globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Bad Guys Always Die (2015)

22086747535_582b3330cb_o

  Qiangzi ဟာ တရုတ်နိုင်ငံသားဖြစ်ပေမယ့် တောင်ကိုရီးယားမှာနေထိုင်ရင်း မူလတန်းကျောင်းမှာ တရုတ်စာ ကျောင်းဆရာအဖြစ်လုပ်ကိုင်နေတဲ့သူတယောက်ဖြစ်ပြီး ကျောင်းပိတ်ရက်မှာ ငယ်သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ထားတယ်…

ဂျယ်ဂျူးကျွန်းကို လည်ပတ်ဖို့ သူငယ်ချင်းတွေနဲ့အတူ ထွက်လာစဉ်မှာပဲ လမ်းခရီးမှာ ကားမတော်တဆဖြစ်ထားတာကို တွေ့ရှိပြီး ကားပေါ်မှာပါလာတဲ့ အမျိုးသမီး (Ji-yeon) ကိုကူညီကယ်တင်ခဲ့ပါတယ်…

fullsizephoto676241

လမ်းမှာ ရဲလှည့်ကင်းကားကိုတွေ့တာကြောင့် အကူညီတောင်းစဉ်မှာပဲ ရုတ်တရက် Ji-yeon ဟာ ရဲအရာရှိကို ပစ်သတ်လိုက်တာကို တွေ့မြင်ချိန်ကစ အရာရာဟာ ပြောင်းလဲသွားခဲ့ပါပြီ..

ကြောက်လန့်ပြီး ချက်ချင်းထွက်ပြေးလိုက်နိုင်လို့ သူငယ်ချင်း ၂ ယောက်ကတော့ လွတ်သွားပေမယ့် Qiangzi နဲ့ သူ့ညီလေး ကတော့ မလွတ်မြောက်နိုင်ခဲ့ဘူး…ဒါပေမယ့်  သူတို့ ၂ ယောက်ဆီမှာ Ji-yeon ရဲ့ ပိုက်ဆံအိတ် ပါလာခဲ့ပါတယ်…

အသတ်ခံရတဲ့ ရဲ Body ကို ရဲကားနဲ့ သယ်ပြီး သွားတိုင်တဲ့ သူငယ်ချင်းနှစ်ယောက်မှာလဲ ရုတ်တရက် Body ပျောက်ဆုံးသွားပြီး ရဲကားနောက်ခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရဲအရာရှိတစ်ယောက်ကို ထပ်မံတွေ့ရှိတာကြောင့် အထင်လွဲခံရပြီး ရဲကိုအကြမ်းဖက်မှု့နဲ့ ဝရမ်းထုတ်ခံရပြန်ပါတယ်..

hdbxs-2015-2

 လွှတ်မြောက်သွားတဲ့ သူငယ်ချင်း ၂ ယောက်ဟာ Qiangzi တို့ ညီအကို ကို ကယ်တင်ဖို့ ကြိုးစားသလို သူတို့နဲ့အတူပါသွားတဲ့ အိတ်ကိုလဲ Ji-yeon က အရေးတကြီးပြန်လိုအပ်နေပြန်တယ်… Ji-yeon က Qiangzi တို့ ညီအကို ကို ဖမ်းထားရင်း ထွက်ပြေးသွားတဲ့ ၂ ယောက်ကို ရှာရင်း တချိန်တည်းမှာပဲ ကြေးစားလူသတ်သမားရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ရှောင်ပြေးနေရင်း…

d9f133ab67

ကိုရီးယားကိုလာလည်တဲ့ တရုတ်လေးတွေ – ပင်စင်ယူကာနီး ကိုရီးယားရဲအရာရှိအဖိုးကြီး – သွေးအေးအေးနဲ့ နောက်ကနေ တလျှောက်လုံးလိုက်သတ်နေတဲ့ ကြေးစားလူသတ်သမားတစ်ယောက် – လူသတ်မှု့နဲ့ သံဒယအရှိဆုံးလို့ သတ်မှတ်ထားတဲ့ အမျိုးသမီးတဦး သူတို့အားလုံးရဲ့  ဆက်နွယ်မှု့တွေကို တင်ဆက်ထားတာ ဖြစ်ပါတယ်..

ပြသချိန် ၁ နာရီ နဲ့ မိနစ် ၅၀ ရှိပြီး အစမှအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကား တကားပါပဲ..ကိုရီးယား နဲ့ ဟောင်ကောင် ပူးပေါင်းထုတ်လုပ်တဲ့ ဒီဇာတ်ကား ဟာ ပေါ့ပေါ့ပါးပါး နဲ့ ဆွဲဆောင်သွားနိုင်တာကို တွေ့ရမှာပါ… မိသားစုနဲ့ရော သူငယ်ချင်းတွေနဲ့ပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တကားဖြစ်ပါကြောင်း…

About THIHA

Leave a Reply

Your email address will not be published. Required fields are marked *