globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Ex Machina (2015)

Caleb ဟာ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး Bluebook လို့ခေါ်တဲ့ နာမည်ကြီး Search Engine တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူပါ။ သူဟာ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Nathan ရဲ့ အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ခြင်းခံရပါတယ်။ Nathan နေထိုင်နေတဲ့အိမ်ဟာ သုတေသန လုပ်ကိုင်နေတဲ့နေရာဖြစ်ပြီး သူနဲ့အတူ Kyoko ဆိုတဲ့ ဂျပန်အိမ်အကူမလေးတစ်ယောက်သာ ရှိပါတယ်။ Nathan ဟာ Caleb ကို သူလက်ရှိစမ်းသပ်လုပ်ကိုင်နေတဲ့ အစီအစဉ်ကို ပြောပြပြီး Caleb ကို စမ်းသပ်မှုတွေမှာ ကူညီပေးဖို့ ပြောပါတော့တယ်။ ထိုအရာကတော့ လူနဲ့အနီးစပ်ဆုံးတူအောင် ဖန်တီးထားတဲ့ စက်ရုပ်ဖြစ်ပြီး Ava လို့ နာမည်ပေးထားပါတယ်။ Nathan ဟာ သူ့ Bluebook Search Engine ကို အသုံးပြုတဲ့ လူသန်းပေါင်းများစွာရဲ့ အချက်အလက်တွေကို  ရယူထားပြီး ဆဲလ်ဖုန်းပေါင်းများစွာကို ဟက်ပြီးတော့ လူတွေရဲ့ ခံစားချက်၊ လှုပ်ရှားမှု တွေကို ရယူပြီးတော့ …

Read More »

Love, Rosie (2014)

  Alex နဲ့ Rossie ဟာ ငယ်စဉ်ကလေးဘဝကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ထို့နောက်ထပ်ပြီးတွေ့မြင်ရမယ့် မြင်ကွင်းကတော့ မင်္ဂလာပွဲတစ်ခုမှာ Rossie ဟာ Alex ကို စိုက်ကြည့်ပြီး စကားပြောနေပါတော့တယ်။ သတို့သားကတော့ Alex ဖြစ်ပြီး သတို့သမီးကတော့ Rossie မဟုတ်ပါဘူး။ ထို့နောက်မှာတော့ ဇာတ်လမ်းက လွန်ခဲ့တဲ့  ၁၂ နှစ်ခန့်က အဖြစ်အပျက်တွေကို ပြောင်းသွားပါတော့တယ်။ Rossie ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ပါတီဖြစ်ပြီး အရက်တွေ သောက်ထားတာကြောင့် မူးနေပြီး Alex ကတော့ သူ့ဘေးနားမှာပါ။ ထို့နောက် Rossie ဟာ   မူးပြီး မှောက်သွားပါတော့တယ်။  မနက်ကျတော့ Alex ဟာ Rossie အိမ်ကိုသွားပြီး မနေ့က အဖြစ်အပျက်အကြောင်းပြောဖို့ ရောက်သွားပါတော့တယ်။ ဒါပေမယ့် Rossie ကတော့ ထိုကိစ္စမဖြစ်ခဲ့သလိုပဲ ဆန္ဒရှိနေတာကြောင့် ဘာမှ ဆက်မပြောဖြစ်တော့ပါဘူး။ အကြောင်းကတော့ သူတို့နှစ်ယောက် ပါတီမှာ အနမ်းချင်းဖလှယ်ခဲ့ကြတဲ့ အကြောင်းလေးပါ။ ကျောင်းမှာ ပါတီပွဲတစ်ခုရှိတာကြောင့် Alex ဟာ …

Read More »

Focus (2015)

  လူလိမ် တစ်ယောက်ဖြစ်တဲ့ နခ်ကီ ( Nicky ) က တညမှာ ကလပ်သွားရင်းနဲ့ အတွေ့အကြုံနုသေးတဲ့ ဂျက်စ် ( Jess ) ရဲ့ ဖျားယောင်းခြင်းကို ခံရပါတယ်။       ဂျက်စ် ရဲ့ အကြံက နခ်ကီနဲ့ အဆင်ပြေနေတုန်း သ၀န်တိုတတ်တဲ့ ဂျက်စ် ရဲ့ ယောကျာ်းရောက်လာ ၊ နခ်ကီ ကိုငွေညှစ် ဖို့ဖြစ်ပေမယ့် နခ်ကီက သူတို့အကြံကို ဦးစွာဖော်ထုတ်လိုက်နိုင်ပြီး ဂျက်စ်ကို သူတို့အလုပ်က အာရုံမထွေပြားဖို့အရေးကြီးကြောင်း သင်ပေးခဲ့ပါတယ်။  နောက်ရက်မှာတော့ ဂျက်စ်က နခ်ကီရှိတဲ့နေရာကို တွေ့အောင်ရှာပြီး သူ့ဆီမှာ တပည့်ခံလိုကြောင်း ပြောပါတယ်။        နခ်ကီက ဂျက်စ်ကို နယူးအော်ရီလန်မြို့ ( New Orleans) ကိုခေါ်သွားပြီး နခ်ကီတို့ အဖွဲ့လိုက်လှုပ်ရှားတဲ့ …

