globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Journey to the Christmas Star (2012)

  နော်ဝေးနိုင်ငံရဲ့ ဘုရင်ကြီးမှာ သမီးတော်လေး တစ်ပါးရှိပါတယ်။ ရွှေရောင် ဆံပင်လေးတွေ ပိုင်ဆိုင်တာကြောင့် ရွှေဆံချည် မင်းသမီးလို့ နာမည်ပေးခဲ့ပါတယ်။ သူ့မိခင် မိဘုရားကြီးက မင်းသမီးလေးကို အသည်းပုံလည်ဆွဲလေး ဆင်မြန်းပေးထားပါတယ်။ အဲ့သမီးတော်လေးဟာ နောင်တစ်ချိန်မှာ နန်းမွေဆက်ခံနိုင်မှာ ဖြစ်တာကြောင့် ဘုရင့်ရဲ့ညီ နယ်စားကြီးက မကျေနပ်ပါဘူး။ ဒီကလေးမလေးကို လက်စဖျောက်ပစ်နိုင်မှသာလျှင် သူဘုရင်ဖြစ်နိုင်မှာမို့ စုန်းမကြီးတစ်ဦးနဲ့ ပေါင်းပြီး ကလေးမလေးကို ဖြားယောင်းဖို့ ကြံစည်ပါတယ်။ ခရစ်စမတ် ညတစ်ညမှာ ခရစ်စမတ်ကြယ်ကြီး လင်းလက်နေတာကို မင်းသမီးလေးက တွေ့သွားပါတယ်။ အဲဒီခရစ်စမတ်ကြယ်ကို သွားယူဖို့ မင်းသမီးလေးကို ဦးလေးဖြစ်တဲ့ နယ်စားကြီးက ချွန်တွန်းလုပ်ပါတယ်။ မင်းသမီးလေး တောထဲရောက်တဲ့အချိန်မှာ စုန်းမကြီးက မင်းသမီးလေးကို သူ့ရဲ့ မှော်ပညာနဲ့ တိုက်ခိုက်လိုက်တဲ့အခါမှာ မင်းသမီးလေး ပျောက်ဆုံးသွားပါတယ်။ မိဖုရားကြီးဟာ သူ့သမီးလေး ခရစ်စမတ်ကြယ်ကို လိုက်ရှာရင်း ပျောက်ဆုံးသွားတာမို့ ၀မ်းနည်းပက်လက်ဖြစ်ပြီး မကြာခင် ကွယ်လွန်သွားပါတယ်။ …

Read More »

CLOSED CIRCUIT (2013)

လန်ဒန် ရဲ့ အထင်ကရဈေးတခုမှာ ပေါက်ကွဲမှု့တခု ဖြစ်ပွဲခဲ့ပြီး လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်… ဒီဖြစ်ရပ်မှာ သံဒယရှိခြင်း ခံရသူ တဦး ကို ဖမ်းဆီးခဲ့ပါတယ်…   တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဆိုင်မွန် ဟာ ရုတ်တရတ် သေဆုံးသွားခဲ့ပြီးနောက် Martin Rose ကိုဆောင်ရွက်စေဖို့ လွဲပြောင်းပေးခြင်းခံရသလို တချိန်ထဲမှာပဲ တရားခံဖက်က ရှေ့နေအဖြစ် Claudia Simmons ကို ဆောင်ရွက်စေခဲ့ပါတယ်…သူတို့ ၂ ဦးဟာ မကြာခင်အချိန်တခုကမှ ပြတ်စဲထားတဲ့ လင်မယားတွေ ဖြစ်ပေမယ့် ဒီအမှုကို ပေးအပ်လိုက်ချိန်ကစလို့ တဦး နဲ့ တဦး မည်သည့် အကြောင်းနဲ့မှ ဆက်သွယ်ခွင့် နဲ့ ဆက်သွယ်မည် မဟုတ်ပါကြောင်း ကို ကတိပေးထားရပြန်တယ်.. တရာခံရှေ့နေ Claudia ဟာ MI5 agent Nazrul Sharma ရဲ့ ထိမ်းသိမ်းမှု့အောက်မှာသာ …

Read More »

Dr. Who: The Day of the Doctor (2013)

