globalnin

bluehost coupons

godaddy promo code

pizza hut coupon code

Unbroken (2014)

Angelina Jolie ဒါရိုက်တာနဲ့ ထုတ်လုပ်သူအဖြစ်ရိုက်ကားထားတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်က ထွက်ရှိထားတဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာလေးပါ။  ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး Louis Zamperini ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာပါ။ Louis Zamperini ဟာ အီတလီဇာတိဖြစ်ပေမယ့် မိဘတွေဟာ အမေရိကကို အခြေခြပြောင်းရွှေ့နေထိုင်ခဲ့တာကြောင့် အမေရိကန်လူမျိုးဖြစ်လာပြီး  ငယ်စဉ်အခါမှာတော့ သူ့ဟာ ပြဿ     နာရှာတဲ့ကောင်လေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့အစ်ကိုဖြစ်သူက သူ့ကို အပြေးသမားတစ်ယောက်ဖြစ်အောင် ကူညီသင်ကြားပေးပြီးတဲ့နောက်သူဟာ အပြေးပြိုင်ပွဲတွေမှာသူဟာ အောင်မြင်မှုတွေ ရလာခဲ့ပြီး အိုလံပစ်လိုပြိုင်ပွဲတွေထိအောင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။   ထိုနောက်မှာတော့ သူဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နဲ့ဖြစ်တဲ့စစ်ပွဲမှာတော့ သူဟာ လေယာဉ်ဗုံးကြဲသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သူတို့ရဲ့ လေယာဉ်ဟာ သမုဒ္ဒရာထဲပျက်ကြသွားခဲ့ပြီး Louis နဲ့ …

Read More »

The Boy Next Door (2015)

ကလဲယ် (Claire) က အထက်တန်းကျောင်းမှ ဂန္ဓ၀င်စာပေ (literature) ဘာသာရပ်ကို သင်တဲ့ဆရာမ တစ်ယောက်ဖြစ်ပြီး ယောကျာ်းနဲ့ကွဲနေတဲ့အတွက် လက်ရှိမှာ အထက်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူ ကယ်လ်ဗင် (Kelvin) နဲ့အတူတူနေပါတယ်။ သူမရဲ့ သူငယ်ချင်းဖြစ်သူ ကျောင်းမှ ဒုကျောင်းအုပ်လဲဖြစ်တဲ့ ဗစ်ကီ (Vicky) က ဖောက်ပြန်ခဲ့တဲ့ ယောကျာ်းနဲ့ ကွာရှင်းစေချင်ပေမယ့် ကလဲယ်တို့ ကာယကံရှင်နှစ်ယောက်ကတော့ အိမ်ထောင်ရေးကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေကြပါတယ်။ အဲ့ဒီနောက် ကလဲယ် တို့မိသားစုထဲကို နိုဝါ (Noah) ဆိုတဲ့ ကောင်လေးတစ်ယောက် ၀င်ရောက်လာပါတယ်။  နိုဝါက ဘေးအိမ်ကိုလာလည်တဲ့ အသက် ၂၀ အရွယ် မိဘမဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကလဲယ် ကိုကူညီတဲ့အတွက် သူတို့သားအမိနဲ့ အတော်ရင်းနှီးသွားပါတယ်။   တစ်ရက်တော့ ကယ်လ်ဗင်နဲ့ သူ့အဖေတို့ ကျောင်းပိတ်ရက်မှာ အပျော်တမ်းငါးဖမ်းထွက်သွားပါတယ်။ ချက်ချင်းပြန်ပေါင်းထုပ်ဖို့ တွေဝေနေတဲ့အတွက် မလိုက်ပဲကျန်နေခဲ့တဲ့ ကလဲယ်ကို ဗစ်ကီက …

Read More »

Wild Card (2015)