Read More »

My Super Ex-Girlfriend (2006)

နယူးယောက်မြို့ကြီးမှာ ဖြစ်ပေါ်နေတဲ့ ဒုစရိုက်မှုတွေ အန္တရာယ်တွေကို ကာကွယ်နေတဲ့ သူရဲကောင်းတစ်ယောက် ရှိနေပါတယ်။ G-Girl လို့ လူသိများတဲ့ ဒီမိန်းကလေးဟာ ဘယ်လိုကနေ ဒီအစွမ်းသတ္တိတွေ ပိုင်ဆိုင်ထားလဲ မသိပေမယ့် သာမန်ထက် ပိုမိုထူးခြားတာတော့ အမှန်ပါပဲ။ Matt Saunders ဟာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်ပြီး သူနဲ့ ဘော်ဒါ Vaughn Haige တို့ဟာ ရည်းစားရရှိရေး အသည်းအသန် လုံးပမ်းနေကြသူတွေပါ။ တစ်ရက်မှာတော့ ရထားစီးရင် အူကြောင်ကြောင် ဂေါက်တောက်တော် အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။ အဲဒီအမျိုးသမီးရဲ့ ပိုက်ဆံအိတ်ကို လူတစ်ယောက်က လုပြေးသွားတာကြောင့် Matt က လိုက်ဖမ်းပေးပါတယ်။ တလွဲတချော်တွေ ဖြစ်သွားပေမယ့် Matt ဟာ Jenny Johnson ဆိုတဲ့ အမျိုးသမီးရဲ့ သူရဲကောင်း ဖြစ်သွားပါတယ်။ အချစ်ဇာတ်လမ်းတို့ရဲ့ ထုံးစံအတိုင်း Matt ဟာ …

Read More »

Kidnapping Mr. Heineken (2015)

ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ။  ၁၉၈၃ ခုနှစ် နိုဝင်ဘာလ။ စီးပွားရေး မပြေလည်တဲ့  သာမန်သူငယ်ချင်းတစ်စုက ရာစုနှစ်အတွင်း အကြီးကျယ်ဆုံး ပြန်ပေးဆွဲမှုကို ကျူးလွန်ခဲ့ကြပါတယ်။ သူတို့ရဲ့  ဓါးစာခံကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဟိုင်နီကန်ဘီယာ အုပ်စုရဲ့ အုပ်ချုပ်သူအကြီးအကဲ ဖရက်ဒီ ဟိုင်နီကန် ပဲဖြစ်ပါတယ်။ အမ်စတာဒမ်မြို့ ရဲ့ လမ်းလည်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီ ပြန်ပေးဆွဲမှု အတွက် ပြန်ရွေးရန် တောင်းဆိုငွေက  ဥရောပငွေ ယူရို ၁၆သန်းခန့် ဖြစ်ပြီး  လူတစ်ဦးထဲကို ပြန်ပေးဆွဲမှု ဖြစ်စဉ်အားလုံးမှာ ပြန်ရွေးရငွေ အမြင့်ဆုံးသော အမှု ဖြစ်ပါတယ် ။    ဇာတ်လမ်းအစမှာ   စီးပွားရေးမပြေလည်တဲ့ ကိုဗန်ဟောက် (Cor Van Hout) ၊ ၀ီလီယမ် ဟိုလီဒါ (Willem Holleeder) စတဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်း …

Read More »

Rang De Basanti (2006)

