globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Hotel Transylvania 2

2012 ခုနှစ်ကထွက်ရှိထားတဲ့ Hotel Transylvania ရဲ့ အဆက်ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားမှာတော့ Johnnystein နဲ့ ဗန်ပိုင်းယား မလေး Mavis တို့ ချစ်ကြိုက်သွားတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။ ဒီဇာတ်ကားအစမှာတော့ သူတို့ နှစ်ယောက် မင်္ဂလာဆောင်တဲ့အခန်းနဲ့ စတင်ထားပြီးတော့ Johnnystein ရဲ့ မိဘတွေပါ မင်္ဂလာပွဲကို တက်ရောက်ကြပြီး မင်္ဂလာပွဲကို ပျော်ရွှင်စွာ ကျင်းပ ဖြစ်ခဲ့ပါတော့တယ်။ နောက်ပိုင်းမှာတော့ Mavis ဟာ ကိုယ်ဝန်ရှိလာပြီး Dennis လို့ခေါ်တဲ့သားလေးကို မွေးဖွားလာခဲ့ပါတယ်။ Dennis လေး ၅ နှစ်မပြည့်ခင်မှာ အဖိုးဖြစ်သူ Drac ဟာ သူ့မြေးဖြစ်သူ Dennis ဟာ ဗန်ပိုင်းယားတို့ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ အစွယ်ပေါက်မလာသေးတဲ့အတွက် သူ့မြေးဖြစ်သူ ဗန်ပိုင်းယားသွေး မပါလာမှာကို စိုးရိမ်နေပါတယ်။ Transylvania ဟာ သူ့သားအတွက် အန္တရာယ်ရှိတဲ့နေရာတစ်ခုလို့ …

Read More »

Star Wars: The Force Awakens [Episode VII] (2015)

Endor တိုက်ပွဲမှာ Luke Skywalker နဲ့ Darth Vader တို့ ဖြိုခွဲလိုက်တဲ့ ကြယ်စင်စု အင်ပါယာကြီး ပြိုကွဲသွားပြီးတဲ့နောက် နှစ်ပေါင်း ၃၀ လောက်အကြာမှာ ရီပတ်ဘလစ် တပ်မတော်ဟာ ကြယ်စင်စု အင်ပါယာကြီးရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ပထမတန်း တပ်မတော်နဲ့ စစ်ပွဲသစ် ထပ်မံ ဆင်နွှဲနေရပါတယ်။ ရီပတ်ဘလစ်ရဲ့ ခုခံရေး တပ်ဖွဲ့ဟာ Luke ရဲ့ အမွှာအစ်မ မင်းသမီး Leia Organa ရဲ့ ဦးဆောင်မှုအောက်မှာ ပထမတန်း တပ်မတော်ကို အပြင်းအထန် ခုခံတိုက်ခိုက်နေရပါတယ်။ ခုခံရေး တပ်ဖွဲ့က ထိပ်တန်း လေယာဉ်မှူး Poe Dameron ဟာ Jakku ဂြိုဟ်က သက်ကြီးဝါကြီး Lor San Tekka ကို လျှို့ဝှက်သွားရောက်တွေ့ဆုံရင်း ပျောက်ဆုံးနေတဲ့ နောက်ဆုံး Jedi သူရဲကောင်း Luke …

Read More »

The Good Dinosaur (2015)

လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းခန့်က ကမ္ဘာမြေကို ဝင်တိုက်ရန် အရှိန်အဟုန်နဲ့ ဖြတ်သန်းလာတဲ့ ဥက္ကာခဲကြီး တစ်ခုဟာ ကမ္ဘာအနီးမှ ဖြတ်သန်းသွားပါတယ်။ နောက်နှစ်ပေါင်း ၆၅ သန်းကြာတဲ့အခါမှာတော့ Apatosaurus လို့ခေါ်တဲ့ လည်ပင်းရှည် အရွက်စား ဒိုင်နိုဆော Henry နဲ့ Ida လယ်သမား လင်မယား နှစ်ယောက်ဟာ တောင်ခြေတစ်ခုမှာ အခြေချပြီး နေထိုင်ကြပါတယ်။ သူတို့ရဲ့ မျိုးဆက်သစ် ဖြစ်လာမယ့် ဥလေး ၃ လုံးဟာ မကြာခင်မှာပဲ ပေါက်ပွားလာပါတယ်။ Libby လို့ ခေါ်တဲ့ တက်တက်ကြွကြွ ရှိတဲ့ ဒိုင်နိုဆောပေါက်လေး၊ Buck လို နာမည်ပေးထားတဲ့ ဉာဏ်များတဲ့ ဒိုင်နိုဆောပေါက်လေးတွေ မွေးဖွားလာပြီး နောက်မှာတော့ အရွယ်ကြီးမားတဲ့ ဥကြီးကနေ အလွန်ကြောက်တတ်တဲ့ ဒိုင်နိုဆောလေး Arlo မွေးဖွားလာပါတယ်။ Libby နဲ့ Buck က …