    Coal Hill အထက်တန်းကျောင်းက စာသင်ချိန်အပြီးမှာ Clara Oswald အတွက် ဖုန်းသတင်းတစ်ခု ရောက်လာပါတယ်။ သူ့ရဲ့ ဒေါက်တာက သူနဲ့ တွေ့ချင်လို့ပါတဲ့။ အဲဒီဒေါက်တာကတော့ အချိန်ခရီးတွေ တစ်ခုပြီးတစ်ခု မနားတမ်းဆက်နေရတဲ့ ဒေါက်တာ Who ပါပဲ။ လက်ရှိ ဒေါက်တာ Who ဟာ ၁၁ ယောက်မြောက် ဖြစ်ပြီး သူ့ရဲ့ အချိန်သွားယန္တယား TARDIS ထဲကို Clara လိုက်လာပါတယ်။ ဒါပေမယ့် အဲဒီ TARDIS ကို UNIT အဖွဲ့က ထရာဖဲလဂါ ရင်ပြင်ကို ရဟတ်ယာဉ်နဲ့ ချိတ်ပြီး သယ်ဆောင်သွားပါတယ်။ အကြောင်းရင်းကတော့ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာလို့ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က စာတစ်စောင်ကို ဒေါက်တာ Who လက်ထဲ ပေးဖို့ဖြစ်ပါတယ်။ အဲဒီစာဟာ …

Read More »

47 Ronin (2013)

  ၁၈ ရာစု ဂျပန်နိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ အဓိကအာဏာကို Shogun လို့ခေါ်တဲ့ Tokugawa မျိုးနွယ် စစ်သူကြီးတွေက ထိန်းချုပ်ထားပါတယ်။ သက္ကရာဇ် ၁၇၀၁ ခုနှစ် ဂျပန်မှာတော့ Tokugawa Tsunayoshi က Shogun အဖြစ် အုပ်ချုပ်နေပါတယ်။ သူဟာ စစ်သည်တော်မျိုးနွယ် ဆာမူရိုင်းတွေ အားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဆာမူရိုင်းတွေဟာ Daimyo လို့ခေါ်တဲ့ နယ်ပိုင် ဆာမူရိုင်းကြီးတွေဆီမှာ သစ္စာခံအမှုထမ်းရပြီး သူတို့ရဲ့ ခေါင်းဆောင်တွေဟာ Tokugawa ရဲ့ အမိန့်ကို နာခံကြရပါတယ်။ Kai ဟာ အနောက်တိုင်းသင်္ဘောသားတစ်ယောက်နဲ့ ဂျပန်အမျိုးသမီးတစ်ယောက်ရဲ့ သားဖြစ်ပြီး မကောင်းဆိုးဝါး တစ်ပိုင်းဖြစ်တာမို့ မွေးဖွားပြီးကတည်းက စွန့်ပစ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီကလေးတွေကို ထိန်းသိမ်းပြီး မကောင်းဆိုးဝါးတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ လေ့ကျင့်ပေးတဲ့ ကျောင်းတစ်ခုက Kai ကို စောင့်ရှောက်သင်ကြားပေးပါတယ်။ ဒါပေမယ့် မကောင်းဆိုးဝါးတွေနဲ့ …

Read More »

My Name Is Khan (2010)

၂၀၁၀ လောက်က ထွက်ခဲ့တဲ့ ရှရွတ်ခန်ရဲ့ ဇာတ်ကားလေးတစ်ခုပါ။ ရှရွတ်ခန်ဟာ ဒီကားမှာတော့ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ သူ့သရုပ်ဆောင်မှုကလည်း ပြောစရာမရှိအောင်ကောင်းမွန်လှပါတယ်။ သူဟာ သူ့မိဘတွေဆုံးတော့ သူ့ညီရှိရာ အမေရိက ကိုလိုက်သွားပါတယ်။ သူဟာ သူ့အစ်ကိုကုန်ပနီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ခြင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကျခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ စီစဉ်နေသူပါ။ Khan ကတော့ မကြာခဏ Mandira ဆိုင်ဘက်ခဏခဏရောက်ဖြစ်နေပါတယ်။ Khan ဟာ သာမန်လူတစ်ယောက်မဟုတ်ပေမယ့်လည်း သူ့ရဲ့ရိုးသားမှု ညဏ်ကောင်းတာတွေကို Mandira က သဘောကျသောကြောင့် လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ အစပိုင်း Khan အစ်ကို့ သူတို့မင်္ဂလာဆောင်ကိုကန့်ကွက်ပါသေးတယ် . . . Mandira …

Read More »

Accepted (2006)