London မြို့က ရုပ်ရှင်ရိုက်ကူးတဲ့ အမျိုးသမီးငယ်လေး Sue ဟာ သူ့အဖိုးရေးသားခဲ့သော အိန္ဒိယ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သော လူငယ်တွေအကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် အိန္ဒိယ ကို ထွက်လာပါတော့တယ်။ သူ့အဖိုးကတော့ ၁၉၂၀ ခုနှစ်လောက်မှာ အိန္ဒိယမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ယောက်ပါ။ အိန္ဒိယကို ရောက်ရှိအပြီးမှာတော့ သူ့သူငယ်ချင်းဖြစ်သူ Sonia ရဲ့ အကူအညီနဲ့အတူ မှတ်တမ်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့်လူကို ရှာဖွေနေပေမယ့် စိတ်တိုင်းကျ မတွေ့သေးပါဘူး။ နောက်မှာတော့ Sonia ရဲ့ သူငယ်ချင်းဖြစ်သူတွေကို တွေ့လိုက်ရတဲ့အခါမှာတော့ သူ့မှတ်တမ်းရုပ်ရှင်အတွက် သင့်တော်တဲ့သူတွေဖြစ်မှန်း သိလိုက်ပါတော့တယ်။ သူတို့ကတော့ DJ, Karan, Aslam, Sukhi တို့ဖြစ်ပြီး Sonia ရဲ့ တိုက်တွန်းမှုကြောင့် Sue ရဲ့ မှတ်တမ်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ သဘောတူလိုက်ပါတော့တယ်။ ဇာတ်လမ်းအညွှန်းဖတ်ကြည့်အပြီးမှာတော့ ထိုအထဲမှာပါတဲ့ ဇာတ်ဆောင်တွေရဲ့ သဘောထားတွေဟာ သူတို့လို လူငယ်တွေအတွက်တော့ ထူးဆန်းနေပြီး . . .  သူတို့ခံယူထားတာကတော့ ကျောင်းပြီး …

Read More »

Rock of Ages (2012)

Sherrie Christian ဟာ Oklahoma မြို့ကနေ Los Angels ကို လာခဲ့ပြီး သူ့အိမ်မက်တွေကတော့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ပါ။ ဒါပေမယ့် မြို့ရောက်ပြီးမကြာခင် သူ့အထုတ်အပိုးတွေ အခိုးခံလိုက်ရလို့ Drew က ကူညီပြီးဖမ်းပေးမယ့် မအောင်မြင်ခဲ့လို့ Drew က Sherrie ကို နှစ်သိမ့်ပေးပြီး သူ့ရဲ့ အလုပ်မှာ စားပွဲထိုးအလုပ်အဖြစ် အလုပ်ရဖို့ ကူညီပေးလိုက်ပါတယ်။ Rock အဆိုတော်ဖြစ်ဖို့ အိမ်မက်တွေနဲ့ Drew, တစ်ယောက်နဲ့ တစ်ယောက်ကူညီဖေးမကြရင်းနဲ့ Drew နဲ့ Sherrie တို့ ချစ်ကြိုက်သွားပါတော့တယ်။ အခွန်အကြွေးတွေကြောင့် ဒုက္ခတွေရောက်နေတဲ့ Drew တို့ကလပ်ပိုင်ရှင် Dennis။  Stacee ကတော့ rock အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့နောက်ဆုံး ဖျော်ဖြေပွဲအတွက် စီစဉ်နေရင်း မြို့တော်ဝန်ကတော်ဖြစ်သူ Patricia ရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ကြုံနေရပါတော့တယ်။ Drew ဟာ အဆိုတော်ဖြစ်ဖို့ အခွင့်အရေးတွေကြုံလာပေမယ့် သူ့မျှော်လင့်ထားသလို့ Rock အဆိုတော်တစ်ယောက်အနေနဲ့ မဟုတ်ပဲ Boy …

Read More »

For Love or Money (2014)

Xing Lu ဟာချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ ချစ်သူတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲ သူ့ချစ်သူဟာ ပိုက်ဆံရှိတဲ့ သူဌေးသမီးတစ်ယောက်နဲ့ လက်ထပ်သွားတဲ့ အတွက် Xing Lu ဟာ အသည်းကွဲပြီး ကျန်ခဲ့ပါတော့တယ်။ ဒါကြောင့်သူဟာ စိတ်ညစ်ညစ်နဲ့ တိုက်ပေါ်ကနေ ခုန်ချဖို့အလုပ်မှာ Xu Chengxun ဟာ သွားရောက်ကယ်တင်ဖို့ ကြိုးစားရာက နှစ်ယောက်စလုံး တိုက်ပေါ်က ပြုတ်ကျခဲ့ပေမယ့် မီးသတ်သမားတွေက အောက်ဘက်မှာ အသက်ကယ်ပစ္စည်းတွေ ထားထားတာကြောင့် အသက်ချမ်းသာရာ ရခဲ့ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်တွေ့ဆုံမှုဟာ မထမဆုံးတွေ့ဆုံမှုမဟုတ်ခဲ့ပဲ အီတလီနိုင်ငံမှာ ပထမဆုံး တွေ့ဆုံခဲ့ဖူးပြီး Xu Chengxun ကားနဲ့ Xing Lu ကို တိုက်မိသွားသလိုဖြစ်ရာကနေမှတစ်ဆင့် Xu Chengxun ဟာ Xing Lu ကို မြင်မြင်ချင်းမှာပဲ နှစ်သက်သွားပါတော့တယ်။ Xing Lu ဟာ ကော်ဖီဆိုင်လေးတစ်ခုကိုဖွင့်ထားပြီး Xu Chengxun ကတော့ ပန်းချီဆွဲတာ ဝါသနာပါတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ပြိုင်ကားမောင်းရတာလဲ ဝါသနာပါပါတယ်။ Xu Chengxun ဟာ Xing Lu ကို ကော်ဖီဆိုင်လေးမှာ ကူညီပေးရင်း သူတို့နှစ်ယောက်ခင်မင်မှုဟာ ပိုမိုရင်းနှီးလာပြီး …