နံမည်ကြီး Las Vagas မြို့ လောင်းကစားလောကမှာ ကျင်လည်နေထိုင်သူ   နခ် ( Nick Wild) လောလောဆယ် မှာတော့ ကိုယ်တိုင်ကြိုးစားပြီး ချမ်းသာလာတဲ့ ဆိုင်းရပ်စ် (Cyrus Kinnick) ဆိုတဲ့ သူဌေးရဲ့ ကိုယ်ရံတော်ဖြစ်ပါတယ်။ တစ်ရက်တော့ ဟော်လီ (Holly) ဆိုတဲ့ အမျိုးသမီးက night club ကပြန်လာတဲ့ သူမကို ဘယ်သူမှန်းမသိတဲ့ လူ ၃ ယောက်က ရိုက်နှက်စော်ကားခဲ့တဲ့အတွက် အဲ့ဒီလူတွေကိုရှာပေးဖို့ နခ်ကို အလုပ်အပ်ပါတယ်။   အဲ့ဒီ ကိစ္စမှာ အဓိကတရားခံက လူဆိုးခေါင်းဆောင် ဒီမာကို (Demarco) ဖြစ်ကြောင်း နခ် ရှာတွေ့သွားတဲ့အခါ ဒီမာကို နဲ့တွေ့ဖို့ သူနေထိုင်တဲ့ ဟော်တယ်ကို သွားခဲ့ပါတယ်။ သူ့ကို တိုက်ခိုက်တဲ့ ဒီမာကိုရဲ့ တပည့်တွေကို အနိုင်ယူပြီး ဒီမာကိုကို ကြိုးတုပ်ကာ ဟော်လီကို …

Read More »

Big Hero 6 (2014)

Hiro ဟာ စက်ရုပ်တွေ တီထွင်ရတာ ဝါသနာပါတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်လေ တရားဝင်မဟုတ်တဲ့ စက်ရုပ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်လေ့ရှိပါတယ်။ သူ့အစ်ကိုဖြစ်တဲ့ Tadashi ကတော့ ဒါကို သိပ်သဘောမကျပဲ ရှိနေပါတယ်။ ဒါနဲ့တစ်နေ့မှာ Tadashi ဟာ Hiro ကို သူပညာသင်ကြားနေတဲ့ ကျောင်းကို အလည်ခေါ်သွားတဲ့အခါမှာတော့ Hiro ဟာ သဘောအကျကြီး ကျသွားပါတော့တယ်။ ထို့အပြင် Tadashi ဟာ သူ့သူငယ်ချင်းတွေနဲ့ပါ Hiro ကို မိတ်ဆက်ပေးပြီး သူတို့အားလုံးဟာ ထူးချွန်တဲ့ သိပ္ပံပညာရှင်တွေဖြစ်ပါတယ်။ ထို့နောက် Tadashi က သူတီထွင်စမ်းသပ်ထားတဲ့ Baymax ဆိုတဲ့စက်ရုပ်ကို Hiro ကို မိတ်ဆက်ပြပြီး ထိုစက်ရုပ်ကတော့ ကျန်းမာရေးအထောက်အကူပြုဖို့အတွက် ဦးတည် တီထွင်ထားတာပါ။ ဒီလိုနဲ့ Hiro ဟာ ကျောင်းဝင်ခွင့်ရရှိဖို့အတွက်ပရောဂျက်တစ်ခုကို အသည်းအသည်လုပ်နေပြီး ထိုပရောဂျက်ကို ပြသရမှာပါ။ မထင်မှတ်ပဲ Hiro ရဲ့ ပရောဂျက်ဟာ လူကြိုက်များခဲ့ပြီး …

Read More »

Blindly in Love (2013)

