globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Naked Ambition 3D (2014)

Wyman Chan ဟာ ဟောင်ကောင် မဂ္ဂဇင်းတစ်စောင်မှာ လိင်အသားပေး ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာဖြစ်ပါတယ်။ သူ့ချစ်သူ Cecilia Jik ဟာ အောင်မြင်တဲ့ အချစ်ဝတ္ထု စာရေးဆရာမ ဖြစ်ပါတယ်။ လိင်အသားပေး ဝတ္ထုတွေကို အရင်လို မဂ္ဂဇင်းမှာ မဖတ်ကြတော့ပဲ အင်တာနက်ပေါ်မှာ အလွယ်တကူ ရလာတဲ့အခါ Wyman ဟာ အလုပ်ပြုတ်သွားပါတော့တယ်။ အလုပ်မရှိတဲ့ Wyman ဟာ လိင်ဖျော်ဖြေရေး ခွေတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ လျှောက်ကြည့်ရင်း လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ အဆက်အသွယ် ရှိတဲ့ သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ရိုက်ကူးဖို့ အကြံရပါတယ်။ Wyman ဟာ သူ့သူငယ်ချင်းတွေနဲ့ အတူ ဂျပန်မှာ လိင်ဖျော်ဖြေရေး ဇာတ်ကား ရိုက်ကူးထုတ်လုပ်ဖို့ စိတ်ကူးပြီး ထွက်လာခဲ့ပါတယ်။ သူတို့ရဲ့ အဆက်အသွယ် Shodaiko …

Read More »

Guardians of the Galaxy (2014)

၁၉၈၈ ခုနှစ်ရဲ့ ဝမ်းနည်းဖွယ် နေ့ရက်တစ်ခု၊ Peter Quill ရဲ့ ဟာ သူ့အမေပေးထားတဲ့ လက်ဆောင် ကက်ဆက်ခွေလေးကို နားထောင်ရင်း သူ့အမေရဲ့ နောက်ဆုံးခရီးကို စောင့်နေရပါတယ်။ သူ့အမေ မဆုံးခင်မှာ သူ့ကို လက်ဆောင်တစ်ခုရယ်၊ အထုပ်လေး တစ်ခုရယ် ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့အမေ ဆုံးသွားပြီးတဲ့ နောက်မှာတော့ သူ့ကို အာကာသဓားပြ Yondu Udonta က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ နောက် ၂၆ နှစ်အကြာမှာတော့ Star-Lord လို့ နာမည်တွင်တဲ့ Peter Quill ဟာ Morag ဂြိုဟ်ပေါ်က သတ္တုလုံးတစ်ခုကို သွားခိုးပါတယ်။ သူခိုးနေတုန်းမှာပဲ Kree မျိုးနွယ်စုတွေထဲက Korath ဆိုတဲ့ လူတစ်ယောက်က ဒီသတ္ထုလုံးကို လာယူတာနဲ့ ကြုံပါတယ်။ အောင်မြင်စွာ ထွက်ပြေးနိုင်ပေမယ့် Peter Quill အတွက် နောက်ကြောင်းတော့ …

Read More »

Chef (2014)

