KFP3-teaser-wide

ဝိညာဉ်ဘုံသို့ ရောက်နေပြီဖြစ်တဲ့ Master Oogway ဟာ တချိန်က သူ့ရဲ့ ရဲဘော်ရဲဘက် ဖြစ်ခဲ့ဖူးတဲ့ Kai နဲ့ တိုက်ပွဲ ပြန်လည်ဆင်နွှဲရပါတယ်။ Kai ဟာ ဝိညာဉ်ဘုံမှာ ရှိသမျှ သိုင်းပညာရှင် သူရဲကောင်းတွေရဲ့ ချီဓာတ် (အသက်ဓာတ်) တွေကို လိုက်လံခိုးယူနေပြီး သက်ရှိဘုံကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေသူပါ။ Oogway က သူ့ရဲ့ ချီဓာတ်ကို အသာတကြည် ပေးလိုက်ပေမယ့် သက်ရှိဘုံက နဂါးသူရဲကောင်းဟာ Kai ကို နှိမ်နင်းမှာ ဖြစ်ကြောင်းလည်း ပြောထားခဲ့ပါတယ်။

Po-returns-in-new-Kung-Fu-Panda-3-trailer

ငြိမ်းချမ်းရေးတောင်ကြားမှာ အနားယူသွားပြီ ဖြစ်တဲ့ Master Shifu ဟာ သူ့ရဲ့တာဝန်တွေကို Po ထံ လွှဲအပ်လိုက်ပါတယ်။ သူ့ရဲက တာဝန်ထဲမှာ ကျောင်းသားတွေကို သိုင်းပညာသင်ကြားပေးဖို့လည်း ပါပါတယ်။ Po ရဲ့ ပထမဆုံး သင်ကြားရေးဟာ အမြီးအမောက် မတည့်ပဲ ဆိုးဆိုးဝါးဝါး ပြီးဆုံးသွားခဲ့ပါတယ်။ ရလဒ်အနေနဲ့ လူစွမ်းကောင်း ငါးဖော်ဟာ ဒဏ်ရာအနာတရတွေ ဖြစ်ကုန်ကြပါတယ်။ ဆရာဘဝမှာ အဆိုးဝါးဆုံး အဖြစ်အပျက် ကြုံရတဲ့ Po ဟာ စိတ်ဓာတ်ကျပြီး နှုတ်ထွက်ချင်ပေမယ့် Master Shifu ကတော့ အလျှော့မပေးပါဘူး။ ကိုယ့်ရဲ့ ပန်းတိုင်ဟာ ဘယ်မှာလဲဆိုတာကို ကိုယ်တိုင်ရှာဖွေနိုင်ရမယ်လို့ Shifu က သင်ပေးလိုက်ပေမယ့် Po ကတော့ နားမလည်ပါဘူး။

kungfupanda3-po-bath-toys-700x333

စိတ်ပျက်နေတဲ့ Po အိမ်ပြန်ရောက်တဲ့အခါ သူ့အဖေ ငန်းကြီး Ping ရဲ့ ဆိုင်မှာ နောက်ထပ် ပန်ဒါဝက်ဝံတစ်ကောင် ရောက်နေတာကို ကြုံရပါတယ်။ အဲဒီပန်ဒါဟာ ပျောက်ဆုံးသွားတဲ့ Po ရဲ့ ဖခင် Li Shan ဖြစ်ပါတယ်။ Po က Li Shan ကို အရေးတယူ ရှိနေတာကို Ping က မကျေနပ်ပါဘူး။ Li Shan ကို သိုင်းသင်တန်းကျောင်း ခေါ်သွားပြီး မိတ်ဆက်နေတုန်း သူတို့ဟာ ကျောက်စိမ်းရုပ်တွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရပါတယ်။ အဲဒီကျောက်စိမ်းရုပ်တွေဟာ ရှေးခေတ် သိုင်းသူရဲကောင်းတွေနဲ့ တူနေတာကို Po က သတိထားမိပါတယ်။