အသက် ၃၅ နှစ်ရှိပြီဖြစတဲ့  ကန်တရို (Kentaro) က အခုအချိန်အထိ ချစ်သူတစ်ယောက်မှမထားဖူးပါဘူး။ သူ့ရဲ့အကြောင်းပြချက်ဖြစ်တဲ့ တစိမ်းမိန်းကလေးတွေနဲ့ ပတ်သတ်ပြီး ငွေကုန်မခံနိုင်လို့၊ အလုပ်ရှုပ်မခံချင်လို့လို့ ဆိုပါတယ်။ ကန်တရိုက မြို့တော်ခန်းမ မှတ်တမ်းထိန်းသိမ်းရေးဌာနမှာ အလုပ်လုပ်ပါတယ်။ လုပ်သက် ၁၃နှစ်ကျော်တဲ့အထိ ခွင့်တစ်ရက်မှမယူပဲ အလုပ်ကြိုးစားပေမယ့် အထက်အရာရှိတွေရဲ့ လျစ်လျူရှုမှုကြောင့် အခုအချိန်ထိလည်း အောက်ခြေရာထူးက မတက်ပါဖူး။ ကန်တရိုက အလုပ်မှထမင်းစားနားချိန်ဆို အိမ်ကိုလမ်းလျှောက်ပြန်ကာ မိခင်ချက်ပြုတ်ပေးထားတဲ့ နေ့လည်စာကိုစားပါတယ်။ သူငယ်ချင်းအပေါင်းအသင်းလဲမရှိ၊ ဖန်ကန်ထဲမှာမွေးထားတဲ့ သူ့ရဲ့ဖားလေးကိုပဲ အဖော်လုပ်ကာ ဆေးလိပ်၊ အရက် ဘာမှမသောက်ပဲ အားလပ်ချိန်တွေဆိုလည်း အိမ်မှာပဲ ဂိမ်းကစားကာ အချိန်ကုန်စေတဲ့ ကန်တိုရိုရဲ့ ရှေ့ရေးကို မိဘတွေက စိတ်ပူနေကြပါတယ်။   အမနိုရှီဇုက (Amanoshizuka) မျိုးရိုးမှာ သူတို့ မိသားစု ၃ယောက်ပဲကျန်တော့တဲ့အတွက် ကန်တရိုသာ အိမ်ထောင်မပြုခဲ့ရင် မျိုးဆက်ပြတ်သွားမှာစိုးတဲ့အတွက် ရှီဇုက လင်မယားက ကန်တရိုမသိအောင် …

Read More »

The Theory of Everything (2014)

Stephen Hawking ဆိုရုပ်ရှင်ကြည့်ပရိတ်သတ်တွေ အတော်များများ သိကြမယ်လို့ထင်ပါတယ်။ လက်ရှိသက်ရှိထင်ရှားရှင်နေတဲ့ သိပ္ပံပညာရှင်တွေထဲမှာမှ အတော်ဆုံးတစ်ယောက်လို့ ပြောလို့ရပြီး ဒီရုပ်ရှင်ကားလေးကတော့ သူ့ဘ၀ဇာတ်ကြောင်း အပြည့်အစုံမဟုတ်ပဲ သူနဲ့ သူရဲ့ ပထမဇနီး Jane Hawking အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုပါ။ှStephen နဲ့ Jane တို့ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ တွေ့ဆုံခဲ့ပြီး Stephen ရဲ့ ALS လို့ခေါ်တဲ့ အာရုံကြောတဖြည်းဖြည်း ချို့ယွင်းလာတဲ့ ရောဂါဖြစ်ပေါ်လာပြီး သိပ်မကြာခင်ပဲ သူတို့နှစ်ယောက် လက်ထက်ခဲ့ပါတယ်။ အစပိုင်းက ဆရာဝန်တွေဟာ Stephen ကို ၂ နှစ်သာ ခံမယ်လို့ပြောကြားခဲ့ပြီး Stephen ကတော့ အခုလက်ရှိအချိန် အသက် ၇၂ အထိ အသက်ရှင်နေထိုင်နေတုန်းပါပဲ။  သူတို့ နှစ်ယောက်လက်ထက်ပြီးတဲ့အချိန်ကစပြီး ကွာရှင်းပြတ်ဆဲခဲ့ကြတဲ့အချိန်အထိ သူတို့နှစ်ယောက် ဘယ်လို အခက်အခဲတွေ ကြုံတွေ့ပြီး ဘယ်လိုအတူတူဖြတ်သန်းခဲ့ကြသလည်းဆိုတာကို တွေ့မြင်ရမှာပါ။ Jane ဟာ Stephen နဲ့  ၁၉၆၅ ကနေ ၁၉၉၅ …

