ပင်လယ်ထဲက အထီးကျန် ငှက်ကျွန်းမှာ မပျံသန်းနိုင်တဲ့ ငှက်တွေဟာ အေးချမ်းစွာ နေထိုင်နေကြပါတယ်။ Red ဟာ အလွန်ဒေါသကြီးပြီး အမြဲတမ်း တလွဲ လုပ်တတ်တာကြောင့် ဘယ်အလုပ်မှာမှ အဆင်မပြေပါဘူး။ အကြီးမားဆုံး ပြဿနာ အနေနဲ့ ရက်မစေ့သေးပဲ ငှက်ဥကနေ ကလေးလေးတွေ ထွက်လာအောင် လုပ်မိတာကြောင့် ပြစ်ဒဏ်ပေးခံရပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကတော့ ဒေါသထိန်းချုပ်ရေး သင်တန်း တက်ရောက်ရမှာ ဖြစ်ပြီး အဲဒီသင်တန်းမှာ Chuck ၊ Bomb ၊ Terence နဲ့ သင်တန်းမှူး Matilda တို့နဲ့ ဆုံတွေ့ရပါတယ်။

angry-birds

တစ်ရက်တော့ သူတို့ကျွန်းကို ဝက်တွေပါတဲ့ သင်္ဘောတစ်စီး ရောက်လာပါတယ်။ သူတို့နဲ့ အတူ လောက်လေးခွနဲ့ မိုးပျံပူဖောင်းလို နည်းပညာတွေ သယ်ဆောင်လာပြီး ကျွန်းသားတွေနဲ့ အတူ ပျော်ပွဲရွှင်ပွဲတွေ တရစပ် ဆင်နွှဲပါတယ်။ ဒီဝက်တွေရဲ့ ရည်ရွယ်ချက်ကို သံသယရှိတဲ့ Red ဟာ ဝက်သင်္ဘောပေါ် ထောက်လှမ်းဆဲမှာပဲ သူတို့ ငှက်ကျွန်းက ဥတွေကို ခိုးဖို့ ရည်ရွယ်နေတယ်လို့ ထင်နေတယ်။ Red ဟာ သူတတ်နိုင်သရွေ့ တားဆီးဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

yoga-bird

ငှက်ကျွန်းကို ရှေးအစဉ်အဆက်ကတည်းက ကာကွယ်ပေးခဲ့တဲ့ ခေါင်းဖြူလင်းယုန်ငှက်ကို အကူအညီတောင်းဖို့ Red ၊ Chuck နဲ့ Bomb တို့က ကြိုးစားပြန်ပါတယ်။ ဒါပေမယ့် ခေါင်းဖြူလင်းယုန်ဟာ အဝလွန်နေပြီး အနားယူနေခဲ့တာ အတော်ကြာပါပြီ။ ခေါင်းဖြူလင်းယုန်ရဲ့ မှန်ဘီလူးက တဆင့် ဝက်တွေဟာ သူတို့ကျွန်းကို ဖောက်ခွဲဖို့ ကြံစည်နေမှန်း Red က သိသွားပါတယ်။ အချိန်မီ ပြန်လာခဲ့ပေမယ့် Red ခမျာ ဝက်တွေကို မတားဆီးနိုင်လိုက်ပဲ တကျွန်းလုံး ရှိသမျှ ဥတွေ အခိုးခံလိုက်ရပါတယ်။ ကူရာမယ့် ကယ်ရာမယ့် အချိန်မှာ ငှက်အားလုံးဟာ သူတို့ရဲ့ အမှားကို သိသွားကြပြီး Red ကို အားကိုးကြပါတော့တယ်။

angrybirds4

Red တစ်ယောက် ဝက်တွေကို ဘယ်လိုနှိမ်နင်းမလဲ၊ ဥတွေကို ဘယ်လို ပြန်သယ်လာနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြပါ။

ab-footage-9

Angry Birds ဟာ Rovio ရဲ့ နာမည်ကျော် Mobile Game ဖြစ်တဲ့ Angry Birds ကို မှီငြမ်းပြုပြီး ဇာတ်လမ်းဆင်ထားတဲ့ 3D ကာတွန်းဇာတ်လမ်း ဖြစ်ပါတယ်။ ကလေးတွေ အကြိုက် ဇာတ်ကောင်နဲ့ ဇာတ်အိမ်ကို ရိုးရိုးပဲ တည်ဆောက်ထားပြီး ဒါရိုက်တာ Clay Kaytis နဲ့ Fergal Reilly တို့က ဖန်တီးထားပါတယ်။ Jason Sudiekis ၊ Josh Gad ၊ Danny McBride ၊ Maya Rudolph ၊ Bill Hader ၊ Peter Dinklage ၊ Kate McKinnon ၊ Sean Penn ၊ Tony Hale နဲ့ Keegan-Michael Key တို့ ပါဝင် သရုပ်ဆောင်ထားပြီး Rovio Animation နဲ့ Sony Pictures Imageworks တို့က ပူးပေါင်း ထုတ်လုပ်ပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိပြီး IMDb မှာ Rating 6.5 ရခဲ့ပေမယ့် Rotten Tomatoes မှာတော့ Tomatometer 43% ပဲ ရရှိထားပါတယ်။

the-angry-birds-movie-in-2016moviesatezine

ဇာတ်လမ်းကလည်း ရိုးစင်းသလို စိတ်လှုပ်ရှားဖွယ် ဇာတ်ကြောင်း မပါရှိတာကြောင့် ဇာတ်ကားကောင်း ကြိုက်သူတွေရဲ့ အကြိုက်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂိမ်းကနေ ရုပ်ရှင်အဖြစ် ဖန်တီးခဲ့တဲ့ ဇာတ်ကားတွေထဲမှာတော့  Warcraft ရဲ့ နောက် ဒုတိယ လူကြိုက်အများဆုံး ဇာတ်ကားအဖြစ် ရပ်တည်နေပါတယ်။ 3D လှုပ်ရှားမှုတွေ အလွန်ပြေပြစ်သလို တောက်ပတဲ့ အရောင်စုံနဲ့ ခြယ်သထားတာကြောင့် ကလေးတွေကတော့ သေချာပေါက် ကြိုက်နှစ်သက်မယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ကလေးတွေအတွက် အပျင်းပြေ ရုပ်ရှင်တစ်ကား ဖြစ်ပေမယ့် ဇာတ်ကားကောင်းကောင်း ကြိုက်သူတွေအတွက်တော့ အာသာပြေမယ့် ဇာတ်ကားမျိုး မဟုတ်ကြောင်း အသိပေးပါရစေ။

Hollinaz

 

Angry Birds (2016)

| Action, Adventure, Animation, Comedy | 0 Comments
About The Author
-

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>