ရုပ်ရှင်ချစ်သူတွေ သွားရည်ကျစေမယ့် ဇာတ်ကားကောင်းတစ်ခုအကြောင်းပြောပြချင်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို အရသာရှိစွာ ရိုက်ကူးထားတယ်လို့ ဆိုလို့ရအောင် အမေရိကန်နိုင်ငံရဲ့ အနောက်တိုင်းအစားအစာများစွာကို တထိုင်ထဲ မြည်းစမ်းကြည့်နိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်လို့ပါပဲ။    မိုင်ယာမီမြို့သား ကားလ်ကပ်စပါက နံမည်ကြီး လော့စ်အင်္ဂျလိစ် စားသောက်ဆိုင်ကြီးမှ စားဖိုမှူးကြီးဖြစ်ပါတယ်။  ကားလ်က မန်နေဂျာမလေး မော်လီ၊ စားဖိုမှူးလက်ထောက်ဖြစ်တဲ့ သူ့သူငယ်ချင်းတွေ အားပေး ကူညီမှုတွေနဲ့ အရသာရှိတဲ့ ဟင်းလျာအသစ်တွေကို ဖန်တီးချက်ပြုတ်တတ်တဲ့ ကျွမ်းကျင်စားဖိုမှူးကြီးပေါ့။      ကားလ်က စားဖိုဆောင်ကို သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စီမံချက်ပြုတ်ချင်ပေမယ့် ဆိုင်ပိုင်ဖြစ်တဲ့ ရီဗာကတော့ သူ့ဆိုင်မှာ ရှေးရိုးချက်မြဲအတိုင်း ဟင်းလျာများကိုသာ ရောင်းချချင်သူဖြစ်ပြီး ဟင်းလျာကိစ္စတွေမှာ အမြဲဝင်ရောက်စွက်ဖက်လေ့ရှိတာကြောင့် သူတို့ နှစ်ယောက်မကြာခဏ စကားများကြပါတယ်။      တစ်ရက်မှာတော့ သူတို့ရဲ့ဆိုင်ကို နံမည်ကြီးစားသောက်ဆိုင်ဝေဖန်ရေးဘလော့ဂါ တစ်ဦးဖြစ်တဲ့ ရမ်(မ်)ဆီ လာရောက်စားသောက်ပြီးတဲ့နောက်မှာတော့ ကားလ်ရဲ့ ဟင်းလျာများကို ရှုတ်ချဝေဖန်တဲ့သတင်းများရေးသားခဲ့တဲ့အတွက် ကားလ် က အလွန်ဒေါသထွက်ကာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ twitter ကနေပြီး ရမ်(မ်) ဆီကို စားသောက်ဆိုင်ကို နောက်တစ်ခေါက်လာစားဖို့ စိန်ခေါ်ခဲ့ပါတယ်။       …

Read More »

Exam (2009)

ဂရိတ်ဗြိတိန်နိုင်ငံတော်ကြီးဟာ ရောဂါကပ်ဆိုးကြီးတစ်ခု ကျရောက်ပြီး လူငယ်လူရွယ်များစွာ အသက်ဆုံးရှုံးကြပါတယ်။ DATAPREV ကုမ္ပဏီဟာ ဒီရောဂါကို ကုသနိုင်တဲ့ ဆေးတစ်ခု တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဆေးကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ လက်ရှိအချိန်မှာ တစုံတစ်ယောက်ကို အလုပ်ခန့်ချင်နေပါတယ်။ အလုပ်လျှောက်လွှာ ခေါ်ယူပြီးနောက်ပိုင်း မြောက်များလှစွာသော လျှောက်ထားသူတွေထဲက လူရှစ်ဦးကို ရွေးချယ်ပြီး နောက်ဆုံးစစ်ဆေးမှု တစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒါကတော့  Candidate လို့ခေါ်တဲ့ ဖြေဆိုသူတိုင်းအတွက် မေးခွန်းလွှာတစ်ခု ချပေးထားပြီး အခန်းတစ်ခန်းထဲမှာ စုစည်းထားလိုက်ပါတယ်။ Invigilator လို့ခေါ်တဲ့ စာမေးပွဲခန်းစောင့်သူက တစ်ဖက်ခန်းကနေ စောင့်ကြည့်နေပြီး မိနစ် ၈၀ ကြာ မေးခွန်းကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် မေးခွန်းက တစ်ခုတည်းပဲရှိပြီး အဖြေကလည်း တစ်ခုတည်းပဲ ရှိမှာ ဖြစ်ပါတယ်။ မေးခွန်းစာရွက်မှာပဲ အဖြေကို ရေးရမှာ ဖြစ်ပြီး မေးခွန်းစာရွက်ကို တစ်ခုခုကြောင့် …

Read More »

A Long Way Down (2014)

