why-sofia-boutella-s-jaylah-will-be-the-secret-hero-scene-stealer-of-star-trek-beyond-1015824

၅ နှစ်ကြာ အာကာသ လေ့လာရေး ခရီးစဉ်ကြီးကို ပျင်းရိစွာ ဖြတ်သန်းရင်း ၃ နှစ်ကြာလာတဲ့အခါ USS Enterprise ဟာ ထောက်ပံ့ရေးပစ္စည်းတွေ ပြန်လည်ဖြည့်ဆည်းဖို့နဲ့ ခွင့်ရက်ယူဖို့ Yorktown အာကာသစခန်းမှာ အနားယူနေပါတယ်။ မာလိန်မှူး James Kirk ဟာ သူတို့ရဲ့ စူးစမ်းရှာဖွေရေး ခရီးစဉ်ကြီးရဲ့ အတောမသတ်တဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားရုန်းကန်နေရတာကြောင့် Yorktown မှာ ဒုတိယ ရေတပ်ဗိုလ်ချုပ် ရာထူးအတွက် ရာထူးတိုး လျှောက်ပါတယ်။ သူ့ရဲ့ မာလိန်မှူးနေရာအတွက် Spock ကို ထောက်ခံချက်ပေးခဲ့ပါတယ်။

 enterprise-ship-destroyed-star-trek-beyond

Enterprise ရဲ့ ယာဉ်မောင်း Hikaru Sulu ဟာ သူ့ရဲ့ လိင်တူ ချစ်သူနဲ့ မိသားစုကို သွားရောက်တွေ့ဆုံသလို Spock နဲ့ Nyota Uhura တို့လည်း ပြတ်စဲကြပြန်ပါတယ်။ Scotty လို့ ခေါ်ကြတဲ့ Montgomery Scott ကတော့ သူ့ရဲ့ ယာဉ်ကို သနေတာပေါ့။ အဲဒီအချိန်မှာ Spock အတွက် စိတ်ထိခိုက်စရာ သတင်းတစ်ခု ဝင်လာတယ်။ အနာဂတ်ကနေ လမ်းမှားပြီး ရောက်လာခဲ့တဲ့ သူ့ရဲ့ အနာဂတ် အဖိုးကြီး Spock တစ်ယောက် သေသွားပြီဆိုတာကို Vulcan တွေက လာရောက်သတင်းပို့ကြပါတယ်။

Screen-Shot-2016-06-27-at-13.45.35-830x518

Yorktown မှာ အမည်မသိ အသက်ကယ်ယာဉ်ငယ်တစ်စီး လာရောက်ဆိုက်ကပ်ပြီး အဲဒီယာဉ်နဲ့ လွတ်မြောက်လာတဲ့ Kalara က သူတို့ အာကာသတပ်ကို အကူအညီ လာတောင်းပါတယ်။ Kalara ရဲ့ ယာဉ်ဟာ မတည်မငြိမ် ဖြစ်နေတဲ့ Altamid ဂြိုဟ်မှာ ပိတ်မိနေပြီး ဆွဲငင်အားကနေ မလွတ်မြောက်နိုင်တော့တာကြောင့် အဖွဲ့သားတွေကို ကယ်ဆယ်ပေးဖို့ အကူအညီ တောင်းခံခြင်း ဖြစ်ပါသတဲ့။ လောလောဆယ် Yorktown မှာ Enterprise ထက် နည်းပညာပိုမြင့်တဲ့ ယာဉ်တစ်စီး တည်ဆောက်နေပေမယ့် မပြီးသေးသလို တခြား ယာဉ်တွေကလည်း အရံသင့် ရှိမနေတာကြောင့် USS Enterprise ဟာ ကယ်ဆယ်ရေး ခရီးထွက်ခဲ့ရပါတယ်။

Star-Trek-Beyond-0023

Altamid ဂြိုဟ်နား အရောက်မှာ သူတို့ ထင်ထားသလို ယာဉ်ပျံမတွေ့ရပဲ ဘာမှန်း မသိရတဲ့ အရာတစ်ခုကို ရင်ဆိုင်ရပါတယ်။ အရင် စုံစမ်းဖို့ Spock က သတိပေးပေမယ့် အန္တရာယ်အငွေ့အသက်ကို ခံစားရတဲ့ Kirk က ပစ်မိန့်ပေးပါတယ်။ ဒါပေမယ့် သူတို့ယာဉ်ဟာ အလွန်မြောက်များလှတဲ့ ယာဉ်ပျံငယ်အုပ်ကို မယှဉ်နိုင်ပဲ အပြင်းအထန် တိုက်ခိုက်ခံရပြီး ဂြိုဟ်ပေါ်ကို ပျက်ကျသွားပါတယ်။ ယာဉ်အဖွဲ့သားတွေက အသက်ကယ်ယာဉ်ငယ် ကိုယ်စီနဲ့ ထွက်ပြေးကြပေမယ့် အများစုဟာ အဖမ်းခံလိုက်ရပါတယ်။

