globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Southpaw (2015)

ဇာတ်လမ်းအစက မဒ်ဒဇင်စကွဲဂါးဒင်း (Madison Square Garden) ကလက်ဝှေ့ရုံကြီးရဲ့ နားနေခန်းတစ်နေရာ။ သန်မာတဲ့လက်တစ်စုံအပေါ် ပတ်တီးဖြူတွေ အထပ်ထပ်ရစ်ပတ်ပြီး လက်ဝှေ့အိတ်ကိုသေချာစည်းနှောင်တာကို မန်နေဂျာဂျော်ဒန် (Jordan) နဲ့ သူ့အဖွဲ့သားများ ၊နောက်ဇနီးဖြစ်သူမော်ရင်းန် (Maureen) နဲ့အတူ ဒိုင်လူကြီးများကစောင့်ကြည့်နေကြပါတယ်။ ထိုလက်ပိုင်ရှင်ကတော့ ဘီလီရှိနေသရွေ့ မျှော်လင့်ချက်အမြဲရှိတယ်လို့ပြောစမှတ်ပြုရတဲ့ ပွဲတိုင်းနိုင်တဲ့ အငယ်တန်းဟဲဗီးဝိတ်ချန်ပီယံ ဘီလီဟုပ် (Billy Hope) ဖြစ်ပါတယ်။       ဒီနေ့ပွဲမှာလည်း သူ့ထက်ငယ်တဲ့ပြိုင်ဘက်ဂျိမ်းစ် (James) ကို အကြိတ်အနယ်ယှဉ်ပြိုင်ကာလေးကြိမ်ဆက်တိုက် ချန်ပီယံဆုဆွတ်ခူးခဲ့ပါတယ်။အဲ့ဒီနောက် သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ နံမည်ကြီးပြိုင်ဘက် မခ်ဂဲလ်မက်ဂျစ်အက်စ်ခဘာ (Miguel Magic Escobar) က ပြိုင်ပွဲမှာအနိုင်ရသူ ဘီလီနဲ့ ယှဉ်ပြိုင်ထိုးလိုကြောင်း ပြောပေမယ့် မန်နေဂျာဂျော်ဒန်က လက်မခံတဲ့အတွက် မခ်ဂဲလ်က အခဲမကြေပါဖူး။ ဒီလက်ဝှေ့ပွဲမှာ အနိုင်ရခဲ့သော်လည်း ဘယ်မျက်ခုံးကွဲသွားတဲ့အထိ ၁၀ချီတိုင်အောင် အပြင်းအထန်ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် ဇနီးမော်ရင်းန်မှာ စိတ်မကောင်းဖြစ်ရပါတယ်။ အထိနာလေ …

Read More »

Gangnam 1970 (2015)

  ၁၉၇၀ ဝန်းကျင် . . . . တောင်ကိုရီးယားနိုင်ငံ မဖွံဖြိုးမတိုးတက်သေးချိန် . . တရားဥပဒေစိုးမိုးမှု မရှိသေးချိန် . . . .   ဂျုံဒေးနဲ့ ယုံကီ ဟာ မိဘမဲ့ လူရွယ်လေးတွေဖြစ်ပြီး ညီအစ်ကိုရင်းသဖွယ် တူတူနေထိုင်ကြရင်း ခက်ခဲတဲ့အချိန်တွေကို အတူတူ ကျော်ဖြတ်နေကြပါတယ်။ တစ်နေ့တော့ သူတို့နေထိုင်တဲ့ အိမ်စုတ်လေးဟာလည်း ဒေသခံလူမိုက်တွေရဲ့ ဖြိုချဖျက်စီးတာကို ခံလိုက်ရပါတော့တယ်။ ထို့ကြောင့်သူတို့တွေဟာ ပိုက်ဆံရှာဖို့အတွက် နိုင်ငံရေး ပဋိပက ရန်ပွဲတစ်ခုမှာ ပါဝင်ဖြစ်ပါတော့တယ်။ ထို ပဋိပက မှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်ပြန်ရှာမတွေ့ကြတော့ပဲ ကွဲကွာသွားကြပါတော့တယ်။       ၃ နှစ်ခန့်ကြာပြီးမှာတော့  ဂျုံဒေးဟာ လူမိုက်ခေါင်းဆောင်တစ်ဦးနဲ့အတူတူ နေထိုင်လျက်ရှိပါတယ်။ သူကတော့ Gil Soo ဖြစ်ပြီး သူ့မှာ သမီးတစ်ယောက်ရှိကာ လူမိုက်ခေါင်းဆောင်အဖြစ်မှ အနားယူပြီး ပင်မင်းဆိုင်လေးဖွင့်ထားကာ နေထိုင်လျက်ရှိပါတယ်။ ဂျုံဒေးဟာ Gil Soo တို့အတွက် မိသားစုတစ်ယောက်လို ဖြစ်နေပါတော့တယ်။ ဂျုံဒေးကတော့ကတော့ …