kung-fu-panda-3-img-1-720x405

Master Shifu ဟာ Oogway လက်နဲ့ ရေးထားတဲ့ စာလိပ်ထဲမှာ ဒီကျောက်စိမ်းရုပ်တွေ ကိစ္စကို ရှာတွေ့ပါတယ်။ တချိန်က Oogway နဲ့ Kai ဟာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြတဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်ခဲ့ကြပါတယ်။ Oogway တစ်ယောက် ဒဏ်ရာအပြင်းအထန် ရပြီး သေမလိုဖြစ်နေတဲ့အချိန်မှာ Kai ဟာ Oogway ကို ကယ်တင်ပြီး လျှို့ဝှက်တောင်ကြားတစ်ခုမှာ ပုန်းနေခဲ့ပါတယ်။ အဲဒီတောင်ကြားက ပန်ဒါတွေက ချီဓာတ်ကို အသုံးပြုပြီး Oogway ကို ကုသပေးခဲ့ပါတယ်။ ပန်ဒါတွေက Oogway ကို ချီဓာတ်အသုံးပြုနည်း သင်ပေးခဲ့ပေမယ့် Kai ကတော့ ဒီချီဓာတ်တွေကို သူများဆီက ရယူနည်းကိုပဲ လေ့ကျင်ခဲ့ပါတယ်။ Kai ဟာ တောင်ကြားက ပန်ဒါတွေဆီကနေ ချီဓာတ်တွေ ရယူလာတဲ့အတွက် Oogway ဟာ Kai ကို နှိမ်နင်းပြီး ဝိညာဉ်ဘုံကို ပို့ပစ်ခဲ့တာ နှစ်ပေါင်း ၅၀၀ တောင် ကြာခဲ့ပါပြီ။

2016-kung-fu-panda-3-kai-full-movie-desktop-background

Kai ကို ရင်ဆိုင်ဖို့အတွက် Po ဟာ ချီဓာတ်အသုံးပြုနည်း သင်ကြားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူမှ သင်မပေးနိုင်တဲ့အတွက် Li Shan က သင်ပေးနိုင်တယ်ဆိုပြီး ပန်ဒါတောင်ကြားကို ခေါ်သွားပါတယ်။ သူတို့မသိတာက Po ရဲ့ မွေးစားဖခင် Ping ဟာ သူ့သားကို စိတ်မချပဲ ခိုးလိုက်လာခဲ့တယ် ဆိုတာပါပဲ။ အဲဒီကို ရောက်တဲ့အခါမှာ Po ဟာ သူမတွေ့ဖူးသေးတဲ့ ပန်ဒါတွေရဲ့ ပျော်ရွှင်ဖွယ်ဘဝကို အံ့ဩတကြီး ခံစားပျော်ရွှင်နေပါတယ်။

KFP3-trailer-3

သိုင်းလောက တခုလုံးက သိုင်းဆရာတွေ ပျောက်ဆုံး ကုန်ပြီး ပွက်လောရိုက်မှုတွေနဲ့ အတူ ငြိမ်းချမ်းရေး တောင်ကြားဆီ သတင်းတွေ အဆက်မပြတ် ဝင်လာပါတယ်။ နောက်ဆုံးမှာတော့ Kai ဟာ ကျောက်စိမ်းနန်းတော် သိုင်းကျောင်းကြီးဆီ ရောက်လာပြီး Oogway ရဲ့ ရုပ်တုကို ဖျက်ဆီးပါတော့တယ်။ သူရဲငါးဖော်မှာ Tigress ကလွဲရင် ကျန်တဲ့သူတွေအားလုံး ကျောက်စိမ်း ရုပ်တုတွေ ဖြစ်ကုန်သလို Master Shifu လည်း ကျောက်စိမ်းရုပ်တု ဘဝ ရောက်သွားပါတော့တယ်။ Tigress အတွက် ရွေးစရာ လမ်းတခုပဲ ကျန်တော့ပါတယ်။ အဲဒါကတော့ Po တစ်ယောက် အချိန်မီ ချီဓာတ်ကို အသုံးချ တတ်ဖို့ပါပဲ။