Read More »

Kung Fu Jungle (2014)

Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီိး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက်သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ Fung Yu-Sau ဟာ သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်တတ်သူတစ်ယောက်ဖြစ်ပြီး သိုင်းပညာရှင်တွေထဲမှာမှ နံပါတ် ၁ ဖြစ်ချင်နေသူဖြစ်ပြီး သူ့ရဲ့ စိတ်ရူးကြောင့် တခြားသိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူတွေကို ယှဉ်ပြိုင်ပြီး ရက်စက်စွာ သတ်ဖြတ်နေပါတော့တယ်။ Hahou Mo နဲ့ စုံထောက် Luk Yuen-Sum တို့ဟာ လူသတ်သမားကို ရှာဖွေနေသော်လည်း မဖမ်းဆီးနိုင်သးဘူးဖြစ်နေပါတော့တယ်။ ထိုအတော်အတွင်း Hahou Mo မှာ ဇာတိမြေကို ပြန်ရောက်သွားပြီး ထိုမှတစ်ဆင့် လူသတ်သမား Fung Yu-Sau အကြောင်း အနည်းငယ်စုံစမ်းမိပါတော့တယ်။ Fung Yu-Sau …

Read More »

Men, Women & Children (2014)

ဒီဇာတ်ကားလေးကိုတော့ တခြားဇာတ်ကားတွေလိုမဟုတ်ပဲ အကျဉ်းချုံးသာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ မျက်မှောက်ခေတ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဦးတည်ပြီး ရိုက်ပြထားတဲ့ ပညာပေးဆန်ဆန် ရုပ်ရှင်ဇာတ်ကားလေးတစ်ခုပါပဲ။ ဆယ်ကျော်သက်လူငယ်တွေနဲ့ သူတို့ရဲ့ အင်တာနက်ကို လိုက်လံကြည့်ရှုစစ်ဆေးနေတဲ့ မိဘတွေနဲ့ ဆက်ဆံရေး၊ လူငယ်တွေနဲ့ သူတို့ရဲ့ ဂိမ်းအပေါ်မှာထားတဲ့ စွဲလမ်းမှု၊ အင်တာနက် Dating ဆိုဒ် အစရှိသည်တို့ကို   ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားလေးပါ။ လူငယ်တွေပဲ မှန်သလား . . .  သို့မဟုတ် လူကြီးတွေပဲ မှန်သလား . . . သို့မဟုတ် ဘယ်သူတွေ မှားနေခဲ့ကြသလည်း . . . . ။  လူငယ်သရုပ်ဆောင်အမြှောက်အများနဲ့အတူ ဝါရင့် သရုပ်ဆောင်ကြီးတွေရဲ့ တွဲဖက်သရုပ်ဆောင်ထားမှုကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကအနည်းငယ်အေးပေမယ့် အဆုံးသတ်မှာ ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတဲ့ သိချင်စိတ်နဲ့အတူ ဇာတ်လမ်းအဆုံးထိ ရောက်သွားမှာပါ။  IMDB Ratings: 6.6/10 အထိရရှိထားပြီး Adam Sandler, Jennifer Garner  တို့နဲ့အတူ The …

Read More »

Penguins of Madagascar (2014)