Read More »

Minions (2015)

Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။ ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူနဲ့အတူ စွန့်စားမယ့် သူရဲကောင်း …

Read More »

Frequencies (2013)

ကမ္ဘာပေါ်မှာ လူတွေရဲ့ ဘဝတန်ဖိုး . . . ဆက်ဆံရေး . . . အစရှိသည်တို့ကို " frequencies " တွေနဲ့သတ်မှတ်ထားပါတော့တယ်။ ထိုထဲမှာမှ Isaac-Newton လို့ခေါ်တဲ့ကောင်လေးတစ်ယောက်  .. . .  သူ့ကိုတော့ Zak ကို လူသိများကြပြီး သူကတော့ "Low frequency" နဲ့ မွေးဖွားလာသူဖြစ်ပြီး သူကတော့ ထိုအရာကို ပြောင်းလဲပစ်ချင်နေတာပါ။ အကြောင်းကတော့ "High frquency" ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Marie ကို ငယ်စဉ်ကတည်းက စိတ်ဝင်တစားရှိနေလို့ပါ။ Zak ရဲ့ မိဘတွေနဲ့ ဆရာတွေကတော့ Zak နဲ့ Marie ဟာ ဆန့်ကျင်ဘက်တွေဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ် . . သူတို့ငယ်စဉ်ဘဝတွေ့ဆုံတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပျက်ကျန်ခဲ့တာပါပဲ။ Marie . .  သူမကတော့ "High frequency" အဖြစ်နဲ့ မွေးဖွားလာသူဖြစ်ပြီး စိတ်လှုပ်ရှားခံစားမှု မရှိပါဘူး။ …

Read More »

Like Stars On Earth (2007)

  အသက် ၈ နှစ်အရွယ်ရှိ အီရှန်ဟာ မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီး ထူးချွန်တဲ့ အဖေ၊ အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါ။ ကျောင်းမှာလည်း အမြဲတန်း နောက်ဆုံးကဖြစ်ပြီး စာသင်ရတာကို စိတ်မ၀င်စားသူပါ။ ပန်းချီဆွဲရတာကို ၀ါသနာပါပြီး စာကောင်းကောင်းမလုပ်တဲ့အတွက် အမြဲတမ်း ဆရာမတွေရဲ့ ဆူပူ၊ အပြစ်ပေးခြင်းကို ခံရလေ့ရှိပါတယ်။ တတိယတန်းကို တစ်ကြိမ်ကျခဲ့လို့ ပြန်တက်နေရတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ လူကောင်ငယ်ပေမယ့် ဂျစ်ကန်ကန်ကျောင်းသားလေးဖြစ်ပြီး သူစိတ်ဝင်စားတာက ပြင်ပလောကကြီးကိုပါ။ စာအလွန်ညံ့ပြီး အဆော့မက်တဲ့ အီရှန်ဟာ ကျောင်းက အမှတ်စာရင်းတွေပို့ရင်လည်း အိမ်ကိုပြန်မပြပဲ ကျောင်းလည်း ပြေးတတ်ပါသေးတယ်။ အတန်းထဲမှာ စာဖတ်ခိုင်းရင်လည်း မဖတ်တတ်ပဲ ဆရာမကိုပြန်ပြောင်လို့ အခန်းအပြင်ထုတ်ပြီး အပြစ်ပေးခံရပါတယ်။   စာသင်နှစ်ဝက်ရောက်တဲ့ အချိန်မှာတော့ ကျောင်းအုပ်ဆရာမကြီးက အီရှန်ရဲ့ မိဘတွေကို ခေါ်တွေ့ပြီး အီရှန့်ကို ဒီကျောင်းမှာ ဆက်ပြီး လက်မခံနိုင်တော့ကြောင်း ပြောပြပါတယ်။ အီရှန်ရဲ့ ဖခင်ဟာ …