  Bartleby Gaines ဟာ ID အတုတွေ ဖန်တီးတဲ့နေရာမှာ ဆရာပါ။ အထက်တန်းကျောင်းသားဘ၀မှာ သူမတူအောင် ဗရုတ်ကျခဲ့ပေမယ့် တက္ကသိုလ်တွေ လျှောက်တဲ့အခါမှာတော့ သူ့ရဲ့ အမှတ်တွေကြောင့် ဘယ်တက္ကသိုလ်ကမှ လက်မခံပါဘူး။ ဒါကြောင့် သူ့ခမျာ သူ့အဖေ စိတ်ကျေနပ်စေဖို့ တက္ကသိုလ်တစ်ခုခုက လက်ခံနိုင်အောင် ကြံစည်ရပါတယ်။ နောက်ဆုံး ဘယ်လိုမှ မရတဲ့အခါမှာ တက္ကသိုလ် အတုတစ်ခုကို ဖန်တီးဖို့သာ စီစဉ်ရပါတော့တယ်။ သူ့သူငယ်ချင်းSherman Schrader ကတော့ Harmon ကောလိပ် တက်ရောက်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် Sherman ရဲ့ ကျောင်းက အတွေ့အကြုံတွေကို မူတည်ပြီး Web Page အတုတစ်ခုနဲ့ ကျောင်းအတုတစ်ခု ဖန်တီးဖို့ စီစဉ်ရပါတယ်။ သူနဲ့အတူ သူ့လိုပဲ ကျောင်းတွေက အငြင်းခံရတဲ့ သူငယ်ချင်းတွေ ပိုက်ဆံစုပြီး အဆောက်အဦးဟောင်း တစ်ခုကို ငှားကြပါတယ်။ အဲဒီအဆောက်အဦးဟာ …

Read More »

Rush (2013)

ဇာတ်ကားကောင်းကြိုက်သူတွေ အကြိုက်တွေ့မယ့် ဇတ်ကားလေးတစ်ခုပါ။ ၁၉၇၀နှစ်အတောအတွင်း Formula 1 ကားမောင်းပြိုင်ပွဲရဲ့ ကားမောင်းသမားတွေဖြစ်တဲ့ James Hunt နဲ့ Niki Lauda တို့ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲအကြောင်းရိုက်ထားတာလေးပါ။ သူတို့နှစ်ယောက်ဟာ အောင်မြင်မှု ရရင်လိုပုံချင်းတူပေမယ့် ခံယူချက်တွေတော့ မတူပါဘူး။ Hunt ဟာ အောင်မြင်မှုကိုမက်မောပြီး မိန်းမရှုပ်၊ ပျော်ပျော်နေတတ်၊ စွန့်စားရတာကို ၀ါသနာပါသူတစ်ယောက်ပါ။ Niki Lauda ကတော့ အောင်မြင်မှုကိုမက်မောင်ပြီး ပျော်ရွှင်မှုဟာ သူ့အတွက် အားနည်းချက်ဖြစ်စေတယ်လို့ခံယူထားသူပါ။ ထို့အတူ ပြိုင်ပွဲတစ်ခုမှာ မတော်တဆသေဆုံးဖို့ 20% ရှိတယ်လို့မှတ်ယူထားပြီး ၊ ထို အန္တရယ်ကိုလက်ခံထားပြီး ထပ်မဖြစ်ဖို့တော့ ဆန္ဒရှိသူပါ။ အစောပိုင်းနှစ်မှာ  Niki Lauda ရဲ့အသင်း Ferrari ဟာ World Championship ရသွားပြီး Hunt တို့အသင်းကတော့ Sponsors မရှိတော့တာကြောင့် ဖျက်လိုက်ရပါတယ်။ ဒါကြောင့် …

Read More »

Dhoom 2: Back in Action (2006)