Read More »

Inside Out (2015)

ဒီဇာတ်ကားလေးက ထွက်တာ နည်းနည်းကြာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မကြည့်ဖြစ်ပါဘူး။ ကြည့်နေတုန်းမှာပဲ ကျွန်တော့်အကြိုက် ရုပ်ရှင်ကားတစ်ကားဖြစ်သွားပါတော့တယ်။ Riley ဆိုတဲ့ကောင်မလေးဟာ ပျော်ရွှင်တက်ကြွတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး Minnesota မှာနေထိုင်ကာ ဟောကီကစားနည်းကို ဝါသနာပါပြီး အသက် ၁၁ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့အဖေဟာ အလုပ်အသစ်အတွက် တခြားနေရာကို ပြောင်းရွှေ့ဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူတို့နေထိုင်ရမယ့်နေရာလေးဟာ Riley မျှော်လင့်ထားသလို ဖြစ်မလာတော့တဲ့နောက်ပိုင်းမှာတော့ . . . . Riley ဆိုတဲ့ကောင်မလေးကို အဓိကထားပြီး သူ့ဦးနှောက်ထဲမှာအလုပ်လုပ်နေတဲ့ anger, fear, sadness, disgust, joy ဆိုတဲ့အဓိက စိတ်ခံစားမှု ၅ မျိုးကို စိတ်ကူးပုံဖော်ပြီး ရိုက်ကူးထားတာပါ။ ထိုအထဲမှာမှ joy က အတော်များများကို ဦးဆောင်လုပ်ကိုင်ပြီး sadness ကတော့သူဘာလုပ်လုပ် အဆင်မပြေတဲ့အတွက် မဝံမရဲဖြစ်နေသူပါ။ sadness ထိမိတဲ့ …

Read More »

Attack on Titan (2015)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်တန်လို့ခေါ်တဲ့ လူနဲ့ သဏ္ဍာန်တူ သတ္တဝါကြီးတွေ ပေါ်လာပြီး လူသားတွေကို လိုက်လံစားသောက်ကြပါတယ်။ ကြောက်မက်ဖွယ်ကြီးမားတဲ့ သတ္တဝါဆိုးကြီးတွေရဲ့ ရန်ကို ကာကွယ်ဖို့ လူသားတွေဟာ စုစည်းနေထိုင်ကြပြီး သူတို့ရဲ့ အန္တရာယ်ကနေ လွတ်မြောက်နိုင်ဖို့ အလွန်မြင့်မားတဲ့ နံရံကြီးတွေကို တည်ဆောက်ပြီး အထဲမှာပဲ ပုန်းခိုနေကြရပါတယ်။ နှစ်ပေါင်း ၁၀၀ လောက်ကြာတဲ့ အခါမှာတော့ ဒီတိုက်တန်တွေရဲ့ အကြောင်းကို မကြားရသလောက် ဖြစ်နေခဲ့ပါပြီ။ Armin Arlet ဟာ မိုဇန်ရပ်ကွက်အတွင်းမှာ နေထိုင်သူ ဖြစ်ပြီး စက်မှုပညာ ဝါသနာ ပါသူ ဖြစ်ပါတယ်။ သူ့သူငယ်ချင်း Eren Yeager ကတော့ ပြဿနာကောင်တစ်ကောင် ဖြစ်ပြီး အလုပ်ကနေ ထပ်မံ ထုတ်ပယ်ခံထားရပါတယ်။ Eren နဲ့ Armin ဟာ Eren ရဲ့ …

Read More »

The 33 (2015)