Read More »

I Fine..Thank You Love You (2014)

Pleng ဟာ ချောမောလှပပြီး ငယ်ရွယ်တဲ့ အင်္ဂလိပ်ဆရာမ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ သင်တန်းမှာ လာတက်နေတဲ့ Pruek က Pleng ကို စိတ်ဝင်စားနေသလို Pleng ကလည်း သဘောကျနေပါတယ်။ Gym ကတော့ စက်ရုံက အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သူ့ရဲ့ ရည်းစား ဂျပန်မလေး Kaya နဲ့ စကားပြောဖို့ အင်္ဂလိပ်လို မတတ်တာကြောင့် စွန့်ပစ်ခံရသူပါ။ Kaya က အင်္ဂလိပ်လို မတတ်တဲ့ Gym ကို ထားခဲ့ပြီး ထွက်သွားဖို့ ဆုံးဖြတ်ချိန်မှာ Pleng ကို အကူအညီ တောင်းပါတယ်။ သူတောင်းတဲ့ အကူအညီကတော့ သူပြောချင်တဲ့ အင်္ဂလိပ်စကားတွေကို အသံသွင်းထားပြီး Pleng က Gym ကို ဘာသာပြန်ပေးဖို့ပါ။ ဒါပေမယ့် အခြေအနေတွေ အနည်းငယ်ရှုပ်ထွေးသွားပြီး နှုတ်ကြမ်းစိတ်ကြမ်း Gym က …

Read More »

Gascoigne (2015)

ဘောလုံးပရိတ်သတ်တွေနဲ့ အင်္ဂလန်အသင်းပရိတ်တွေ ကတ်စကွိုင်နီ ဆို မှတ်မိကြ သိကြဦးမယ်ထင်ပါတယ်။ အခုဟာလေးကတော့ သူဖြတ်သန်းခဲ့ရတဲ့ ဘောလုံးသမားဘဝ အကြောင်းတွေကို ရိုက်ပြထားတာလေးပါ။ သူငယ်ငယ် ဘောလုံးစကားတဲ့အချိန်ကစပြီးတော့ အနားယူချိန်အထိ အဖြစ်အပျက်တွေကို သူကိုယ်တိုင် ပြန်လည်ပြောပြထားပြီးတော့ သူနဲ့အတူ Gary Lineker, José Mourinho, Wayne Rooney တို့လည်း ပါဝင်ကူညီထားပါတယ်။ သူ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝအစကို နယူးကာဆယ်အသင်းကနေ စတင်ခဲ့ပါတယ်။ ထို့နောက်တော့ တော့တင်ဟမ် အသင်းသို့ ပြောင်းရွှေ့မကစားခင် ဘယ်လိုတွေကြုံခဲ့ရသလဲဆိုတာလည်း ပြောပြထားပါသေးတယ်။ သူ့ကစားသမားဘဝကို သူ့ရဲ့ ဒူးခေါင်းဒဏ်ရာကို ဒုက္ခပေးခဲ့ပါတယ်။ ထိုဒဏ်ရာကြောင့် ဘောလုံးမကစားရတဲ့အချိန်တွေမှာ အရက်တွေက သူ့အတွက်အဖော်ဖြစ်နေခဲ့ပါတော့တယ်။ ထို့အတူ သူ့ရဲ့ ဖုန်းဟာ နှစ်အတော်ကြာအောင်Hack ခံထားခဲ့ရပြီး သူ့အတွက်တော့ စိတ်ရှုပ်ခဲ့ရတဲ့အချိန်တွေပါပဲ။ ထို့အတူ သူရဲ့ အင်္ဂလန်ဘောလုံးကစားသမား ဘဝ အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်။ ဘောလုံးပရိသတ်တွေ သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေ အမှတ်တရပြန်လည်ကြည့်ရှုသင့်တဲ့ ကတ်စကွိုင်နီ ဘဝဇာတ်ကြောင်းကားလေးပါပဲ။