   ဗြိတိန်ဘုရင်မကြီး လိုက်ပါလာတဲ့ ရထားပေါ်ကို ဂလိုက်ဒါနဲ့ သူခိုးတစ်ယောက် ရောက်လာသည်။ ထိုသူခိုးက ဘုရင်မကြီးရဲ့ သရဖူကို ခိုးယူပြီး ဘုရင်မကြီးယောင် ဟန်ဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားသည်။ သူခိုးမှာ ရုပ်ပြောင်းရုပ်လွှဲတော်သူ Mr. A လို့သာ သိရသည်။ ထိုအမှုကို လိုက်ဖို့ အသစ်ချပ်ချွတ် ရဲအရာရှိ Ali နဲ့ သူ့ဆရာ Jai Dixit တို့ တာဝန်ပေးခံရသည်။ သူတို့နဲ့အတူ တွဲပြီး အမှုလိုက်မယ့်သူက Jai ရဲ့ သူငယ်ချင်း အထူးရဲမေ Shonali Bose ၊ Jai ရဲ့ သုံးသပ်ချက်အရ Mr. A ရဲ့ နောက်ထပ် ပစ်မှတ်ဟာ အိန္ဒိယက နာမည်ကြီး ပြတိုက်နှစ်ခုအနက် တစ်ခုဖြစ်လိမ့်မည်။ အခြေအနေအရ ပြတိုက်နှစ်ခုကို လူခွဲပြီး စောင့်ရှောက်ဖို့ ဖြစ်လာသည်။ သို့သော် Jai …

Read More »

Dhoom (2004)

  မွန်ဘိုင်းမြို့လည်ခေါင်မှာ ဆိုင်ကယ်စီး ဖောက်ထွင်းရေးအဖွဲ့တစ်ဖွဲ့ သောင်းကျန်းနေသည်။ ရဲတွေ လိုက်ဖမ်းတိုင်း အနောက်ပိုင်း အမြန်လမ်းမပေါ်မှာ ပျောက်သွားသည်။ အဲဒီအမှုကို လိုက်ဖို့ လက်ထောက်ရဲမှူး Jai Dixit ကို အထက်က တာဝန်ပေးသည်။ Ali Khan မှာ ဆိုင်ကယ်ဝိဇ္ဇာတစ်ဦးဖြစ်ပြီး Jai ရဲ့ ဇနီး Sweety နဲ့ မမျှော်လင့်ပဲ တွေ့ဆုံခင်မင်မိသည်။ ဆိုင်ကယ်စီး ဖောက်ထွင်းသမားတွေကို ဖမ်းဖို့ Ali ကို Jai က အကြပ်ကိုင်သည်။ အစားမက်သော Ali အတွက် Sweety ရဲ့ လက်ရာ မုန်လာဥမုန့်က Jai ရဲ့ နောက်လိုက်ဖြစ်ဖို့ ဖန်လာသည်။ Ali နဲ့ Jai တို့ လိုက်လံ စုံစမ်းရင်း အဆိုတော်မလေး Sheena နဲ့ တွေ့ဆုံမိသည်။ သို့သော် Sheena …

Read More »

Waiting For Love

Boa သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေးတစ်ခုပါပဲ။ ဒါပေမယ့် အပိုင်း ၂ ပိုင်းနဲ့ပါ။ Joo Yeon Ae (Boa) ဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး အချစ်နဲ့ပတ်သတ်လို့ အကြိမ်ပေါင်းများစွာ စိတ်ညစ်စရာအဖြစ်အပျက်တွေ တွေ့ကြုံနေရလို့ စိတ်ပျက်နေသူတစ်ယောက်ပါ။ ထို့ကြောင့်သူဟာ အချစ်နဲ့ပတ်သတ်လို့ အကြံပေးတဲ့ သင်တန်းတစ်ခုသူငယ်ချင်းနဲ့ တူတူတက်ခဲ့ပါတယ်။ ထိုသင်တန်းမှ သင်တန်းဆရာ Phlip ရဲ့ဖုန်းနံပါတ်ကို သူငယ်ချင်းတစ်ယောက်ကြောင့် သူရခဲ့ပါတယ်။ ငွေကြေးယူပြီး အချစ်နဲ့ ပတ်သတ်လို့ အကြံပေးတာပေါ့။ ထိုသင်တန်းမှတစ်ဆင့်သူဟာ Jung Jin Gook နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပြီး Jin Gook ဟာ သူ့ကို စိတ်ဝင်စားလို့နေပါတယ်။ Cha Gi Dae ဟာ Philip ရဲ့ သူငယ်ချင်းဖြစ်ပြီး အချစ်ရေးရာ အကြံပေးရာမှာ ကျွမ်းကျင်ပြီး မိန်းကလေးတွေရဲ့စိတ်ကို နားလည်တတ်သူတစ်ယောက်ပေါ့။ ဒါပေမယ့်သူကိုင်တိုင်ကတော့ သူ့ကောင်မလေးနဲ့ပတ်သတ်ပြီး အကြိမ်ကြိမ် အဆင်မပြေမှုတွေနဲ့ပေါ့။ …

Read More »