သူစိမ်း ၄ ယောက်  . . . သူတို့တွေက New Year ညမှာ ကိုယ့်ဘာသာကိုယ်သတ်သေဖို့ စီစဉ်ထားကြပြီး လန်ဒန်မြို့ရဲ့ အထပ်မြင့်အဆောက်အဦးတစ်ခုကို တူညီစွာ ရွေးချယ်ခဲ့မိကြတယ်။ ဒါနဲ့ သူတို့ ၄ ယောက် လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မတိုင်မှီအထိ ကိုယ့်ဘာသာကိုယ်သတ်မသေကြဖို့ သဘောတူလိုက်ကြပါတော့တယ်။  Martin သူကတော့ TV Program တစ်ခုမှာ လုပ်ကိုင်နေသူဖြစ်ပြီး အသက်မပြည့်သေးတဲ့မိန်းကလေးနဲ့ ပေါင်းသင်းခဲ့တဲ့အမှုအတွက် ထောင်ကျခဲ့သူတစ်ယောက်ပါ။ ပတ်ဝန်းကျင်ရဲ့ သူ့အပေါ်သက်ရောက်မှုတွေက သူ့ကို သတ်သေဖို့အထိ တိုက်တွန်းခဲ့တာပါ။    Maureen သူမကတော့ ကိုယ်လက်မသန်စွမ်းတဲ့ သားတစ်ယောက်ရဲ့ မိခင်ဖြစ်သူဖြစ်ပြီး သူ့ကိုယ်သူ အကူအညီမဲ့နေသူလို့ ထင်နေသူပါ။ Jess  သူမကတော့ နိုင်ငံရေးသမားတစ်ဦးရဲ့ သမီးဖြစ်ပြီး သူ့အစ်မသေဆုံးသွားခဲ့အတွက် စိတ်ထိခိုက်နေသူဖြစ်ပြီး သူ့အဖေနဲ့ ဆက်ဆံရေးကလည်း အကောင်းဆုံးမှာ ရှိမနေခဲ့ပါဘူး။  နောက်တစ်ယောက်ကတော့ သူ့ကိုသူ JJ လို့အမည်ပေးထားတဲ့ လူရွယ်တစ်ယောက်ဖြစ်ပြီး သူ့မှာ ဦးနှောက်ကင်ဆာ ရှိနေတယ်လို့ပြောပြထားပြီး …

Read More »

Lucy (2014)

လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ …

Read More »

Teenage Mutant Ninja Turtles – 2014

  နယူးယောက်မြို့ကို ဖျက်ဆီးမဲ့ လူဆိုး ရှရက်ဒါကို ဆယ်ကျော်သက် လိပ်နင်ဂျာလေးဦးက သတင်းထောက်မလေး ဧပရယ်နဲ့ ပူးပေါင်းပြီး နှိမ်နင်းတဲ့ ဇာတ်လမ်း ပါ။          လိပ်နင်ဂျာကာတွန်းနဲ့  ကြီးပြင်းလာသူတွေအတွက် တကယ်ကို စိတ်ကျေနပ်မှုပေးမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။            မင်းသမီး မီဂန်ဖောက်စ် ရဲ့အလှကလည်း ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်နေကြတဲ့ ဇာတ်ဝင်ခန်းတွေမှာတောင် အထင်းသားပေါ်လွင်နေတော့ ကြည့်ဖြစ်အောင် ကြည့်လိုက်အုံးနော်        သိပ်မကြာခင်ကမှ ရုံတင်တဲ့အတွက် imdb မှာ rating 6.4 ပဲရှိသေးပေမယ့် ဒီထက်ပိုမြင့်လာမယ်လို့ တထစ်ချတွေးမိတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်းနဲ့ မြည်းစမ်းကြည့်ဖို့ link ကတော့  http://putlocker.is/watch-teenage-mutant-ninja-turtles-2014-online-free-putlocker.html   Ciao!  April Outrageous    

Read More »

How I Live Now (2013)