Po တစ်ယောက် Kai ကို ရင်ဆိုင်နိုင်ပါ့မလား။ Li Shan ကရော ချီဓာတ်အသုံးပြုနည်းကို အမှန်တကယ် သင်ပေးနိုင်ရဲ့လား။ ပျောက်ဆုံးနေတဲ့ ပန်ဒါတွေရဲ့ ပညာရပ်ဟာ မသေနိုင်တဲ့ Kai ကို ထိန်းချုပ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။

kung-fu-panda-3

Kung Fu Panda 3 ဟာ ၂၀၀၈ ခုနှစ်က ပြသခဲ့တဲ့ Kung Fu Panda ဇာတ်ကားနဲ့ ၂၀၁၁ ခုနှစ်က ပြသခဲ့တဲ့ Kung Fu Panda 2 ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း တစ်ခုဖြစ်ပါတယ်။ မူလ ဇာတ်ကောင်တွေအပြင် ဗီလိန် အဖြစ် Kai နဲ့ Po ရဲ့ အဖေ Li Shan ကို ထပ်မံ မိတ်ဆက်ပေးထားပါတယ်။ ပန်ဒါမိသားစုနဲ့အတူ ပျော်ရွှင်စရာ ဟာသဇာတ်ကောင်တွေလည်း အများအပြား အားဖြည့်ထားပေးပါသေးတယ်။ Po အဖြစ် Jack Black ၊ Master Tigress အဖြစ် Angelina Jolie ၊ Master Shifu အဖြစ် Dustin Hoffman ၊ Master Viper အဖြစ် Lucy Liu ၊ Master Monkey အဖြစ် Jackie Chan ၊ Master Mantis အဖြစ် Seth Rogen ၊ Master Crane အဖြစ် David Cross ၊ Ping အဖြစ် James Hong ၊ Master Oogway အဖြစ် Randall Duk Kim တို့က ပြန်လည် သရုပ်ဆောင်ထားပြီး J.K Simmons က Kai နဲ့ Kate Hudson က ပန်ဒါမလေး Mei Mei အဖြစ် ပါဝင်ထားပါတယ်။ Jean-Claude Van Damme က Master Croc အဖြစ်လည်း ပါဝင်ထားပြီး Jolie ရဲ့ သားသမီးတွေကလည်း ပန်ဒါလေးတွေအဖြစ် ပါဝင် အားဖြည့်ထားပါသေးတယ်။ ဒါရိုက်တာ Jennifer Yuh Nelson နဲ့ Alessandro Carloni တို့က ရိုက်ကူးပြီး DreamWorks Animation နဲ့ Oriental DreamWorks က ထုတ်လုပ်တဲ့ 3D ဇာတ်ကား ဖြစ်ပါတယ်။

PO-voiced-by-Jack-Black-in-KUNG-FU-PANDA-3

IMDb မှာ Rating 7.4 ရရှိထားပြီး Rotten Tomatoes မျာလည်း Tomatometer 86% ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ Kung Fu Panda ဇာတ်ကား ကြည့်ဖူးတဲ့သူများရော မကြည့်ဖူးသေးသူများပါ နှစ်သက်မယ့် ဇာတ်ကားဖြစ်ပြီး ဟာသအသားပေး သိုင်းဇာတ်ကား ဖြစ်ပါတယ်။ အရင် Kung Fu Panda ဇာတ်ကားလိုပဲ 2D နဲ့ 3D ရောထွေးထားပြီး Kung Fu Panda ရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန် ဇာတ်အိမ် ဖွဲ့ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံး ကားလောက် ရင်ထဲမှာ စွဲကျန်နေတာမျိုးတော့ မရှိပါဘူး။ ဇာတ်လမ်းရဲ့ Peak Point ဖန်တီးမှုက အတော်လေး ကောင်းမွန်ပြီး မိသားစုတွေ အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါး ကြည့်ချင်လို့ပဲ ဖြစ်ဖြစ်၊ ဇာတ်ကားကောင်းတွေ ကြည့်ချင်ရင်ပဲ ဖြစ်ဖြစ် အချိန်မရွေး၊ ကဏ္ဍမရွေး ကြည့်နိုင်တဲ့ ဇာတ်ကားလို့ ညွှန်းဆိုပါရစေ။

Hollinaz

 

Trailer

 

Kung Fu Panda 3 (2016)

About The Author
-

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>