Left to right: Simon Pegg plays Scotty, Sofia Boutella plays Jaylah and Chris Pine plays Kirk in Star Trek Beyond from Paramount Pictures, Skydance, Bad Robot, Sneaky Shark and Perfect Storm Entertainment

Left to right: Simon Pegg plays Scotty, Sofia Boutella plays Jaylah and Chris Pine plays Kirk in Star Trek Beyond from Paramount Pictures, Skydance, Bad Robot, Sneaky Shark and Perfect Storm Entertainment

Left to right: Simon Pegg plays Scotty, Sofia Boutella plays Jaylah and Chris Pine plays Kirk in Star Trek Beyond from Paramount Pictures, Skydance, Bad Robot, Sneaky Shark and Perfect Storm Entertainment[/caption]

သူတို့ယာဉ်ကို တိုက်ခိုက်သူဟာ Krall လို့ အမည်ရပြီး သက်ရှိတွေဆီက အသက်ဇီဝဓာတ်ကို စုပ်ယူစားသုံးသူ ဖြစ်ပါတယ်။ Krall ဟာ Abronath လို့ ခေါ်တဲ့ ဇီဝလက်နက်တစ်မျိုးကို ရှာဖွေနေတာဖြစ်ပြီး အဲဒီပစ္စည်းရဲ့ တဝက်ကို မအောင်မြင်တဲ့ သံတမန်ခရီးတစ်ခုအတွင်း Kirk က ရရှိထားခဲ့တာ ဖြစ်ပါတယ်။ တဝက်ကိုတော့ Krall က ရထားပြီးပါပြီ။ ယာဉ်မှူး Kirk နဲ့ သူ့ရဲ့ လမ်းကြောင်းရှာ အရာရှိ Pavel Chekov တို့ဟာ ယာဉ်ပျံပျက်ကျမှုမှာ လွတ်မြောက်သွားပြီး Kalara နဲ့ ပြန်ဆုံပါတယ်။ ဒါပေမယ့် Kalara ဟာ Krall ရဲ့ လူမှန်း Kirk က ရိပ်မိထားတာကြောင့် ယာဉ်ပျက်ဆီ အရောက်မှာ Kalara ရဲ့ ဇာတိကို ဖော်ထုတ်ပြီး ထွက်ပြေးကြရင်း Kalara သေဆုံးသွားပါတယ်။

Star-Trek-Jump

တခြားတဖက်မှာလည်း ဒေါက်တာ Leonard McCoy နဲ့ Spock တို့ဟာ လွတ်မြောက်သွားကြပေမယ့် နှစ်ယောက်လုံး ဒဏ်ရာကိုယ်စီ ရထားကြပါတယ်။ Scotty ကိုတော့ Jaylah ဆိုတဲ့ မိန်းကလေး တစ်ယောက်က ကယ်တင်ထားပြီး ကျန်တဲ့သူတွေကတော့ Krall က ဖမ်းဆီးထားပါတယ်။ Enterprise အဖွဲ့သားတွေရဲ့ ကံကြမ္မာ ဘယ်လို ဖြစ်မလဲ။ Abronath ဘယ်ရောက်နေလဲ။ Krall ဆိုတာ ဘယ်သူဖြစ်မလဲ။ Kirk တစ်ယောက် Enterprise နဲ့ Yorktown ရဲ့ ကံကြမ္မာကို ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးကြပါ။