Read More »

Jurassic World (2015)

လွန်ခဲ့တဲ့ ၂၂နှစ်ခန့်က ပြသနာများကြောင့် ပိတ်ထားခဲ့ရတဲ့ ဂျရက်ဂ်ဆဇ်ဂ် အပန်းဖြေစခန်း (Jurassic Park) ကြီး ပြန်ဖွင့်ပြီးတဲ့နောက် ပန်းခြံရဲ့အုပ်ချုပ်သူမန်နေဂျာ ကလဲ (Claire) ရဲ့ တူနှစ်ယောက်ဖြစ်တဲ့ ဇက်ဂ် (Zach) နဲ့ ဂရေး (Gray) တို့ညီအစ်ကိုနှစ်ယောက်က ကျောင်းပိတ်ရက်မှာ အဒေါ်ရှိရာ ဂျရက်ဂ်ဆဇ်ဂ်ကို သွားလည်ကြပါတယ်။ အလုပ်များလွန်းတဲ့ အဒေါ်က တူနှစ်ယောက်ကို လမ်းညွှန်လုပ်ဖို့ရာ သူမရဲ့လက်ထောက် ဇာရာ (Zara) ကိုတာဝန်ပေးလိုက်ပါတယ်။ ပန်းခြံထဲရောက်တဲ့အခါ ညီအစ်ကိုနှစ်ယောက်က ဇာရာ့ကို မျက်ခြေဖြတ်ပြီး နှစ်ယောက်သား လျှောက်လည်ကြပါတော့တယ်။   အကျိုးတူပူးပေါင်းမယ့်လုပ်ငန်းရှင်များကို ဆွဲဆောင်ရန်နဲ့ လာလည်သူပိုများလာစေရန် ရည်ရွယ်ပြီး မျိုးရိုးဗီဇပညာရှင် ဒေါက်တာ ဟန်နရီဝူး (Henry Wu) ခေါင်းဆောင်တဲ့အဖွဲ့က ဒိုင်နိုဆော မျိုးစိတ်အသစ်များ ဖန်တီးမွေးမြူခဲ့ရာ လက်ရှိမှာ အင်ဒိုမီးနပ်စ်ရက်စ် (Indominus rex) လို့ခေါ်တဲ့ ဥာဏ်ရည်မြင့်တဲ့ …

Read More »

Mcfarland (2015)

