခံရတာဟာ မကြာခင်ကမှ စတင် ဖြစ်ပေါ်လာတယ်လို့ Ryo သိလိုက်ရပါတယ်။ အဲဒီလို နှောင့်ယှက်ခံရတဲ့ အချိန်တိုင်း Satsuki ဟာ သူ့ရဲ့ ချစ်သူကို ဖုန်းဆက်ခေါ်လေ့ရှိပြီး ချစ်သူနဲ့ အတူ အိပ်လေ့ ရှိပါတယ်။ Ryo အတွက်ကတော့ ချောင်းနားထောင်ရင်းပဲ အာသာဖြေသိမ့်ရတာပေါ့။ Satsuki ရဲ့ ချစ်သူဟာ Satsuki နဲ့ တွဲနေတာ ၂ လလောက်ပဲ ရှိပါသေးတယ်။ သူဟာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး အလုပ်တွေ မအားလပ်တာကြောင့် သိပ်မလာနိုင်ပါဘူး။ ဒါကြောင့် Satsuki ဟာ ဖုန်းသရဲကို ကြောက်ရွံ့နေရပါတယ်။ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို လဲလိုက်ပေမယ့်လည်း ပြဿနာက ပြေလည်မသွားပဲ ဖုန်းသရဲကတော့ Satsuki ရဲ့ ဖုန်းနံပါတ်ကို သိနေခဲ့ပါတယ်။

Ryo ဟာ နံရံကနေ ရိုးရိုးချောင်းနားထောင်လို့ အားမရပဲ အသံဖမ်းကိရိယာကို အသုံးပြုပြီး ညတိုင်းနားထောင်လေ့ရှိပါတယ်။ Satsuki ရဲ့ အလုပ်ချိန်ကို မှတ်သားထားပြီး အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့ စားသောက်ဆိုင်တစ်ခုခုမှာ အလုပ်လုပ်နေမှန်း သိသွားပါတယ်။ Ryo ဟာ ပတ်ဝန်းကျင်က ဆိုင်မှန်သမျှ လှည့်ပတ်စားသောက်ရင်း Satsuki ကို လိုက်ရှာပါတယ်။ မျက်နှာချင်းဆိုင် မမြင်ဖူးတာကြောင့် နာမည်ရင်ထိုးနဲ့ လိုက်ပြီး ရှာရပါတယ်။ လူကို တွေ့ဖူးသွားတဲ့အခါမှာတော့ Ryo ဟာ Satsuki နဲ့ ရင်းနှီးမှု ရအောင် ကြံစည်ပါတယ်။

unnamed

Ryo ဟာ အဝေးက ပို့လိုက်တဲ့ အထုပ်တွေကို သူ့လိပ်စာအတိုင်း မပို့ခိုင်းပဲ Satsuki ရဲ့ အခန်းကို ပို့ခိုင်းပါတယ်။ ဒီနည်းနဲ့ Satsuki နဲ့ Ryo ဟာ တဖြည်းဖြည်း ရင်းနှီးလာခဲ့ပါတယ်။ ပြဿနာက ဖုန်းသရဲ နှောင့်ယှက်တိုင်း Satsuki ရဲ့ ချစ်သူက လာလာအိပ်တာကြောင့် Ryo တစ်ယောက် ကြံရာမရ ဖြစ်နေပါတယ်။ နောက်ထပ် ပြဿနာ တစ်ခုကတော့ သူ့ရဲ့ အသံဖမ်းစက်ကို အနှောင့်အယှက် ပေးနေတဲ့ အရာ တစ်ခုပါပဲ။ ဒါကြောင့် အသံဖမ်း ကျွမ်းကျင်တစ်ယောက်ကို ခေါ်ပြီး ဘာကြောင့် အနှောင့်အယှက် ဖြစ်ရသလဲ စစ်ဆေးနေတုန်းမှာပဲ Satsuki ရဲ့ အခန်းထဲကို တစုံတယောက် ဝင်လာတာ သိလိုက်ရပါတယ်။ အဲဒီလူ ပြန်သွားပြီး နောက်မှာ Satsuki ရဲ့ အခန်းထဲကို Ryo တို့ ခိုးဝင်ကြပါတယ်။ တွေ့ရှိရတာကတော့ Satsuki ရဲ့ အခန်းမှာ တစုံတယောက်က လျှို့ဝှက်ကင်မရာ လာတပ်သွားတယ် ဆိုတာပါပဲ။