Read More »

Roald Dahl’s Esio Trot (2015)

ဇန်န၀ါရီလ ၁ရက်နေ့က စတင်ဖြန့်ချီခဲ့တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ ရိုးလ် ဒေါ့လ် ရဲ့ အက်ဆီရိုထရော့ ( Roald Dahl’s Essio Trot) လို့ခေါ်တဲ့ နံမည်ဆန်းတဲ့ ဒီဇာတ်လမ်းလေးကို လူတစ်ယောက်ကပုံပြောနေဟန် နဲ့အစပြုထားပြီး ပုံပြင်ကတော့ လူပျိုကြီး  မစ်စတာ ဟော်ပီ (Mr. Hoppy) ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။ အလုပ်ကနေအငြိမ်းစားယူထားပြီး တစ်ယောက်ထဲ အထီးကျန်စွာနေထိုင်တဲ့ မစ်စတာ ဟော်ပီက မစ်စစ်စ ဆေးလ်ဗား (Mrs. Silver) လို့ခေါ်တဲ့ အမျိုးသမီးကို တဖတ်သတ်ချစ်မိနေပါတယ်။     မစ်စစ်စ် ဆေးလ်ဗားက သူ့ရဲ့ တိုက်ခန်းအောက်ထပ်မှာနေထိုင်ပြီး ယောကျာ်းဆုံးသွားတဲ့ အတွက် မစ်စတာ ဟော်ပီ လိုပဲ တစ်ယောက်ထဲနေထိုင်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းမှာ မစ်စစ်စ ဆေးလ်ဗားက ၀ရန်တာထွက်ပြီး အနားယူတိုင်း အပေါ်ထပ်ဝရန်တာမှာ …

Read More »

American Sniper (2014)

  ပထမတော့ ကြည့်နေကျ အတ်ရှင်ဇာတ်လမ်းလို့ ထင်လိုက်ပေမယ့် အမေရိကန်နိုင်ငံ ရဲ့ သမိုင်းဝင် လူသားတယောက်အကြောင်းကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်..  သူ့နာမည်ကတော့ Christopher Scott "Chris" Kyle သူဟာ United States Navy SEAL က Sniper တယောက်ဖြစ်ပြီးတော့ တရားဝင်စာရင်းအရ သူတာဝန်ထမ်းဆောင်စဉ်ကာလ အတွင်းမှာ ၁၁၆ ယောက် ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပေမယ့် တကယ်တမ်းက လူပေါင်း ၂၀၀ ကျော် သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပြန်တယ်..  သူ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေလဲ မနည်းသလို တာဝန်ထမ်းဆောင်စဉ်မှာလဲ တပ်တခုလုံး လေးစားအားကိုးရတဲ့ စနိုက်ဘာတယောက်လဲ ဖြစ်ပြန်တယ်…  သူ့ရဲ့ ဇာတ်ကြောင်းဆိုပေမယ့် တကယ်တမ်းက သူ့ရဲ့ အတွေ့အကြုံ ၊ စိတ်ခံစားချက် ၊ အတွေးအမြင်တွေကို ပြန်လည် တင်ဆက်ထားတာပါ.. တချိန်လုံး ပစ်နေ ခတ်နေတဲ့ ဇာတ်ကြမ်းမျိုးတော့ မဟုတ်ပါဘူး…     IMDb မှာ လူပေါင်း တစ်သိန်းကျော်က 7.5 ပေးထားတဲ့ ဒီဇာတ်ကားဟာ  American Sniper: …

Read More »