ဂျင်မ်ဝှိုက် (Jim White) က အမေရိကန်ပြည်ထောင်စု၊ အိုင်ဒဟိုပြည်နယ်ရဲ့ လူစည်ကားရာမြို့တော်ဖြစ်တဲ့ ဘွိင်ဇီ (Boise) မြို့မှာ ဘောလုံးအသင်းနည်းပြဆရာ လုပ်နေသူဖြစ်ပါတယ်။ တစ်ရက်တော့ ပြိုင်ပွဲမှာလျော့တိလျော့ရဲ ကစားသွားတဲ့ သူ့အသင်းသားတွေကိုဆူရာမှာ ဒေါသကြောင့်လက်ပါမိတဲ့အတွက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျင်မ်က ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ ကယ်လ်လီဖိုးနီးယားပြည်နယ်၊ ဆင်ခြေဖုံးမြို့လေးဖြစ်တဲ့ မက်ဂ်ဖားလန် (McFarland) ကိုပြောင်းရွှေ့ခဲ့ပါတော့တယ်။ အချိန်ကာလကတော့ ၁၉၈၇ခုနှစ်ပဲဖြစ်ပါတယ်။ နယ်မြေသစ်ကို စရောက်တဲ့ည စားသောက်ဆိုင်တစ်ခုမှာ ညစာစားပြီးပြန်အထွက် လက်တင်လူမျိုးတွေ အုပ်စုလိုက်မောင်းနှင်လာသော ကားတန်းရှည်ကြီးနဲ့ကြုံရာ သမီး ဂျူလီကို စနောက်မယ်ကြံတဲ့အတွက် ဂျင်မ့်မှာ ကားကိုအမြန်မောင်းထွက်ကာ ရှောင်ခဲ့ရပါတယ်။ အလုပ်အသစ်မှာ ဂျင်မ်က ကျောင်းတစ်ကျောင်းမှာ သိပ္ပံဘာသာရပ်သင်ကြားရေးတာဝန်နဲ့ ကာယသရုပ်ပြဆရာတာဝန်ကို ပူးတွဲယူရုံသာမက ကျောင်းရဲ့ ဘောလုံးအသင်းမှာလဲ တွဲဖက်နည်းပြလုပ်ရပါတယ်။ တစ်ရက်တော့ ကာယသင်တန်းချိန်မှာ ဒန်နီ (Danny)၊ ဒမက်ဂ်ဆီယို (Daamacio) နဲ့ ဒေးဗစ် (David) …

Read More »

Scarlet Innocence (2014)

Shim Hak-kyu ဟာ တက္ကသိုလ်တစ်ခုမှာ စာသင်ကြားနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး ကျောင်းမှာ sex ကိစ္စတစ်ခုနဲ့ပတ်သတ်ပြီး သတင်းထွက်လာတာကြောင့် သူ့ကို နယ်မြို့လေးတစ်ခုကိုသွားပြီး ကိစ္စမဖြေရှင်းရသေးခင်အချိန်ထိ စာသွားသင်ခိုင်းခြင်းခံနေရပါတယ်။ အဲ့မြို့လေးမှာသူဟာ Deok-ee လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံမိပါတော့တယ်။ သူမကတော့ ပန်းခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး အပြစ်ကင်းချစ်စရာကောင်းလှပါတယ်။ Deok-ee ဟာ စကားမပြောနိုင်တဲ့ သူ့မိခင်နဲ့ အတူနေထိုင်လျက်ရှိပါတယ်။  သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြိုက်မိပြီး အတူနေထိုင်လျက်ရှိနေကာ Deok-ee လည်း သူ့အမေရှိရာကို မပြန်ဖြစ်တော့ပါဘူး။ ထိုအချိန်မှာပဲ Shim Hak-kyu ဟာ သူ့တက္ကသိုလ်ကို ပြန်သွားရဖို့ရှိလာပါတော့တယ်။ ထို့ကြောင့်သူဟာ Deok-ee ကို ထားခဲ့ရတော့မှာဖြစ်ပြီး Deok-ee မှာ ကိုယ်ဝန်လည်းရှိနေပြန်ပါတော့တယ်။ Shim Hak-kyu ဟာ လူပျိုလူလွတ်တစ်ယောက်မဟုတ်ပဲ မိန်းမရှိကာ သမီးလေးတစ်ယောက်လည်းရှိပါသေးတယ်။ ထို့ကြောင့် Shim Hak-kyu ဟာ Deok-ee ကိုယ်ဝန်ကိုဖျက်ချခိုင်းခဲ့ပါတော့တယ်။ Deok-ee ဟာ Shim Hak-kyu ကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် Shim Hak-kyu ကတော့ သူမကို ပိုက်ဆံပေးကာ ထားခဲ့ခိုင်းတဲ့ညမှာပဲ Deok-ee တို့အိမ် …

Read More »