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အန္တာတိကဒေသမှာ ခပ်ငယ်ငယ် ပင်ဂွင်းလေး သုံးကောင်ဟာ သူတို့ပင်ဂွင်းတွေရဲ့ မရပ်မနား ခရီးရှည်ကြီးကို မေးခွန်းထုတ်ဖြစ်ခဲ့ကြပါတယ်။ မမျှော်လင့်ပဲ အဲဒီခရီးရှည်ကြီးမှာ ပင်ဂွင်းငှက်ဥလေး တစ်ခုကို ပြန်လိုက်ယူရင်း ဖျံအုပ်တစ်အုပ်နဲ့ ရင်ဆိုင်တွေ့ခဲ့ရပါတယ်။ ဒီပင်ဂွင်းဥလေးကနေ Skipper ၊ Kowalski နဲ့ Rico တို့ရဲ့ ဘော်ဒါ ဖြစ်လာမယ့် Private ပေါက်ဖွားလာပြီး သူတို့ ၄ ကောင်လည်း အန္တာတိကတိုက်ကနေ ဝေးရာကို ရေခဲတုံးတစ်ခုနဲ့ အတူ လွင့်မျောသွားခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခု ကြာပြီးနောက်ပိုင်း Madagascar 3: Europe's Most Wanted ဇာတ်လမ်းအပြီးမှာ ပင်ဂွင်းတွေဟာ အမေရိကရဲ့ အလုံခြုံဆုံး ဖြစ်တဲ့ Fort Knox ကို ချိုးဖောက်ဝင်ရောက်ပြီး Private ရဲ့ မွေးနေ့လက်ဆောင်ဆီ သွားကြပါတယ်။ Private ရဲ့ မွေးနေ့လက်ဆောင်ဟာ …

Read More »

You’re Not You ( 2014)

ALS လို့ခေါ်တဲ့ အာရုံကြောတဖြည်းဖြည်းချို့ယွင်းလာတဲ့ရောဂါတစ်မျိုး ခံစားနေရတဲ့ ကိတ် (Kate) က ယခင်က ချောမောထက်မြက်တဲ့ နံမည်ရနေတဲ့ စန္ဒယားပညာရှင် တစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူ အီဗန် (Evan ) ကလည်း အောင်မြင်တဲ့စီးပွားရေးသမားဖြစ်ကာ အများကအားကျရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်သူ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ တဖြည်းဖြည်းဆိုးလာတဲ့ရောဂါကြောင့် ကိုယ်တိုင်လှုပ်ရှုားသွားလာမှ မပြုနိုင်တဲ့အတွက် အီဗန်နဲ့ သူနာပြုတွေရဲ့ အကူအညီနဲ့နေနေရတဲ့အတွက် ကိတ်ကလောကကြီးကို မကျေမနပ်ဖြစ်နေပါတယ်။ သူနာပြုကိုလည်း ကိုယ့်ကိုယ်ကို လူမမာလိုခံစားရတယ်လို့ဆိုတာ အလုပ်ထုတ်လိုက်ပါတယ်။ ရေချိုး အလှပြင်တာကအစ အီဗန်ကလုပ်ပေးနေရတဲ့အတွက် နောက်ထပ် သူနာပြုတစ်ယောက်ထပ်ငှားရန် အင်တာဗျူးလုပ်တဲ့အခါ ဘ၀ကိုအလေးအနက်မထားပဲ လေလွင့်နေတဲ့ ကောလိပ်ကျောင်းသူ ဘက် ( Bec) ကို သဘောကျသွားပါတယ်။ အီဗန်က တားနေတဲ့ကြားက ခန့်ခဲ့တဲ့ ဘက်က အစမ်းခန့်တဲ့နေ့မှာတင် ပညာပြပါတယ်။ အလုပ်ကိုနောက်ကျမှရောက်တယ် ၊ ကိတ်အတွက်အစားအသောက်ကိုလည်း ညစ်ညစ်ပတ်ပတ်ပြင်ပေးတယ်၊ ရေချိုးခန်းကို လိုက်ပို့တာတောင် ကိတ်ကိုချော်လဲစေတဲ့အတွက် အီဗန်က ဒေါသထွက်ပြီး ဘက်ကို အလုပ်ဖြုတ်ဖို့ပြောပေမယ့် ကိတ်က စိတ်ရှည်ရှည်နဲ့ ဘက်ကို ပြုပြင်ယူပါတယ်။ …

Read More »