mww-1

Satsuki ဆီ ဖုန်းသရဲက ဖုန်းဆက်ပြီးနောက် သူ့ချစ်သူ ရောက်နေတုန်းမှာ ပျော်တော်ဆက် ကောင်မလေးတစ်ယောက်ကို Satsuki ရဲ့ အခန်းဆီ ပို့ဖို့ Ryo က ဖုန်းဆက်မှာလိုက်ပါတယ်။ Ryo အတွက်တော့ Satsuki နဲ့ သူ့ချစ်သူ အတူ မအိပ်ကြဖို့က ဦးစားပေး ဖြစ်နေပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ သူသိလိုက်ရတာကတော့ Satsuki ဆီ ဖုန်းဆက်နေတဲ့ ဖုန်းသရဲဆိုတာ Satsuki ရဲ့ ချစ်သူ ကိုယ်တိုင် ဆိုတာပါပဲ။ ဒါကြောင့် Satsuki လုံခြုံမှု ရှိအောင် Ryo က အကြံအစည် ထုတ်ရပါတယ်။ နယ်က ပို့လိုက်တဲ့ ပုဇွန်တွေ ရောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Satsuki နဲ့အတူ ညစာစားဖို့ Ryo က ဖိတ်ခေါ်တဲ့အခါ Satsuki က Ryo ရဲ့ အခန်းမှာ ညစာ လာစားပါတယ်။ Satsuki အခန်းထဲမှာ မရှိမှန်း သူ့ချစ်သူက သိသွားပြီး Satsuki ရဲ့ အခန်းမှာ ဇွတ်လာအိပ်ပါတယ်။

Ryo တစ်ယောက် အန္တရာယ်ရှိနေတဲ့ Satsuki ကို ဘယ်လိုကာကွယ်မလဲ။ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်အားပေးကြည့်ရှုကြပါ။

manwomanwall5

IMDb မှာ Rating 6.5 ပေးထားပြီး ကြည့်တဲ့သူကတော့ အတော်နည်းပါးပါတယ်။ Rotten Tomatoes မှာလည်း Review ကို Rating ပေးထားတာ မတွေ့ရပါဘူး။ Ryo အဖြစ် မင်းသား Keita Ôno ၊ Satsuki အဖြစ် ဂျပန်ရဲ့ ကောင်းကင်ပြာလို့ နာမည်ကြီးတဲ့ အဖော်အချွတ် မင်းသမီး Sola Aoi က ပါဝင် သရုပ်ဆောင်ထားပါတယ်။ Shou Nishino ၊ Takashi Oda ၊ Mutsuo Yoshioka နဲ့ Hiroto Kato တို့ ပါဝင်အားဖြည့်ထားပြီး Erotic Thriller အဖြစ် ရိုက်ကူးထားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေကို အသားပေးထားပြီး မင်းသမီး Sola Aoi နုစဉ်အခါက ရိုက်ကူးထားတာ ဖြစ်တာကြောင့် အလှအပတွေကို ကောင်းကောင်း ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့လည်း သိပ်မဆိုးဘူးလို့ ပြောလို့ရပြီး Drama ဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အချို့အခန်းတွေကို လက်ကိုင် ကင်မရာနဲ့ ရိုက်ကူးထားတာ ဖြစ်လို့ အနည်းငယ် မူးနောက်စေနိုင်ပါတယ်။ အရမ်းကောင်းတဲ့ ဇာတ်ကားတော့ မဟုတ်ပေမယ့် သိပ်မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ မိသားစုနဲ့ ကြည်ဖို့တော့ မသင့်တော်ပဲ အဖော်အချွတ်ခန်းတွေနဲ့ အိပ်ရာပေါ်က အခန်းတချို့ အကြောင်းတော့ ကြိုတင်သတိပေးပါရစေ။

Hollinaz

 

 

Man, Woman and the Wall (2007)

| Drama, Thriller | 0 Comments
About The Author
-

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>