star-trek-beyond-trailer-2-still

ကပ္ပတိန် James T. Kirk အဖြစ် မင်းသား Chris Pine ၊ Spock အဖြစ် Zachary Quinto ၊ ဒေါက်တာ Leonard McCoy အဖြစ် Karl Urban ၊ ဆက်သွယ်ရေးအရာရှိ Nyota Uhura အဖြစ် Zoe Saldana ၊ Montgomery Scott အဖြစ် Simon Pegg ၊ Hikaru Sulu အဖြစ် John Cho ၊ Pavel Chekov အဖြစ် Anton Yelchin ၊ Krall နဲ့ USS Franklin ရဲ့ ကပ္ပတိန်ဟောင်းအဖြစ် Idris Elba ၊ Jaylah အဖြစ် Sofia Boutella တို့က ပါဝင်သရုပ်ဆောင်ထားပြီး ၁၉၆၆ ခုနှစ်က Star Trek မူရင်း ရုပ်သံဇာတ်လမ်းတွဲနဲ့ ၁၉၇၉ ခုနှစ်က ပထမဆုံး Star Trek ရုပ်ရှင်တို့မှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တွေ အားလုံးက အထူးဧည့်သည်တော်တွေအဖြစ် ပါဝင်ထားပါတယ်။ အရင် ၂ ကားရဲ့ ဒါရိုက်တာ J.J. Abrams က Star Wars ဇာတ်ကားကို ပြောင်းလဲ ရိုက်ကူးနေတာကြောင့် ဒီကားကို ဒါရိုက်တာ Justin Lin က ရိုက်ကားထားပြီး Paramount Pictures က ဖြန့်ချိပါတယ်။ IMDb မှာ Rating 7.5 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 83% ရရှိထားပါတယ်။

Screen-Shot-2015-12-15-at-14.35.54-533x300

အရင်ဇာတ်ကား ၂ ကားထက်စာရင် ဇာတ်လမ်းရဲ့ ရုပ်ထွက်ပိုင်းနဲ့ အထူးပြုလုပ်ချက်ပိုင်းတွေမှာ အရမ်းကောင်းမွန်လာပေမယ့် ဇာတ်အိမ်ကတော့ အရင် ၂ ပိုင်းလောက် စွဲမက်ဖွယ် သိပ်မကောင်းပါဘူး။ အထူးသဖြင့် USS Franklin ကျဆုံးပြီးတဲ့နောက်မှာ ဇီဝဓာတ်တွေကို စုပ်ယူပြီး ရှင်သန်နေရတဲ့ သူတွေဟာ နည်းပညာမြင့်မားပြီး စွမ်းအားမြင့်တဲ့ ယာဉ်တွေ ပိုင်ဆိုင်ထားတာ၊ များပြားလှတဲ့ စစ်သည်အင်အားတွေ ပိုင်ဆိုင်ထားတာတွေဟာ အနည်းငယ် အားနည်းချက် ဖြစ်နေသလို ရန်သူစခန်းထဲကို တစ်ကိုယ်တော် လူစွမ်းကောင်းဝင်လုပ်တဲ့ Kirk ရဲ့ အခန်းဟာ ဇာတ်လမ်းကို အတော်အရသာ ပျက်စေပါတယ်။ တချိန်လုံး ခက်ခက်ခဲခဲ တိုက်ခိုက်နေပြီးမှာ Krall ကို အလွယ်တကူ သတ်လိုက်နိုင်တာလည်း ဇာတ်ရှိန်ကို တန့်စေပါတယ်။

Star-Trek-Beyond-Insignia

သိပ္ပံရုပ်ရှင်ကောင်းကောင်း နှစ်သက်သူတွေကို သေချာပေါက် စိတ်ကျေနပ်မှု ပေးနိုင်မှာ ဖြစ်သလို ရှေ့နှစ်ကား မကြည့်ရသေးရင်လည်း ဒီကားကို သီးခြားကြည့်ရှုနိုင်တာကြောင့် လူတိုင်း နှစ်သက်မယ်လို့ အာမခံနိုင်ပါတယ်။ စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေ ပြည့်နှက်နေပြီး အက်ရှင်ခန်းတွေလည်း ပါဝင်ပါတယ်။ PG 13 ဖြစ်တာကြောင့် အသက် ၁၃ နှစ်အထက် မိသားစုဝင်တွေ အတူတကွ ကြည့်ရှုနိုင်ပြီး ဟာသစွက်ထားတဲ့ ဇာတ်ကွက်လေးတွေကလည်း ဇာတ်မျောကြီး မဖြစ်စေပဲ စိတ်ကျေနပ်စေပါလိမ့်မယ်။ ပြိုင်ဖက် Star Wars ထက်စာရင် ပိုပြီး ပေါ့ပေါ့ပါးပါး ရှိသလို အရင် ဇာတ်ကြောင်းတွေအကြောင်း သိပ်သိဖို့ မလိုတာက ဒီဇာတ်ကားရဲ့ အားသာချက် ဖြစ်ပါတယ်။ သေချာပေါက် ကြည့်ပါလို့ တိုက်တွန်းပါရစေ။

Hollinaz

 

 

Star Trek: Beyond (2016)

| Action, Adventure, Sci-Fiction | 0 Comments
About The Author
-

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>