အမေရိကန်ဆယ်ကျော်သက်လူငယ်မလေး Daisy ဟာ New York ကနေ England ရဲ့ ကျေးရွာလေးတစ်ခုမှာ Daisy ရဲ့အဒေါ်ဖြစ်သူ Penn နဲ့အတူ နေထိုင်ဖို့အတွက် သူ့အဖေက စေလွှတ်လိုက်တဲ့အတွက် ရောက်သွားပါတော့တယ်။ လေဆိပ်ကိုသူ့မောင်ဝမ်းကွဲဖြစ်သူက Issac က လာကြိုပြီးတော့ အိမ်ကိုခေါ်သွားပါတော့တယ်။ ထို့နောက် တခြားသော ၀မ်းကွဲမောင်နှမများနဲ့ပါ မိတ်ဆက်ပေးပြီးတော့ သူ့တို့အိမ်နီးချင်းတွေဖြစ်တော့ အသက် ၁၇ နှစ်အရွယ် Eddie တို့နဲ့ပါ မိတ်ဆက်ပေးလိုက်ပါသေးတယ်။ တကယ်တော့ Daisy ဟာ အလိုမကျမှုတွေနဲ့ အချစ်ကိုလိုအပ်နေသူဖြစ်ပြီး တသီးတခြားကင်းကင်းရှင်းရှင်း နေတတ်သူဖြစ်ပြီး သူ့ကိုယ်သူ ကံမကောင်းတဲ့သူလို့မှတ်ယူထားပြီး သူသွားတဲ့နေရာမှန်သမျှ ကံမကောင်းမှုတွေ လိုက်ပါတယ်တယ်လို့ သူ့မွေးပြီးမကြာခင်သူ့အမေ ဆုံးသွားပြီးတယ်ဆိုတာကို သိကတည်းက ထင်မြင်နေသူပါ။  သူ့အဒေါ်ဖြစ်သူ Penn ကတော့ အလုပ်များနေတဲ့သူတစ်ယောက်ဖြစ်ပြီး England မှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့စစ်ပွဲကို လေ့လာနေတဲ့သူတစ်ယောက်ပါ။ ထို့အတူသူဟာ Geneva ကို အရေးပေါ်သွားဖို့ ပေါ်လာတာကြောင့် နောက်နေ့မနက်သွားဖို့ပြင်ဆင်နေထားပါတယ်။ သူ လေဆိပ်ကိုသွားနောက်ပိုင်းမကြာမှီ London မြို့မှာ နူကလီးယားဗုံးပေါက်ပွဲတာကြောင့် အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြော်ငြာလိုက်ရပါတော့တယ်။ ထိုအချိန်မှာ Daisy နဲ့ …

Read More »

“ပြည်ထောင်စုမယ် မင်းသမီးခင်သန်းနု”

ခင်သန်းနုသည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။ ခင်သန်းနုသည် ပျဉ်းမနားမြို့၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် ဘယ်သန် ဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ် ဆောင်ခဲ့သည်။ "၀င်းဦးနှင့် ညွန့်ဝင်းနှင့်" တင့်လှပေဟန် ရိုက်ကူး နေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က `ချစ်သောသူ တစ်ယောက်´ ဇာတ်ကားမှာ …

Read More »

Blood Creek (2009)

ဂျာမန် ပရော်ဖက်ဆာ တစ်ဦးဖြစ်တဲ့ Richard Wirth ဟာ ၁၉၃၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားကို ပြောင်းရွှေ့နေထိုင်ပါတယ်။ Wollners လို့ခေါ်တဲ့ မိသားစုတွေဟာ ဒေါက်တာ Richard Wirth ကို ပညာတော်သင်တစ်ယောက်လို့ပဲ ထင်ကြပေမယ့် တကယ်တော့ Wirth ဟာ နာဇီတစ်ယောက်ဖြစ်ပြီး စုန်းပညာကို လေ့လာလိုက်စားရင်း ဗိုက်ကင်းတွေ မြှုပ်ထားခဲ့တဲ့ ကျောက်တုံးတစ်တုံးကို လိုက်ရှာနေတာပါ။ အဲဒီကျောက်တုံးဟာ Wollners မိသားစုရဲ့ အိမ်အောက်မှာ မြှုပ်ထားမှန်း သိသွားပြီး ဒီကျောက်တုံးကို နာဇီတွေအတွက် အသုံးပြုလိုတယ်လို့ တောင်းဆိုပါတယ်။ Wollners မိသားစုဟာ Wirth ကို မြေအောက်ခန်းထဲမှာ ပိတ်လှောင်ထိန်းသိမ်းထားလိုက်ပါတယ်။ ဒါပေမယ့် ဒီကျောက်တုံးကြောင့် Wollners မိသားစုတွေဟာ နှစ်ပေါင်းများစွာ အသက်ရှည်နေသလို Wirth ကိုလည်း ပုံမှန် လူတစ်ယောက် ကျွေးမွေးရပါတယ်။ အချိန်တွေ ကုန်လွန်ခဲ့လို့ ၂၀၀၇ …

Read More »