ချီလေ (Chile) နိုင်ငံရဲ့ ဆန်ဟိုစေး (San Jose Mine) ရွှေနဲ့ကြေးနီသတ္တုတွင်းပြိုကျမှု ဖြစ်ရပ်မှန်ဇာတ်လမ်း ချီလေနိုင်ငံသား ၃၂ယောက်နဲ့ ဘိုလီးဗီးယန်းနိုင်ငံသား၁ယောက်ပေါင်း၃၃ယောက်တို့ပါဝင်တဲ့ ဆန်ဟိုစေးမိုင်း ရွှေတူးလုပ်သား အဖွဲ့ဟာ ၂၀၁၀ သြဂုတ်လ ၅ရက်နေ့မှာ ပေပေါင်း ၂၃၀၀ အနက်ကို ရွှေတူးရန်သွားခဲ့ကြပါတယ်။ ပြတ်ရွေ့ စပြုနေတဲ့ မြေအောက် ရွှေတွင်းက အဲ့ဒီနေ့မှာပဲ ပြိုကျကာ မြေပြင်ကိုပြန်ထွက်နိုင်မဲ့ တစ်ခုထဲသောလမ်းပိတ်သွားပါတယ်။     ပိတ်မိနေတဲ့ လုပ်သား ၃၃ယောက်လုံး စုစုစည်းစည်းရှာတွေ့တဲ့ကာ အုပ်စုခေါင်းဆောင်နဲ့အတူ မြေပြိုကျတဲ့အခါ ပုန်းအောင်းနေနိုင်ရန်နဲ့ ကယ်ဆယ်ရလွယ်ကူရန်သတ်မှတ်ထားတဲ့ ကယ်ဆယ်ရေးစခန်းကို သွားကြပါတယ်။  ကုမ္ဗဏီပိုင်ရှင်တွေက ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး တည်ဆောက်ထားတဲ့ မိုင်းတွင်းဖြစ်နေတာမို့ ကယ်ဆယ်ရေးစခန်းနေရာရောက်တဲ့အခါ ဆေးပစ္စည်းနဲ့ ရေဒီယိုလဲ မရှိတဲ့အပြင် အပေါ်တက်ဖို့လှေကားကလည်း တ၀က်တပျက် တပ်ဆင်ထားတာ ကိုတွေ့လိုက်ရပါတယ်။ ရိက္ခာအဖြစ် မုန့်ခြောက်နဲ့ ငါးသေတ္တာ အနည်းငယ်ပဲ ရှာတွေတဲ့အတွက် ကယ်ဆယ်ရေး မလာမချင်း အသက်ဆက်နေနိုင်ဖို့ ရိက္ခာကို …

Read More »

Spare Parts (2015)

ဒီဇာတ်ကားလေးကတော့ Mcfarland (2015) နဲ့ ဇာတ်လမ်းချင်းတူညီရုံသာမက အမေရိကန် မက္ကစီကို နယ်စပ်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ ထို့အတူ တကယ်အဖြစ်ပျက်ကို ပြန်လည်ရုက်ကူးထားတာလဲ တူညီပါသေးတယ်။   အထက်တန်းကျောင်းက လူငယ်လေးတွေ စက်ရုပ်ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ဖို့ရှိလာပြီး ထိုပြိုင်ပွဲကို အမေရိကန်က တခြားနာမည်ကြီးကျောင်းတွေပါ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ သူတို့ကျောင်းအနေနဲ့ကတော့ ပထမဆုံး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သူတို့မှာ အတွေ့အကြုံမရှိ၊ စက်ရုပ်တည်ဆောက်ဖို့အတွက် လုပ်လောက်တဲ့ ငွေကြေးလည်း မရှိပါဘူး။ ထို့အတူ ပြိုင်ပွဲနီးမှာ အဖွဲ့ဝင်တွေကို လိုက်လံ ခေါ်ယူနေရပါတော့တယ်။ သူတို့အဖွဲ့လေးကို ဦးဆောင်ယှဉ်ပြိုင်မယ့် ဆရာကတော့ တစ်လောကမှ ကျောင်းကို ရောက်ရှိလာတဲ့ ဆရာအသစ်တစ်ယောက်ဖြစ်ပြီး သူ့မှာ ဆရာအတွေ့အကြုံလည်းမရှိပါဘူး။ ထိုဆရာအနေနဲ့ သူတို့အဖွဲ့လေးကို ဘယ်လိုဦးဆောင်မှုတွေပေးပြီး ရေအောက်စက်ရုပ်ပြိုင်ပွဲမှာ ဘယ်လိုမျိုး စွမ်းဆောင်နိုင်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပါ။ IMDB Ratings: 7.2/10 ရရှိထားပြီး George Lopez, …

Read More »

Kung Fu Dunk (2008)

ဖန်ရှီကျဲဟာ စွန့်ပစ်ခံ ကလေးတစ်ဦးဖြစ်ပြီး သူ့ကို ကွန်ဖူးပညာသင် ကျောင်းတစ်ကျောင်းက ကျွေးမွေး စောင့်ရှောက်ပေးထားပါတယ်။ သူ့ကို မွေးစားခဲ့တဲ့ ဆရာဟာ အချိန်ကို နောက်ပြန်သွားနိုင်မယ့် သိုင်းပညာတစ်ခုကို သင်ပေးပြီးတဲ့နောက် သေဆုံးသွားခဲ့ပါတယ်။ ကျောင်းကို ဆက်လက်အုပ်ချုပ်တဲ့ ဆရာဟာ မနက်ပိုင်း သိုင်းသရုပ်ပြတိုင်း ဖန်ရှီကျဲကို ထိုးလေ့ရှိပါတယ်။ ဖန်ရှီကျဲက ရှောင်လင် သံမဏိကိုယ်ခံပညာနဲ့ ခုခံမိတိုင်း ညစာမကျွေးပဲ ကျောင်းကနေ မောင်းထုတ်လေ့ ရှိပါတယ်။ ဆင်းရဲပြီး အပေါင်းအသင်း မရှိတဲ့ ဖန်ရှီကျဲဟာ အရွယ်ရောက်လာပြီး နှလုံးသားရေးရာ စိတ်ဝင်စားလာပေမယ့် အောင်မြင်မှု မရပဲ လက်လျှော့ခဲ့ရတာချည်းပါပဲ။ ကျောင်းက မောင်းထုတ်ပြန်လို့ ညစာမစားရပဲ ပန်းခြံထဲမှာ သွားအိပ်နေရတဲ့ ဖန်ရှီကျဲဟာ တိတိကျကျ ပစ်နိုင်တဲ့ သူ့ရဲ့ စွမ်းရည်ကို အသုံးပြုရင်း အမှိုက်တွေ ရှင်းနေခဲ့ပါတယ်။ ဖန်ရှီကျဲရဲ့ စွမ်းရည်ကို မြင်သွားတဲ့ အဖိုးကြီး ဝမ်းလီဟာ သူ့ကို …

Read More »

Pixels (2015)

၁၉၈၂ ခုနှစ် အမေရိကန်နိုင်ငံမှာ ဂိမ်းပြိုင်ပွဲလေး တစ်ခု ပြုလုပ်ပါတယ်။ Arcade ဂိမ်းစက်တွေ ခေတ်ကောင်းနေတဲ့ အဲဒီကာလမှာ Sam Brenner နဲ့ Will Cooper တို့ဟာ ဂိမ်းကို အရူးအမူး ဖြစ်ကြတဲ့ ၁၃ နှစ်အရွယ် ချာတိတ်နှစ်ကောင် ဖြစ်ပြီး Sam ဟာ ပါရမီရှင် ဂိမ်းမာတစ်ယောက် ဖြစ်ပါတယ်။ အဲဒီဂိမ်းပွဲမှာ သူတို့နှစ်ယောက်ဟာ Ludlow Lamonsoff ဆိုတဲ့ နောက်ထပ် ချာတိတ်တစ်ယောက်နဲ့ တွေ့ဆုံပြီး ခံစားချက်တွေ ဝေမျှနိုင်ခဲ့ပါတယ်။ Sam ဟာ ဂိမ်းပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပြိုင်ဖက် Eddie Plant ကို အရေးနိမ့်ပြီး ဒုတိယပဲ ရခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို အဲဒီအချိန်က ကမ္ဘာကြီးရဲ့ ပုံရိပ် အမှတ်တံဆိပ်တွေနဲ့အတူ နာဆာက …

Read More »

San Andreas (2015)

သဘာဝဘေးအန္တရယ်တွေထဲက တစ်ခုဖြစ်တဲ့ ငလျင်အကြောင်းကို အဓိက ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပြီး ငလျင်ရဲ့ နောက်ထက်ဆိုးကြိုးတွေအကြောင်းကို မိသားစု ၃ ဦးရဲ့ သံယောဇဉ်လေးနဲ့အတူ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုပါ။ Ray ဟာ Los Angeles မီးသတ်ဌာနရဲ့ လေကြောင်းကယ်ဆယ်ရေးဌာနမှာ လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မိန်းမ Emma နဲ့ မကြာခင်ကွာရှင်းတော့မှာပါ။ သူ့မှာ Blake ဆိုတဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ တစ်ခြားတစ်ဖက်မှာတော့ မြေငလျင်ပညာရှင် Hayes နဲ့ သူ့လုပ်ဖော်ကိုင်ဖက် Kim တို့ဟာ Hoover ဆည်မှာ ငလျင်ကြိုတင်ခံမှန်းရေးအတွက် သုတေသနလုပ်လျက်ရှိနေပါတယ်။ သူတို့သုတေသနဟာ အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။ ထိုအချိန်မှာပဲ ပြင်းအား ၇.၁ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားပြီး Hoover ဆည်လဲ ပျက်စီးသွားခဲ့ပြီး Kim လည်း အသက်ပေးခဲ့ရပါတော့တယ်။ ထိုအဖြစ်အပျက်ကြောင့် Ray ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် သွားဖို့ပေါ်လာပြီး Blake …

Read More »